Wild Rift မှာ Zoe ကို ဘယ်လို counter ရမလဲ

0
183

How to Counter Zoe in Wild Rift

Zoe သည် ပြီးခဲ့သည့် ဇန်နဝါရီလ 12, 2023 တွင် သူမ၏ ကြားဖြတ်စွန့်စားခန်းများမှ ပြန်လာခဲ့ပြီး Wild Rift servers များတလျောက်ဖြန့်ကျက်ပြီး ကျီစယ်ဆော့ကစားခဲ့ပါတယ်။ ဤအပျော်တမ်း mage ပေါက်စလေးသည် ပြင်းထန်တဲ့ လက်သီးကဲ့သို့ ခွန်အားကြီးပြီး သူမရဲ့အားအပြည့်သွင်းထားသည့် Paddle Star ဖြင့် သင် ထိမိဘူးပါက၊ သူမအား ပေါ့ပေါ့ဆဆ မထားသင့်သည်ကို သင်သိထားကောင်းသိထားနိုင်ပါတယ်။

Zoe ရဲ့ kit သည် သူမအား အခြားကမ္ဘာ damage များကို ပေးနေစဉ် သူမအား တိုက်ပွဲတွင်းသို့ အဝင်အထွက်ပြုလုပ်စေနိုင်ပါတယ်။ သို့ရာတွင်၊ သူမတွင် ယုံကြည်စိတ်ချရသော လွတ်မြောက်ရန် mechanism မရှိသည့်အပြင် သူမ combos တွေအကုန်သုံးပြီးနောက်မှာ လွယ်ကူသောပစ်မှတ်ဖြစ်လာနိုင်ပါတယ်။ Zoe နှင့်အတူ lane ထိန်းနေပါက သူမရဲ့၏ ဦးဆုံး combo မှာ ကူညီပေးနိုင်သည့် Skills များနှင့် items များ လိုအပ်ပါတယ်။ Gap closer နှင့် Crowd Control Champions တွေက သူမအား လုံးဝ အသုံးမဝင်အောင်ပြုလုပ်ဖို့အတွက်အသုံးပြုနိုင်ပါတယ်။

Wild Rift Zoe 2

Zoe နှင့် ယှဉ်ပြိုင်‌ဆော့ကစားရာတွင် အကောင်းဆုံး picks များ

Wild Rift Yasuo x Zoe

  • Yasuo – Paddle Star ကတော့ Zoe ရဲ့ အကြီးမားဆုံး ခွန်အားဖြစ်ပါတယ်၊ သို့သော် ၎င်းကို setup ချရန် ရှည်လျားတာကတော့သည် အားနည်းချက်တစ်ခု ဖြစ်စေပါတယ်။ ၎င်းသည် Zoe ၏ လှုပ်ရှားမှုများဖြင့် ချိတ်ညှိပြီး ပေါင်းစပ်ထားကာ ရှောင်တိမ်းရန် လွယ်ကူစေပါတယ်။ Paddle Star ကိုတွေ့သောအခါတွင် သင်၏ Wind Wall ကို ချက်ချင်းထုတ်လိုက်ပါ၊ ထို့နောက် သူမ၏ skills များ cooldown ဖြစ်နေချိန်တွင် Sweeping Blade ဖြင့် လိုက်သတ်နိုင်ပါတယ်။ 
  • Orianna – Ball ရဲ့ Crowd Control effects များသည် Zoe ၏အဝင်အထွက်စတိုင်နှင့် ကောင်းစွာအလုပ်လုပ်ပါတယ်။ သူမထွက်မပြေးနိုင်စေရန် Zoe ရဲ့ Portal Jump spawn point တွင် ထားရှိပြီး သူမသင်နှင့် နောက်တစ်ကြိမ် ထိပ်တိုက်တွေ့သည့်အခါတွင် သူမ သေချာပေါက် နှစ်ခါစဉ်းစားနေနောဖြစ်ပါတယ်။ 
  • Blitzcrank – ကောင်းစွာဂိမ်းတစ်ခုရနေသော Zoe သည် ရန်သူ Champions ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ပြီး Blitzcrank ကိုတော့သတ်နိုင်မှာမဟုတ်ပဘူး။ သူ၏ Passive, Mana Barrier သည် သူ၏ health  35% ကျဆင်းသွားသည်နှင့် သူ့အတွက် shield တစ်ခုကို ပတ်ပေးမှာဖြစ်ပါတယ်။ ဒါက သူ့ကို Zoe ရဲ့ ပြင်းထန်တဲ့ ထိုးနှက်ချက်တွေကို ရှင်သန်နိုင်စေပြီး တန်ပြန်တိုက်စစ်ကို စတင်နိုင်စေပါတယ်တယ်။ Rocket Grab ဖြင့်လည်း Zoe ကို တိုက်ပွဲထဲသို့ ဆွဲသွင်းနိုင်ပါတယ်။ 

Zoe ကို counter ရန်အကောင်းဆုံး items များ

  • Mercury’s Treads – +40 Movement Speed၊ +10 Magic ResistanceCrowd Control effects များ၏ကြာချိန်ကို လျှော့ချပေးပါတယ်။ 3 စက္ကန့်ကြာ movement speed ကို 15% တိုးပေးပါတယ်။
  • Stasis Enchant – သင့်အား Stasis တွင် 2.5 စက္ကန့်ကြာ ထားပေးကာ သင့်ကိုယ်သင် ချိန်ရွယ်၍မရပြီး invulnerable ဖြစ်စေမှာဖြစ်သော်လည်း လှုပ်ရှားနိုင်ခြင်း ၊ basic attacks များလုပ်ခြင်း၊ abilities များ သုံးခြင်း သို့မဟုတ် item ဖွင့်ခြင်း သို့မဟုတ် summoner spell တစ်ခုခုကို အသုံးပြုခြင်း တွေကိုတော့ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။
  • Quicksilver Enchant – Crowd Control effects အားလုံးကို ဖယ်ရှားပြီး 50% Movement Speed ကို 1.5 စက္ကန့်ပေးသည်။
  • Maw of Malmortius – +45 Attack Damage၊ +10 Ability Haste၊ +45 Magic Resistance။ သင့်ရဲ့ health 35% သို့မဟုတ် အောက်သို့ကျဆင်းသွားသည့်အခါ 350 Magic Damage ကို စုပ်ယူနိုင်သော shield တစ်ခုကို အလိုအလျောက်ရရှိမှာဖြစ်ပါတယ်။
  • Banshee’s Veil – +75 Ability Power၊ +15 Ability Haste၊ +40 Magic Resistance၊ နောက်ထပ်ရန်သူ၏ ability ကိုပိတ်ဆို့သည့် Spell Shield ကိုပေးပါတယ်။

အကြံပြုချက်များ

  • Zoe ရဲ့ ချိန်ကိုက်အသုံးပြုမှုကို ကိုခန့်မှန်းရန်ပြောရန်အမြဲသတိထားပါ။ သူမ၏ Paddle Star ကို စစ်မြေပြင်တွင် နေရာချထားလိုက်သည်နှင့် မကြာမီ တိုက်ခိုက်မှာဖြစ်ပါတယ်။
  • spell က သင့်ကို အဆုံးသတ်နိုင်တဲ့ spell ဖြစ်နိုင်သောကြောင့် သင့်အကွာအဝေးမှာ‌နေပြီး Sleepy Trouble Bubble ကိုရှောင်တိမ်းပါ။ 
  • သင့် health bar ကိုလျော့ဖို့ သူမကိုအခွင့်အရေးမပေးပါနဲ့။ အတင်းဝင်မချနိုင်ရင် သူမရဲ့ ဝေးဝေးမှာနေပါ။
  • Zoe သည် minion waves များကို အမြန်ရှင်းလင်း နိုင်ပါတယ်။ သူမစောင့်နေချိန်မှာ push ဖို့ထက် တခြား objectives တွေဆီ ဦးတည်လုပ်ဆောင်တာက အကောင်းဆုံးပါပဲ။

Zoe နဲ့ နောက်တစ်ကြိမ် ထိပ်တိုက်တွေ့ဆုံဖို့ သင်အဆင်သင့်ဖြစ်နေတယ်လို့ ထင်ပါသလား? ဤဗျူဟာများကို သင်မစမ်းမီ၊ Codashop တွင်သာ သင့်ရဲ့ Wild Cores ကိုဖြည့်သွင်းရန် မမေ့ပါနှင့်။ ဂိမ်းကစားခြင်း အတွေ့အကြုံအတွက် ဘေးကင်းပြီး အဆင်ပြေသော ဖြည့်သွင်းမှုများကို ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေပါတယ်။ 

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here