GamesFree FireLifeAfterMobile LegendsPromoVALORANT မေလ Promotion မှာ MLBB နဲ့ အခြားသတ်မှတ်ထားသော ဂိမ်းများအတွက်ဝယ်ယူပြီး အလန်းစားဆုလက်ဆောင်တွေ ကံစမ်းလိုက်ပါ! By gumjala - May 9, 2022 4 18263 FacebookTwitterPinterestWhatsApp Codashop ရဲ့ မေလ Promotion မှာ MLBB၊ VALORANT၊ Free Fire နဲ့ LifeAfter ဂိမ်းတွေအတွက် (၅,၀၀၀)ကျပ်ဖိုးနဲ့အထက် ငွေဖြည့်ပြီး အလန်းစားဆုလက်ဆောင်တွေ ကံထူးနိုင်ပါပြီ။ စဥ်ဆုလက်ဆောင်အရေအတွက်၁Samsung Galaxy A73(5G)(၂) ဆု၂ရန်ကုန်မြို့ရှိ 4 Star ဟော်တယ်တွင် (၁) ရက်တာ လူ (၂)ဦးစာ Staycation တည်းခိုခွင့်(၅) ဆု၃Burmese Dream Giftset(Australian Pink Clay Mask နဲ့ Liquid Lipstick (၂)ခုစီ ပါဝင်သည်)(၁၀) ဆု ပရိုမိုးရှင်းအစီအစဥ်တွင်ပါဝင်ရန်Codashop တွင် MLBB စိန်၊ VALORANT Points၊ Free Fire စိန် နှင့် LifeAfter Credits များကို မည်သည့်ငွေပေးချေမှုနှုင့်မဆို အနည်းဆုံး (၅,၀၀၀)ကျပ်ဖိုးနှင့်အထက် ဝယ်ယူလျှင် ဤပရိုမိုးရှင်းအစီအစဥ်၌ ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ငွေပေးချေရာတွင် အီးမေးလ်လိပ်စာကို မဖြစ်မနေ ထည့်ပေးရပါမည်။ အီးမေးလ်လိပ်စာထည့်သွင်းပြီး အောင်မြင်စွာဝယ်ယူထားသည့် ဝယ်ယူမှုများသာ ယခုအစီအစဥ်တွင် အကျုံးဝင်မည်ဖြစ်ပါသည်။အီးမေးလ်လိပ်စာဖြည့်သွင်းပြီး (၅,၀၀၀)ကျပ်ဖိုးနှင့်အထက် အောင်မြင်စွာဝယ်ယူထားသော Transaction တစ်ခုစီအတွက် ကံစမ်းခွင့်ကို ရရှိနိုင်မည်ဖြစ်ပါသည်။ ဥပမာ သင်သည် ပရိုမိုးရှင်းကာလအတွင်း MLBB စိန် (၅,၀၀၀)ကျပ်ဖိုး နှင့် Free Fire စိန် (၈,၀၀၀)ကျပ်ဖိုးစီ ဝယ်ယူလျှင် သင်၌ ကံစမ်းခွင့် (၂)ကြိမ်ရရှိမည်ဖြစ်သည်။ MLBB စိန် ဝယ်ယူပြီး ကံစမ်းမဲတွင် ပါဝင်ရန် ဒီမှာနှိပ်ပါ! VALORANT Points ဝယ်ယူပြီး ကံစမ်းမဲတွင် ပါဝင်ရန် ဒီမှာနှိပ်ပါ! Free Fire စိန် ဝယ်ယူပြီး ကံစမ်းမဲတွင် ပါဝင်ရန် ဒီမှာနှိပ်ပါ! LifeAfter Credits ဝယ်ယူပြီး ကံစမ်းမဲတွင် ပါဝင်ရန် ဒီမှာနှိပ်ပါ! ပရိုမိုးရှင်းကာလ၂၀၂၂၊ မေလ (၉) ရက်နေ့မှ (၃၁) ရက်နေ့အတွင်း ဝယ်ယူမှုများအတွက်သာ အကျုံးဝင်သည်။ဆုလက်ဆောင်ရရှိသူ စိစစ်ရွေးချယ်ခြင်းနှင့် ကြေညာခြင်းဝယ်ယူသူများထဲမှ ကံထူးရှင်များကို Codashop Myanmar မှ မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်သည်။ကံထူးရှင်များကို Codashop Myanmar ၏ တရားဝင် ဖေ့ဘွတ်စာမျက်နှာ မှတဆင့် ဇွန်လ (၃၀)ရက်နေ့ထက် နောက်မကျဘဲ ကြေညာပေးသွားမည် ဖြစ်ပါသည်။ကံထူးရှင်များကို ဝယ်ယူရာတွင် ထည့်သွင်းခဲ့သည့်အီးမေးလ်လိပ်စာများ(တစ်စိတ်တစ်ပိုင်းဖုံးကွယ်ထားမည်) ဖြင့် ကံထူးရှင်များကို ကြေညာမည်ဖြစ်ပြီး ထို အီးမေးလ်လိပ်စာများမှတစ်ဆင့်သာ ဆက်သွယ် အကြောင်းကြား ပေးသွားမည်ဖြစ်ပါသည်။ကံထူးရှင်သည် ကံထူးရှင်ကြေညာသောနေ့မှစပြီး (၂) ပတ်အတွင်း Codashop မှ ဆက်သွယ် အကြောင်းကြားထားသော အီးမေးလ်ကို အကြောင်းပြန်ပေးရမည်ဖြစ်ပါသည်။ အကြောင်းမပြန်ပါက ဆုလက်ဆောင်ကို ရုပ်သိမ်းသွားမည်ဖြစ်ပါသည်။ ထိုအီးမေးလ်မှတစ်ဆင့် ဆုလက်ဆောင်ရယူရန် အဆင့်ဆင့်ကို ပြန်လည်ဆက်သွယ်သွားမည်ဖြစ်သည်။ဆုလက်ဆောင်များကို ငွေသားဖြင့်လဲလှယ်ခြင်း၊ အခြားအမျိုးအစားဖြင့်လဲလှယ်ခြင်း၊ အခြားသူများထံသို့ တစ်ဆင့်ခံပေးပို့ခြင်းများကို လက်ခံမည် မဟုတ်ပါ။အချို့သော ကံစမ်းမဲပစ္စည်းများကို ပို့ဆောင်ရာတွင် ဆုံးရှုံးခြင်း (သို့) ပျက်စီးခြင်းများအတွက် Codashop မှ တာ၀န်ယူမည် မဟုတ်ပါ။စည်းမျဥ်းစည်းကမ်းများပရိုမိုးရှင်းအစီအစဉ်တွင် နေထိုင်ရာနိုင်ငံသား မဟုတ်သူများ နှင့် နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရတားမြစ်ထားသူများ ပါဝင်ခွင့်မရှိပါ။အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေပေးမှု ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများ၏ PIN (သို့မဟုတ်) OTP များကို မေးမြန်းခြင်းပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။ယခုအစီအစဥ်တွင် ပါဝင်ထားသောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။ဤအစီအစဥ်တွင် Codashop Myanmar နှင့် အခြားသော မိတ်ဖက်ကုမ္ပဏီများမှ ဝန်ထမ်းများပါဝင်ခွင့်မရှိပါ။အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို Codashop Myanmar မှ လိုအပ်သလို အချိန်မရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက သို့ အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ အထက်ဖော်ပြပါ ပရိုမိုးရှင်းတွင် ဆုလက်ဆောင်ကံထူးသူများ ဆုလက်ဆောင်ကံထူးသူများကို Codashop Facebook Page မှာလည်း ကြေညာထားပါတယ်။ (ဒီပိုစ့်မှာကြေညာထားပါတယ်)ကံထူးသူများကို Email ပို့ပြီးအကြောင်းကြားထားပြီးဖြစ်တဲ့အတွက် ထို Email မှတစ်ဆင့် အကြောင်းပြန်ပေးရမှာဖြစ်ပါတယ်။ BUY APP & GAME VOUCHER ONLINE More games & apps
May
I’ll play
I’m play to game
hi