Mothers’ Day မှာ အမေ့အတွက် Burmese Dream Gift Set ကံစမ်းလိုက်ပါ!

0
310
Mothers' Day Burmese Dream Giveaway

မိခင်ဆိုတာ သားသမီးတိုင်းအတွက်တော့ ဟီးရိုးတစ်ယောက်ပါပဲ။ ကျွန်တော်တို့ ဂိမ်းတွေထဲက ဟီးရိုးတွေမှာ Ultimate Skill (အာတီ) တွေရှိသလိုပဲ မိခင်တိုင်းမှာလည်း ထူးချွန်ပြောင်မြောက်တဲ့ စွမ်းရည်တွေကိုယ်စီရှိကြပါတယ်။

💛💛💛

ဒီအစီအစဥ်ကတော့ ကိုယ်မေမေရဲ့ အတော်ဆုံးစွမ်းရည်တစ်ခုအကြောင်းကို အစီအစဥ်ကြေညာထားသော Facebook Post အောက်က Comment မှာ Sharing လုပ်ရင်း မေမေ့အတွက် Burmese Dream Gift Set ကံထူးနိုင်မယ့်အစီအစဥ်ဖြစ်ပါတယ်။ ဒီ Burmese Dream Gift Set မှာဆိုရင် Australian Pink Clay Mask နဲ့ A Chit Liquid Lipstick (၂)ခုစီ ပါဝင်မှာဖြစ်ပါတယ်။

ဘယ်လိုပါဝင်ရမလဲ?

အစီအစဥ်ကြေညာထားသော Facebook Post အောက်က Comment မှာ ကိုယ့်မေမေရဲ့ အတော်ဆုံးစွမ်းရည်တစ်ခုအကြောင်းကို  Sharing လုပ်ပါ။

ဘယ်နေ့အတွင်းပါဝင်လို့ရလဲ?

ဒီအစီအစဥ်ကို ၂၀၂၂၊ မေလ (၈) ရက်နေ့မှ မေလ (၁၄) ရက်နေ့အထိ ပါဝင်နိုင်မှာဖြစ်ပါတယ်။

ဘယ်လိုရွေးချယ်မှာလဲ?

စည်းမျဥ်းစည်းကမ်းနဲ့အညီ ပါဝင်တဲ့သူတွေထဲက (၁၀)ယောက်ကို Codashop Myanmar မှ တာဝန်ရှိသူများက မဲနှိုက်ရွေးချယ်မှာဖြစ်ပါတယ်။

ဘာလက်ဆောင်ပေးမှာလဲ?

Australian Pink Clay Mask နဲ့ A Chit Liquid Lipstick (၂)ခုစီ ပါဝင်တဲ့ Burmese Dream Gift Set တစ်ခုစီ (စုစုပေါင်း ၁၀ ခု) လက်ဆောင်ရရှိမှာဖြစ်ပါတယ်။

စည်းမျဥ်းစည်းကမ်းများ 

  1. ဤအစီအစဉ်တွင် Codashop Myanmar မှဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။
  2. ဤအစီအစဥ်မှရရှိမည့် ဆုလက်ဆောင်ကို ငွေသားဖြင့်လဲလှယ်ခြင်း၊ အခြားသူများကို ပြန်လည်ရောင်းချခြင်း မပြုလုပ်ရ။ Codashop Myanmar မှသိရှိခဲ့လျှင် ဆုလက်ဆောင်ကို ရုတ်သိမ်းခွင့်ရှိသည်။ 
  3. ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
  4. အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar ၏အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။ 
  5. အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here