Starlight Member Ship အတွက်ပိုက်ဆံ သုံးရတာတန်ရဲ့လား ?

2
3938

Mobile Legends ကစားရင်းနဲ့ ကိုယ့်အတွက်အမြတ်ရအောင် ဘယ်သူတွေယူချင်ကြလဲ ဗျို့  ? Starlight Member ဆိုတာနဲ့ ကောရင်းနှီးကြတဲ့ ဘော်ဒါတွေရှိလားဗျို့။ PHP 500 က ဘော်ဒါတို့ ကစားနေတဲ့ တိုက်ပွဲလမ်းခရီးမှာ အထောက်အပံ့ ဖြစ်မယ်လို့ ထင်ခဲ့ဖူးလား? တစ်ကယ်အထောက်အပံ့ ဖြစ်မဖြစ် သိနိုင်ဖို့ကို အခုပဲ အဖြေရှာကြည့်လိုက်ရအောင်။

Mobile Legends မှာပါဝင်တဲ့ အရာတွေကတော့ – မတူညီတဲ့ တိုက်ခိုက်စွမ်းရည်ရှိတဲ့ Hero တွေပါဝင်တဲ့အပြင် နိုင်ငံအ၀ှမ်း ဒေသအသီးသီးမှာရှိတဲ့ ဒဏ္ဍာရီလာ ဇာတ်ကောင်တွေလည်းပါဝင်တာကြောင့် ဒီဂိမ်းဟာ ကစားသူတွေကို စိတ်လှုပ်ရှားစေတဲ့ ဂိမ်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားတွေ ကလည်း တဖြည်းဖြည်းနဲ့ဂိမ်းတွင်းမှာရှိတဲ့ ဇာတ်ကောင်တွေနဲ့ တိုက်ပွဲဝင်နိုင်တဲ့စွမ်းရည်တိုးတက်မှုတွေကိုပိုမိုလိုလား လာကြပါတယ်။

ဂိမ်းထဲမှာကစားသမားတွေကို သူတို့ရွေးချယ်ထားတဲ့ ဇာတ်ကောင်တွေကို အဆင့်မြှင့်နိုင်အောင်ဆွဲဆောင်ထားတဲ့ Battle Spell တွေလည်းရှိပါတယ်။  ဟိုးအရင်က လူအများကြီးပါဝင်ကစားခဲ့ရတဲ့ Hack-and-slash ဂိမ်းကို ပြန်ရှာတွေ့သလိုပဲ Mobile Legends ဆိုတဲ့ဂိမ်းကို နှစ်တစ်ခု အကြာမှာပြန်ရှာတွေ့ခဲ့ပါတယ်။ Classic နဲ့ အရင်စတင်ပွဲထွက်ပြီး အသင်းဖော်အားလုံးနဲ့အတူတူ Ranked ပွဲစဉ်တွေအထိယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ရိုးရိုး Warrior ကနေ Legend ဖြစ်လာဖို့အတွက် ကြိုးစားလိုက်ရအောင်။ Mythic Level ထိသွားဖို့အတွက်ပေါ့။

အဲဒီနောက်မှာတော့ ပိုပြီးတော့ ရန်သူတိုင်းကကြောက်ရတဲ့ တိုက်ခိုက်ရေးသမားဖြစ်လာဖို့အတွက်လိုအပ်တယ်လို့ခံစားမိလာပါတယ်။ အဖွဲ့ ၀င်ငါးယောက်စာရင်းထဲကနေ သီးခြားခွဲထွက်ပြီး တစ်ခြားအသင်းဖော်တွေကိုအထောက်အပံ့ပေးနိုင်တဲ့ သူတစ်ယောက်အနေနဲ့ ဖြစ်လာို့လိုပါတယ်။ ဒါပေမယ့် Estes နဲ့ Angela တို့ရဲ့  အခြေခံကျတဲ့ Stunner ကိုမြင်လိုက်ရတဲ့ အခါကျတော့ ငြီးငွေ့ စရာကောင်းလှပါတယ်။

Star Power. Skin Savers

Starlight Member ဆိုတာ Mobile Legends ရဲ့ တစ်လ သက်တမ်းရှိတဲ့ အသင်းဝင်ကြေးပေးရတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ပုံမှန် Starlight Member ဖြစ်ဖို့အတွက် စိန် အလုံး 385 လုံးဖြစ်ဖို့လိုအပ်ပြီးတော့ Starlight Member Plus ဖြစ်ဖို့အတွက်ဆိုရင်တော့ စိန်အလုံး 770 ပိုင်ဆိုင်ထားဖို့လိုပါတယ်။ 

ဒီတော့ မင်းမှာ အပို Php 500 ရှိတယ်ဆိုရင် Codashop မှာဒီလို ပိုနေတဲ့ Php 500 ကိုပြန်သွင်းလိုက်မယ်ဆိုရင် စိန်အလုံး 570 ကို Codashop ကနေ မင်းကိုပြန်လည်ပေးသွားမှာဖြစ်ပြီးတော့ Starlight Member ဖြစ်ဖို့အတွက် ရက်ပေါင်း ၃၁ ရက်ပေးပါလိမ့်မယ်။ ဒါတွေတင်ဘယ်ကလည်း Level 60 အထိလည်းမြှင့်တင်နိုင်ပါသေးတယ်။

Starlight ရဲ့   တစ်လတာ လစဉ်သီးသန့် Skin : ဒီလို Starlight သီးသန့် Skin ဆိုတာ ရှားရှားပါးပါးအရာပါပဲ။ ဒီလို Skin တွေကိုတော့ တစ်နှစ်လောက်ကြာပြီးမှသာ ဆိုင်မှာရယူနိုင်ပါတယ်။ 

အပတ်စဉ် အခမဲ့ Heroes များ : Ling Hero ကိုမှလိုချင်ပါတယ်ဆိုပြီး အိမ်မက်ထဲမှာတောင်ထည့်ပြီးမက်ဖူးသေးလား? Alice နဲ့ သူ့  ရဲ့ အလင်းရောင်ပါဝါတွေရယ် နောက်ပြီးတော့

တစ်ခြားရန်သူတွေကိုရော တစ်ခါတည်းအပြတ်ရှင်းဖို့စိတ်ကူးဖူးလား ? ဒီလိုစိတ်ကူးဖူးတယ်ဆိုရင်တော့ အပတ်စဉ်အခမဲ့ Hero တွေထွက်တဲ့အခါ ရယူပိုင်ဆိုင်ဖို့သာ ချက်ခြင်း

ပြင်ထားလိုက်ပါ။

အပတ်စဉ် အခမဲ့ Skin များ : Saber’s Lethal Flying Sword ရဲ့   မတူညီတဲ့ Fullmetal Ronin ၀တ်စုံကို ကြည့်ကြည့်ပါ။ ဒါ့အပြင် တစ်ခါတစ်လေမှာ နာမည်ကြီး Hero တစ်ကောင်ဖြစ်တဲ့ Zilong ရဲ့ ခမ်းနားထည်ဝါတဲ့ သံချပ်ကာ Skin တွေကိုလည်းမြင်နိုင်ပါသေးတယ်။ အမျိုးမျိုးသော Hero တွေကိုအခြေခံပြီး Skin အသစ်တွေရဲ့  စွမ်းအားကိုမြင်တွေ့နိုင်ပါလိမ့်မယ်။ 

သီးသန့် ရုပ်ဘောင်များ : ပုံမှန်သီးသန့်  ရုပ်ဘောင်တွေကိုအသုံးပြုရတာရိုးနေပြီလား ? ဒီတော့ ခပ်မိုက်မိုက် သီးသန့်ရုပ်ဘောင်တွေကိုရယူပြီး ကိုယ့်ရဲ့   Profile မှာအလန်း

လေးတွေထားလိုက်ရအောင်။ 

အပတ်စဉ် ဆုများ : တိုက်ပွဲကနေ ရာနဲ့ ချီတဲ့ Magic Dust တွေကိုအမှတ်တရ အဖြစ်ထုတ်ယူနိုင်ပါတယ်။ ဒါ့အပြင် ရှားပါးတဲ့ မီးနဂါးဘုရင်မ Karrie ရဲ့ Skin ဒါမှမဟုတ် Gusion ရဲ့   Skin ကိုလည်းရယူနိုင်ပါတယ်။ ဒါတွေတင်ဘယ်ကမလည်း Double BP Cards နဲ့ Magic Wheel Potion ကိုလည်းကိုလည်း ရယူနိုင်ပါသေးတယ်။

အဆင့်မြင့် ရေကန်ဆုများ : ဒီဆုမှာပါဝင်တာကတော့ အလှည့်ကျ Permanent Skin ဖြစ်ပြီး ဒါ့အပြင် Star Protection Card နဲ့ Free Battle Emote တို့လည်းပါဝင်ပါတယ်။

တစ်ကယ်လို့သင်က ပိုပြီးတော့မြင့်မားတဲ့ Level ကိုသွားချင်တယ်ဆိုရင်တော့ ဂိမ်းမှာအပြောင်းအလဲဖြစ်ဖို့အတွက် Starlight Member Plus ကိုအသုံးပြုသင့်ပါတယ်။

Points 2900 ကိုသာအသုံးပြုမယ်ဆိုရင်တော့ Level မြှင့်တဲ့ အခါမှာပိုပြီးတော့မြန်ဆန်စေပါတယ်။ Starlight Gem 3 ခုကိုစုဆောင်းပြီးတာနဲ့ Belerics ရဲ့သတ္ထုပုံစံ Torch Guardian ကိုအလဲအလှယ်အနေနဲ့ အသုံးပြုပါ။ Helcurt ရဲ့  Ice Scythe Skin ဟာ တစ်ကယ်ကိုမိုက်လွန်းတာကြောင့် ကစားသမားတိုင်းက သဘောကျ

ပါတယ်။

မြင့်မြတ်တဲ့ရုပ်ထု : Level 60 ကိုရောက်သွားမယ်ဆိုရင်တော့ ဒီရုပ်ထုတွေဟာသင်အကြိုက်ဆုံး Heroes တွေအဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။

အဓိကကျတဲ့အချက်ကတော့ သင့်ကို ဂိမ်းထဲမှာ ကြယ်ငါးပွင့် အပိုဆုအနေနဲ့ ပေးထားတာပဲဖြစ်ပါတယ်။

Starlight Member အတွက်လစဉ်ကြေးကိုပုံမှန်ပေးသွင်းပြီး ဆုတွေအားလုံကိုရယူလိုက်ပါ။ 

အပိုဆုကို ရယူဖို့အတွက်အကြံပေးချင်တာကတော့ သင့်ရဲ့ ပထမဆုံး ၀ယ်ယူမှုမှာ 30% လျှော့ဈေးကိုရယူလိုက်ပါတယ်။ ပြီးရင်တော့ ပွဲတစ်ခုလုပ်တိုင်းမှာ လျှော့ဈေး ကူပွန်

ရရှိမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ နောက်ထပ် သက်တမ်းတိုးလိုက်တဲ့အခါ 20% လျှော့ဈေးကိုရရှိလိုက်ပါတယ်။

ပိုက်ဆံ ပေးရတာ ထိုက်တန်မှုရှိရဲ့လား ? 

ဒီလိုမျိုးတွေးမိတယ်ဆိုတဲ့ သူတွေကို ပြန်ပြောပြချင်တာကတော့ ” တန်ပါတယ်” ဆိုတာပါပဲ။ ကစားသမားတိုင်းရဲ့   အဓိက ရည်ရွယ်ချက်ကတော့ တိုက်ပွဲအတွင်းမှာ First Blood ရရှိဖို့  နဲ့  Skin အလန်းစားရရှိဖို့ပဲဖြစ်ပါတယ်။ Skin အသစ်ဆိုတာရဲ့  အဓိပ္ပာယ်ကတော့ ထွက်ရှိပြီးသား Skin အဟောင်းတွေရဲ့  စွမ်းဆောင်မှုနဲ့ မတူပဲလုံးဝ ကွဲပြားနေတာကိုဆိုလိုပါတယ်။ ဒီလို Skin တွေကိုပိုင်ဆိုင်ရခြင်းက ဂိမ်းတစ်ခုရဲ့  လုပ်ဆောင်နိုင်စွမ်းကို အမြင့်ဆုံးကို ဖန်တီးပေးနိုင်ပါတယ်။ တိုက်ပွဲ အတွင်းမှာ အသင်း ၂ ခုလုံးကို အပြိုင်အဆိုင် 

ဖြစ်စေတဲ့အပြင် ပိုမိုပြီးတော့ သက်ဝင်စေပါတယ်။ ဒါ့အပြင် ဖက်ရှင်အနေနဲ့လည်း Heroes ၀တ်စုံ မျိုးစုံရှိတာကြောင့် ပိုပြီးတော့မိုက်စေပါတယ်။ 

ဒီတော့ ဘယ်သူတွေက ဒီလိုလှပတဲ့ Skin တွေကိုရယူချင်နေကြလဲ ? Skin စုဆောင်းတဲ့သူတွေပဲပေါ့ သူတို့တွေက သီးသန့် Skin အသစ်ထွက်တယ်ဆိုရင်တောင် လက်လွှတ်

ခံချင်ကြတဲ့သူတွေမဟုတ်ပါဘူး။ ဒီလို Skin တွေကို စုဆောင်းတဲ့အခါမှာ ဆိုင်ကနေ ၀ယ်ရတဲ့နေဈးက သင့်အနေနဲ့ ပုံမှန် Starlight Member ဖြစ်ရင် ရနိုင်မယ့် ဈေးနဲ့အတူတူပဲ

ဖြစ်ပါတယ်။ ဒီတော့ဘာလို့ Skin တစ်ခုချင်းစီကိုစုဆောင်းနေမလဲ ? 

Star Protection Points တွေဟာ Rank Games တွေအတွက်အထောက်အကူဖြစ်စေပါတယ်။ ဒီ Points တွေက သင့်ရဲ့  အရင်

ပွဲတွေမှာကစားတုန်းက ဆုံးရှုံးသွားတဲ့ ကြယ်တွေကို save ဖြစ်စေပါတယ်။ လူတိုင်းကတော့ ဂိမ်းကစားတဲ့အချိန်က မကြိုက်ပါဘူး 

အဆိုးဆုံးကတော့ ကြယ် ၁ ပွင့်ကနေ ၂ ပွင့် Rank Games တွေမှာကျသွားတာကိုဘယ်သူမှမကြိုပ်ပါဘူး။ အပိုအနေနဲ့ ပါတဲ့

Battle Points တွေကို သင့်အနေနဲ့ Hero အသစ်ဒါမှမဟုတ် Emblem တွေကိုအဆင့်မြှင့်တင်တဲ့ အချိန်ေ

တွမှာ အသုံးဝင်စေပါတယ်။ တစ်ခြားအသုံးဝင်တာတွေကတော့ သင်ပိုင်ဆိုင်ထားတဲ့ Hero ကိုအစွမ်းအထက်ဆုံး Hero အဖြစ်ရောက်ရှိစေနိုင်တာဖြစ်ပါတယ်။

ကစားသမားတွေဟာ Skin တွေကိုဝယ်ယူအသုံးပြုသူတွေဖြစ်တာကြောင့်သူတို့ကိုင်ထားတဲ့ Hero ဇာတ်ကောင်တွေကို အမြဲလိုလို

Level နောက်တစ်ဆင့်ရောက်ရှိစေချင်ကြမှာဖြစ်ပါတယ်။ ဒီတော့ ဒီလိုကစားသမားတွေအတွက် Starlgiht Member အဖြစ်ဝင်ထားခြင်းက ငွေကြေးအရကြည့်မယ်ဆိုရင်တော့ပိုပြီးတန်စေပါတယ်။ Starlight မျာဈေးသက်သာတဲ့ Bundles တွေလည်းရှိပါတယ်။ဒါပေမယ့်ဘယ်လိုဟာဝယ်ဝယ်ပါ အကျိုးသက်ရောက်မှုရှိတာကတော့ ၃၁ ရက်အတွင်းသာဖြစ်ပါတယ်။

အမျှော်အမြင်ရှိရှိနဲ့ သာ သုံးမယ်ဆိုရင်တော့ ဒီ Starlight ကတော်တော်အသုံးဝင်စေပါတယ်။ Starlight Member တစ်ယောက်ရဲ့ 

အသင်းဝင်ကြေးဟာ ဂိမ်းကိုအဆင့်မြှင့်တင်တဲ့အခါ အကူအညီဖြစ်စေပါတယ် ဘယ်လိုမျိုးလည်းဆိုတော့ Hero အသစ် , Skin အသစ် နဲ့ Events အသစ်တွေမှာဖြစ်ပါတယ်။

BUY APP & GAME VOUCHER ONLINE

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here