Mobile Legends ဂိမ်းမှာအနိုင်ရနိုင်မယ့် နည်းဗျူဟာများ

1
6784

Mobile Legends Game မှာ အနိုင်ရချင် တယ်ဆိုရင်တော့ ရန်သူတွေကိုသတ်နိုင်ရုံတင်မဟုတ်ပဲ Hero တစ်ကောင်ချင်းစီရဲ့  လုပ်ဆောင်ချက်တွေနဲ့ သူတို့ရဲ့  အဓိက Role ကိုဘယ်လိုမြှင့်တင်ရမလဲ တစ်ယောက်ချင်းစီရဲ့ ကစားပုံကို ဘယ်လိုထပ်ပြီးတော့ ဖြည့်ပေးရမလဲဆိုတာကို 

ဂိမ်းကစားသူတိုင်းသိဖို့လိုအပ်ပါတယ်။ ရန်သူရဲ့ လှုပ်ရှားမှုတွေကို အမြဲမပြတ်စောင့်ကြည့်ပြီးတော့ ကစားဖော်တွေကို ဘယ်လိုအချိန်မှာ ကူညီရမလည်းဆိုတာကို ဆုံးဖြတ်ပြီးတော့ မြေပုံကိုတော့ အမြဲတမ်းစောင့်ကြည့်ရပါမယ်။

ဒါ့အပြင် Buff တွေကို ဘယ်အချိန်မှာ ဘယ်လိုသုံးမလည်းဆိုတာကိုလည်း သေသေချာချာသိအောင်ပြုလုပ်နိုင်ဖို့လိုအပ်ပါသေးတယ်။ 

Marksman ကစားနည်း 

Marksman တစ်ကောင်အတွက်အရေးအကြီးဆုံးကတော့ Farming အပိုင်းလို့ခေါ်တဲ့ ရန်သူကို အာရုံနောက်အောင်လုပ်တာ ၊ အနှောင့်အယှက်ပေးတာ စတဲ့အပိုင်းကိုပိုပြီးတော့ အဓိကထားပြီးကစားသင့်ပါတယ်။ Marksman တွေရဲ့ Jungle Item အဆင့်၃ က ပိုပြီးမြင့်မားတဲ့ 

အတွေ့အကြုံကိုရရှိစေပါတယ်။ဒါကြောင့် ကစားပွဲတစ်ခုမှာပွဲအစပိုင်းကတည်းက သေသေချာချာ ကစားထားမယ်ဆိုရင်တော့ ပွဲတစ်ပွဲရဲ့   အဖြေကိုအပြောင်းအလဲဖြစ်စေနိုင်သလို ဦးဆောင်နိုင်ခွင့်ရရှိစေမှာလည်းဖြစ်ပါတယ်။ နေရာတစ်နေရာရဲ့   အရေးပါမှုကလည်း ပွဲအဖြေကိုအပြောင်းအလဲ ဖြစ်စေတယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။

Tank ကစားနည်း 

Tank တစ်ယောက်ရဲ့ တာဝန်ဟာ battle မှာ ရန်သူ damage ကို့အသင်းသားတွေ အစား ဒိုင်ခံ ခံပေး သင့်တဲ့ အပြင် တစ်ဖက် ဖိုက်တာတွေ ပစ်ကောင် တွေ ကို့ ကို target ထားပြီး တိုက်ခိုက်လာအောင် Battle မစ ခင် ရှေ့ဆုံးကနေ အာရုံ နောက်ပေးသင့်ပါတယ် ။ Tank ကိုင်ပြီး ထိုင် မ Farm သင့်တာ မှန်ပေ့မယ့် ကို့အတွက် လိုအပ်တဲ့ item မရခင်တော့ပွဲအစပိုင်းမှာ နည်းနည်း Farm သင့်ပါတယ လိုအပ်တဲ့ item အနည်းငယ် ရပြီးဆိုတာနဲ့ battle ဖြစ်တဲ့နေရာတိုင်းကို ရှေ့ဆုံး က ဦးဆောင် တိုက်ပေးဖို့ လိုပါတယ်။ Tank Heroတစ်ကောင် ကိုသာ ကောင်းကောင်း လေ့ကျင့်ထားရုံနဲ့ ကို့အသင်းသားတွေ သာ ညီညွှတ်ခဲ့ရင် နိုင်ပွဲ ရယူဖို့ အခွင့်အလမ်းများစေမှာပါ ။

Support ကစားနည်း

    Support အပိုင်းကတော့ ရန်သူများကို စိတ်အနှောင့်အယှက်ဖြစ်အောင် တိုက်ခိုက်ပြီး ထိထိရောက်ရောက် ပျက်စီးစေတာဖြစ်ပါတယ်။ Battle အတွင်းမှာ Team တစ်ခုလုံးကို ကြာရှည် ခံနိုင်ရည် ရှိအောင် Healing လုပ်နိုင်ခြင်းက မရှိမဖြစ် လိုအပ်တဲ့အပြင်  Movement speed ပိုတိုးထားခြင်းက Crowd ကို ထိန်းချုပ် ရှောင်ရှားနိုင်ပြီး Mages မှာ Spell Casting သုံးရာတွင် ပြီးပြည့်စုံသော အချိန်ကိုက်မှု ရှိမှသာ တိုက်ပွဲအရှိန် နှင့် ကျဆုံးသူအရေအတွက် ကို ကာကွယ် နိုင်မှာဖြစ်ပါတယ်။

င်္Fighter ကစားနည်း 

င်္Figher ကတော့ Mobile Legens ဂိမ်းတွေထဲမှာ လူတော်တော်များများ သဘောကျတဲ့ Role တစ်ခုလို့ပြောနိုင်ပါတယ်။ Fighter Role မှာရှိတဲ့ Hero တွေဟာ ခုတ်ချက်ကလည်းမြန် Farm လို့လည်းကောင်းတဲ့အပြင် Damage လည်းများများထွက်တာကြောင့် လူအများစုက ဒီ Role ကိုင်ပြီး ကစားကြပါတယ်။ တစ်ချို့   Figher Hero တွေက 

Item တွေစုံသွားတဲ့အခါမှာ တစ်ယောက်ချင်း ပြိုင်ခုတ်နိုင်တဲ့အထိ ကြမ်းရမ်းနိုင်တဲ့ Role လည်းဖြစ်ပါတယ်။ ဒီတော့ ဘော်ဒါတို့အနေနဲ့  Figher Hero ကိုင်မယ်ဆိုရင်တော့ Item တွေအကုန်မရသေးခင်မှာ တိုက်ပွဲမှာ Battle မဆိုင်သေးပဲ Farming ကိုပိုပြီးတော့ ဦးစားပေးသင့်ပါတယ်။ စစချင်းမှာ Battle ဆိုင်တာတွေကိုရှောင်ပြီးတော့ Marksman နဲ့  Mage တွေကိုဦးစားပေးတိုက်ခိုက်ရမှာဖြစ်ပါတယ်။ ဖိုက်တာရဲ့  အဓိက အားနည်းချက်တွေကတော့ ပွဲအစပိုင်းတွေမျာအရမ်းကြမ်းတာမျိုးမလုပ်နိုင်သေးတာပဲဖြစ်ပါတယ်။ အဲလိုအချိန်တွေမှာ တစ်ဖက်အသင်းမှာပါတဲ့ Mage နဲ့ Marksman တွေ တိုက်တာကို တတ်နိုင်သလောက် မထိအောင် ရှောင်ကစားနိုင်ရင်တော့ အဆင်

ပြေမှာဖြစ်ပါတယ်။

ကိုယ်နဲ့ ကစားတဲ့ အသင်းဖော်တွေက Mobile Legends ရဲ့   Role တစ်ခုချင်းစီကို ကောင်းကောင်းနားလည်သဘောပေါက်လာပြီဆိုရင်တော့ နောက်တစ်ဆင့် အနေနဲ့ ကိုယ်ကိုင်ထားတဲ့ Hero တွေကိုလေ့ ကျင့်ပြီးအဆင့်မြှင့်တင်သင့်ပါတယ်။ Hero တစ်ဦးတည်းအပေါ်ကို အာရုံစိုက်ပြီး နည်းဗျူဟာချတဲ့ပုံစံကို Funneling ဒါမှမဟုတ် 1-3-1 လို့ခေါ်ပါတယ်။ Hero ကိုသတ်မှတ်ထားသော လမ်းကြောင်းပေါ်မှာပဲ နေရာချဖို့လိုအပ်ပါတယ်။ 

Tank ကိုင်မယ်ဆိုရင်တော့ အလယ်လမ်းနဲ့ မရှိမဖြစ်လိုအပ်တဲ့ လမ်းကြောင်းတွေကိုအထောက်အပံ့ပေးပါလိမ့်မယ်။ဒါ့အပြင် လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေနဲ့ လက်နက်တွေကို

ဝယ်ယူနိုင်ဖို့အတွက်ရွှေကိုရအောင်စုဆောင်းရပါမယ်။တောတွင်းမှာရှိတဲ့အကောင်တွေကိုရှာဖွေပြီးတိုက်ခိုက်တာကတော့ အဓိကအစီအစဉ်တစ်ခုထဲပါဝင်ပါတယ်။ ဒါမှသာ မိမိကိုင်တဲ့ Hero ရဲ့ Level ကိုတက်စေပြီးတော့ လိုအပ်တဲ့လက်နက်တွေကိုစုဆောင်းနိုင်မှာဖြစ်ပါတယ်။ ရန်သူ့နယ်မြေထဲကိုကျုးကျော်ပြီး ရန်သူဘက်က Buff တွေကိုခိုးယူပြီး ရွှေတွေကိုစုဆောင်းနိုင်ပါတယ်။ ကျန်ရှိနေသေးတဲ့ Fighter နှစ်ယောက်ကတော့ offlanes တွေကို

လှည့်လည်ပြီး တိုက်ပွဲကိုအနိုင်ရစေဖို့အတွက် တွန်းအားပေးပါတယ်။ ဒီလို Fighter နှစ်ယောက်လှည့်လည်ပြီးသွားနေတာဟာ တိုက်ခိုက်ပွဲကွင်းပြင်မှာ ရန်သူနဲ့တွေ့တာနဲ့ တိုက်ခိုက်ဖို့ကိုအဆင်သင့်အနေအထားဖြစ်စေပါတယ်။

ဒီနည်းလမ်းကိုအလုပ်ဖြစ်စေချင်တယ်ဆိုရင်တော့ ကစားပွဲမှာပါဝင်တဲ့ကစားသမားအားလုံး အနေနဲ့

တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မိမိရှိဖို့လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အချိတ်အဆက်မိမိနဲ့ကစားနိုင်မှသာ နိုင်ပွဲ

ကိုရယူနိုင်မှာဖြစ်ပါတယ်။ ဒီတော့ အကောင်းဆုံး Hero တွေကို အသင်းအဖွဲ့မှာ ပေါင်းစည်းနိုင်ဖို့အတွက် ပွဲမကစားခင် Hero ရွေးတဲ့အချိန်မှာကတည်းက ကြိုတင်ညှိနှိုင်းထား

ဖို့လိုပါတယ်။

Granger Hero ဒါမှမဟုတ် Karrie ဒါမှမဟုတ် Ling ကိုကိုင်ဖို့အတွက်အကြံပေးချင်ပါတယ်။ ဒီ Hero တွေနဲ့ Diggie , X-Borg, Khufra ဒါမှမဟုတ် Hylos တို့ကိုပေါင်းစည်း

လိုက်မယ်ဆိုရင်တော့ ပွဲအဖြေက မှန်းလို့မရနိုင်တဲ့ ရလာဒ်ကောင်းတွေထွက်လာမှာပါ။

ကစားတဲ့သူတွေအနေနဲ့ ကိုယ်ရွေးချယ်လိုက်တဲ့ Hero အပေါ်မှာနားလည်ပြီး ကိုင်တွယ်တတ်ဖို့လိုအပ်ပါတယ်။တစ်ကယ်လို့ ကိုယ်သိပ်မကျွမ်းကျင်တဲ့ Hero ကိုပွဲစဉ်တစ်ခုမှာ

အသုံးပြုလိုက်မိရင်လည်း အကြမ်းဖျင်းအနေနဲ့ တပ်ဆင်သင့်တဲ့လက်နက်ကို ရှာဖွေပြီးနားလည်ဖို့လိုပါတယ်။ဒါမှသာ ကစားတဲ့အခါ အသေအပျောက်နည်းပါးပြီး Level ကိုလည်းတစ်ခဏလေးအတွင်း

မြင့်စေပါတယ်။ ဒီတော့ နာမည်ကြီးထိပ်တန်းကစားသမားတွေရဲ့ ဂိမ်း Live Stream တွေကိုကြည့်ရှုပြီး သူတို့ဘယ်လိုကစားလည်းဆိုတာကိုလေ့လာပြီးကြည့်သင့်ပါတယ်။

ဒါ့အပြင်ကစားသမားတွေဟာ ဂိမ်းကစားနေတဲ့အချိန်အတွင်းမှာလည်းပျော်ရွှင်ဖို့လိုအပ်ပါတယ်။Tigeral ကို ကစားတဲ့ပွဲစဉ်အတွင်းမှာ ကိုင်တွယ်မယ်ဆိုရင်တော့ အောင်ပွဲခံနိုင်ပါစေဗျာ။

BUY APP & GAME VOUCHER ONLINE

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here