Poke Fun with Free Fire Emotes (And How to Obtain Them)

0
279

Free Fire Emotes

Garena ကတော့ Free Fire ကို Action စွန့်စားမှုတွေနဲ့ အမြဲပြည့်နေအောင် ပစ္စည်းတွေ၊ Cosmetic တွေ အစုံနဲ့ လူတွေကို စိတ်လှူပ်ရှားအောင် အရမ်းလုပ်တတ်ပါတယ်။ Skin ဒီဇိုင်းတွေကနေ Character ပရိုဖိုင်တွေအပြင် တိရစ္ဆာန်လေးတွေ၊ ဂိမ်းကစားပုံတွေအထိ အရမ်းလိုက်ဖက်ပါတယ်။ ဒါ့အပြင် Battle ထဲမှာပိုပျော်ဖို့ကောင်းအောင် “Emotes” လေးတွေလည်းထည့်ထားပါတယ်။ အဖွဲ့၀င်တွေ ရန်သူတွေနဲ့အတူ Emotes တွေအသုံးပြုပြီး ပျော်စရာအနေနဲ့ စနောက်လို့ရအောင်လို့ပါ။ ဒီတစ်ခါ အထူးဂရုပြုထားတာကတော့ ဒီ​ Emotes တွေကို ဘယ်လိုအသုံးပြုရမလဲပေါ့။ 

Free Fire ထဲက Emotes ဆိုတာဘာလဲ?

Emotes in Free Fire

Free Fire ကစားသမားတွေက Emotes တွေကို အပျော်အပျက်အနေနဲ့ အသုံးပြုသလို အဖွဲ့၀င်တွေ အခြားကစားသမားတွေနဲ့ အတူ စကားပြောဖို့ အသုံးပြုကြပါတယ်။ Emotes တွေကို Celebrate ဖို့ အသုံးပြုသလို Battle မှာ ဆရာကြီးဖြစ်ကြောင်းပြနိုင်ဖို့လည်းသုံးပါတယ်။ ငါနိုင်ပြီဆိုပြီး ကပြလို့ရတာပေါ့။ Battle မှာလဲ Emotes တွေ အသုံးပြုပြီး ရန်သူတွေကို လှောင်ပြောင်နိုင်ပါတယ်နော်။ 

ဂိမ်းထဲမှာ Emote ပေါင်း (၆၃) ခုလောက်ရှိပါတယ်။ နာမည်ကြီးတဲ့ အက တွေဖြစ်တဲ့ Baby Shark ၊ Jaguar Dance နဲ့ Arm Wave တွေလဲပါ၀င်ပါတယ်။ အခြား Skill တွေဖြစ်တဲ့ Top Scorer နဲ့ Kongfu တွေ လဲပါပါတယ်။ One Punch ကို အခြေပြုထားတဲ့ အရမ်းမိုက်တဲ့ “I’m Saitama” နှင့် ချစ်စရာကောင်းတဲ့ Doggie (Pet Shiba လေးအပါအ၀င်) လေးလဲပါပါတယ်။ ရှားပါးပြီး မိုက်တဲ့ Emote တွေကတော့ Pirate’s Flag တို့ LOL တို့ဖြစ်ပါတယ်။

အောက်ပါဇယား ကတော့ OB27 update ကနေ ယခု အခမဲ့ ရရှိနိုင်တဲ့ Free Fire Emotes တွေ စရင်းဘဲဖြစ်ပါတယ်။

Yellow

Let’s Go Pirate’s Flag I heart you Make It Rain
Flowers of Love Top DJ Tea Time Captain Booyah
FFWC Throne Power of money Doggie Booyah!
Selfie Eat my dust I’m Rich! I’m Saitama!
Obliteration

 

Pink

LOL Provoke Chicken Shoot Dance
Baby Shark Mummy Dance Push-Up Shuffling
Dragon Fist Dangerous Game Jaguar Dance Threaten
Shake With Me Devil’s Move Furious Move Moon Flip
Wiggle Walk Battle Dance High Five Shake It Up
Glorious Spin Crane Kick Party Dance Jig Dance
Soul Shaking Death Glare Break Dance Kongfu
Bon Appetit Aim, fire! The Swan Bring It On!
Why? Oh Why? Fancy Hands Shimmy Challenge On!
Lasso Dust Off Piece of Cake The Victor
Sii! Top Scorer

 

Blue

Hello! Applause Dab Arm Wave

 

Emotes တွေကို ဘယ်လို တက်ဆင်ကမလဲ?

ကစားသမားတွေက Emote ၈ ခု အထိ အသုံးပြုနိုင်ပြီး ဂိမ်းထဲမှာ သူတို့ကြိုက်သလို ပြောင်းလည်းနိုင်ပါတယ်။ Emote ကို ထည့်ဖို့ : 

Equip Emotes

၁။ “Collection” ကို သွားပါ။

၂။ “Emote” ကို နှိပ်ပါ။

၃။ “Emote tab” မှာ လွတ်နေတဲ့ အကွက်လေးကို နှိပ်ပါ။

၄။ မိမိကြိုက်နှစ်သက်တဲ့ Emote ကို ရွေးပြီး ထည့်နိုင်ပါတယ်။

Emote ကို ပြောင်းချင်တယ် ဆိုရင်တော့ Emote အသစ်ထည့်သလိုမျိုးဘဲဖြစ်ပြီး သင်ထည့်ချင်တဲ့ Emote အကွက်ကို နှိပ်ပြီး မိမိကြိုက်တဲ့ Emote ကို ရွေးပါ။

Free Fire တွင် Emote တွေကို အခမဲ့ ရရှိနည်း

Emotes တွေကို နည်းနည်းတော့ စျေးကြီးလို့ Event အချိန်မှာ လျော့စျေးနဲ့ ၀ယ်ယူနိုင်ပါတယ်။ ဒါတွေကတော့ Free Fire မှာ Emote တွေ ဘယ်လို ရနိုင်မလဲဆိုတဲ့ နည်းတွေပါ။ 

Store မှ

Obtain Emotes in Free Fire

Store မှ Emotes တွေကို သင်၀ယ်ယူနိုင်မှာဖြစ်ပြီး တစ်ချို့ Emote တွေကတော့ အမြဲ၀ယ်ယူနေနိုင်ပြီး တစ်ချို့ကတော့ Limited အချိန်မှာဘဲရရှိမှာပါ။ Store မှ Collaction Tab ကို နှိပ်ပြီး Emote ပုံလေးကို နှိပ်ပါ။ သူတို့ကတော့ Diamon ၂၉၉ – ၆၉၉ လောက်ထိတန်ဖိုးရှိနိုင်ပါတယ်။ တစ်ချို့ အချိန်အကန့်အသတ်နဲ့ စျေးချချိန်တွေကိုလဲ စောင့်ပြီး စျေးနည်းနည်း နည်းတာနဲ့လဲ ၀ယ်ယူနိုင်ပါတယ်။ 

လက်ဆောင်ဖြင့်

သင့်သူငယ်ချင်းကို Emote နဲ့ Suprise လုပ်ချင်ရင်တော့ သူတို့ကို Gift ဆိုတာကနေ ပို့လို့ရပါတယ်။ Store ကနေဘဲ Gift Section ကို ရွေးပြီး Collection >> Emote ကို နှိပ်ပါ။ သင်ပေးချင်တဲ့ Emote ကို ရွေးပြီး “Give” ကို နှိပ်ပါ။ ထို့နောက် သင်ပေးချင်တဲ့ လူရဲ့ Player ID သို့မဟုတ် Nickname ကို မှန်ကန်စွာ​ ရေးပါ။ 

Elite Pass ဖြင့်

Emotes Via Elite Pass

သင် Elite Pass ကို ၀ယ်ယူထားလျှင် သင် Badge Count တိုးရင်း Emote တစ်ခုကို ရရှိနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ Elite Pass မှာ ပါ၀င်တဲ့ Emote က Exclusive ဖြစ်ပြီး Season ကုန်သွားတာနဲ့ ဘယ်မှာမှ ထပ်မံ ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။ 

Codashop မှာဘဲ Free Fire အကောင့်ကိုဖြည့်ဖို့ မမေ့နဲ့အုန်းနော်။ ပိုမိုမြန်ဆန် စိတ်ချရပြီး ငွေပေးချေမှု မျိုးစုံကို ရွေးချယ်နိုင်ဖို့ အာမခံပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here