Codashop ရဲ့ Telegram ကို Join ပြီး ဖုန်းဘေလ်လက်ဆောင်ရယူပါ!

0
1639
Codashop Telegram Giveaway
ဒီအစီအစဥ်ကတော့ Codashop ရဲ့ တရားဝင် Telegram Channel ကို Join ပြီး ဖုန်းဘေလ်ကံထူးနိုင်မယ့်အစီအစဥ်ပဲဖြစ်ပါတယ်။ Codashop နဲ့ပက်သက်တဲ့အကြောင်းတွေ၊ ဂိမ်းတွေနဲ့ပက်သက်တဲ့ Update တွေသိနိုင်ဖို့ အခုပဲ Join ထားလိုက်ပါ! 

ဒီအစီအစဥ်မှာပါဝင်ဖို့ ဘာတွေလုပ်ရမလဲ?

👉 Codashop ရဲ့ တရားဝင် Telegram Channel သို့သွားပါ။
👉 Codashop Myanmar ဆိုတဲ့ Channel ကိုတွေ့ရင် Join Channel လုပ်ပြီး Screenshot ရိုက်လိုက်ပါ။
👉 ထို Screenshot နဲ့အတူ ကိုယ့်ရဲ့ Telegram User Name ကို ဒီကြေညာပိုစ့်ရဲ့အောက်မှာ ကောမင့်ပေးလိုက်ပါ။

 

🎁 လက်ဆောင်ကံထူးသူရွေးချယ်ခြင်း

စည်းကမ်းချက်များနဲ့အညီပါဝင်တဲ့ဘော်ဒါတွေထဲက (၂၀)ဦးကို မဲနှိုက်ရွေးချယ်ပြီး ဖုန်းဘေလ် (၅,၀၀၀)ကျပ်စီ လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ 

 

📅 အချိန်အကန့်အသတ်

၂၀၂၂၊ ဖေဖော်ဝါရီ (၁၈) မှ မတ် (၃) အထိ

 

🎁 လက်ဆောင်ကံထူးကြေညာခြင်းနှင့် လက်ဆောင်ထုတ်ယူခြင်း

ဖုန်းဘေလ် (၅,၀၀၀)ကျပ်ကံထူးတဲ့ ဘော်ဒါအယောက် (၂၀)ရဲ့ Facebook အကောင့်ကို Codashop Facebook Page မှတစ်ဆင့် ကြေညာပေးမှာဖြစ်ပါတယ်။ 

 

ဖုန်းဘေလ်ကံထူးတဲ့ဘော်ဒါတွေက ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို Codashop Facebook Page Messenger သို့ ကံထူးသူကြေညာပြီး (၂) ပတ်အတွင်းပေးပို့ထားရမှာဖြစ်ပြီး (၂)ပတ်ထက်ကျော်လွန်ပြီး ဖုန်းနံပါတ်မပေးပို့ပါက ဖုန်းဘေလ်ထုတ်ယူခွင့်မရှိတော့ပါ။ 

စည်းမျဥ်းစည်းကမ်းများ 

  1. ဤအစီအစဉ်တွင် Codashop Myanmar မှဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။
  2. ဤအစီအစဥ်မှရရှိမည့် ဆုလက်ဆောင်ကို ငွေသားဖြင့်လဲလှယ်ခြင်း၊ အခြားသူများကို ပြန်လည်ရောင်းချခြင်းမပြုလုပ်ရ။ 
  3. ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
  4. အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar ၏အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
  5. အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here