Codashop Facebook Top Fan Giveaway!

5
1530
Codashop Facebook Top Fan Giveaway

Codashop ရဲ့ Facebook Page က ဘော်ဒါတွေတောင်းဆိုချက်အရ Top Fan Giveaway လာပါပြီ!

အခုပဲ Codashop MM Facebook Page မှာ Top Fan ဖြစ်ပြီး Giveaway မှာပါဝင်လိုက်ပါ! 

ဘယ်လိုပါဝင်ရမလဲ?

ဤ Giveaway ကြေညာသောပိုစ့်အောက်မှာ #CodashopTopFan ဆိုပြီးကောမင့်ပေးလိုက်ပါ။

Top Fan ဖြစ်ပြီးသားဆိုရင်တော့ Deadline ရောက်တဲ့အချိန်အထိ Top Fan ဖြစ်အောင်ဆက်ပြီးထိန်းထားပါ။

Top Fan မဖြစ်သေးဘူးဆိုရင်တော့ Deadline မတိုင်ခင်အတွင်း Top Fan ဖြစ်အောင်ကြိုးစားလိုက်ပါ။

Deadline ကဘယ်နေ့လဲ?

ဒီနေ့ကစလို့ တစ်ပတ်အကြာ၊ မတ်လ(၃)ရက်နေ့ဖြစ်ပါတယ်။

ဘယ်လိုရွေးချယ်မှာလဲ?

Deadline နေ့မှာ Top Fan ဖြစ်နေတဲ့သူတွေထဲက (၁၀)ယောက်ကို မဲနှိုက်ရွေးချယ်ပြီး လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

ဘာလက်ဆောင်ပေးမှာလဲ?

ကံထူးသူ (၁၀)ယောက်က (၅,၀၀၀)ဖိုး Codashop မှာဝယ်ယူခွင့်ရမှာဖြစ်ပါတယ်။

မှတ်ချက်။     ။Codashop Website အတွင်းဝယ်ယူခြင်းအတွက်သာ

Top Fan ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ?

Facebook Page တစ်ခုရဲ့ Top Fan ဖြစ်ဖို့ဆိုရင် ထို Page မှာ Active ဖြစ်နေရမှာဖြစ်ပါတယ်။ ပိုစ့်တွေကို လိုက်ခ်လုပ်တာ၊ ကောမင့်တွေပေးတာ၊ ရှယ်တာ၊ Video တွေကြည့်တာ စတာမျိုးတွေလုပ်ပေးခြင်းဖြင့် Active နေမယ်ဆိုရင် Top Fan ဖြစ်နိုင်ချေအများကြီးရှိပါတယ်။

လက်ဆောင်ကံထူးကြေညာခြင်းနှင့် လက်ဆောင်ထုတ်ယူခြင်း

လက်ဆောင်ကံထူးတဲ့ ဘော်ဒါ(၁၀)ယောက်ရဲ့ Facebook အကောင့်ကို Codashop Facebook Page မှတစ်ဆင့် ကြေညာပေးမှာဖြစ်ပါတယ်။

လက်ဆောင်ကံထူးတဲ့ဘော်ဒါတွေက (၅,၀၀၀)ကျပ်ဖိုး Codashop မှ ဝယ်ယူလိုသော ဂိမ်းအမည်နှင့် Account ID ကို Codashop Facebook Page Messenger သို့ ကံထူးသူကြေညာပြီး (၂) ပတ်အတွင်းပေးပို့ထားရမှာဖြစ်ပြီး (၂)ပတ်ထက်ကျော်လွန်ပြီး မပေးပို့ပါက လက်ဆောင်ကိုပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်သည်။

စည်းမျဥ်းစည်းကမ်းများ 

  1. ဤအစီအစဉ်တွင် Codashop Myanmar မှဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။
  2. ဤအစီအစဥ်မှရရှိမည့် ဆုလက်ဆောင်ကို ငွေသားဖြင့်လဲလှယ်ခြင်း၊ အခြားသူများကို ပြန်လည်ရောင်းချခြင်းမပြုလုပ်ရ။ 
  3. ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
  4. အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar ၏အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
  5. အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

5 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here