Mobile Legends Starlight အသင်း၀င်ခြင်း ဆိုင်ရာလမ်းညွှန် အပြည့်အစုံ (မှု: ဧပြီ ၂၀၂၁)

0
3141

Mobile Legends ၏ Starlight အသင်းဝင်ကြေး (Subscription) ဆိုတာဘာလဲ?

Mobile Legends’ Starlight Membership (အသင်းသား) ဆိုသည်မှာ ကစားသမားများကို Starlight Points တိုးတက်မှုပေါ်မူတည်ပြီး Reward ပေးတာဘဲဖြစ်ပါတယ်။ ဒီ​ Membership ကို ၀ယ်ယူထားသူတွေကတော့ သီးသန့် Permanent Skin တွေကို ချက်ချင်းရရှိမှာဖြစ်ပြီး Premium ဆုတွေကို ရရှိမှာဖြစ်ပါတယ်။ 

Starlight Membership - MLBB

Starlight Window ကို Mobile Legends မှာဖွင့်လိုက်ရင် Free နှင့် Advanced ဆိုပြီး အတန်း နှစ်တန်းကိုတွေ့မှာဖြစ်ပါတယ်။ ကစားသမားတိုင်းကတော့ Free အတန်းက Reward တွေကို ရရှိနိုင်မှာဖြစ်ပြီး Advanced အတန်းက Reward တွေကိုတော့ Starlight နဲ့ Starlight Plus Member တွေကဘဲရရှိနိုင်မှာဖြစ်ပါတယ်။ 

Starlight Member Feature အသစ် နှင့် Better Perks

Mobile Legends (ML) ကတော့ Starlight Perks အတွက် Update အကြီးစားကြီးကို ပြုလုပ်ထားပါတယ်။ဧပြီလ ၂၀၂၁ က စတင်ပြီး Starlight Member တွေက Starlight Skin ၅ ခုထဲက ၁ ခုကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒီလအတွက် သီးသန်း Skin Reward တွေ ထက်ပိုကောင်းတာကတော့ Kagura အတွက် ရောင်စုံ Rainy Walk ဘဲဖြစ်ပါတယ်။ သူကတော့ Mobile Legends ရဲ့ လက်ရှိထိ ထုတ်လုပ်ထားတဲ့ အကောင်းဆုံး Skin တစ်ခုဖြစ်တယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။ တစ်ခြားရွေးချယ်စရာတွေကတော့ Guinevere’s Lotus ၊ Lesley’s Lethal Lady ၊  X.Borg’s Graffiti Fashion နဲ့ Esmeralda’s Cleopatra တို့ ဖြစ်ပါတယ်။ 

New Starlight Membership

ဒီထက်ကောင်းတာတွေလဲရှိပါသေးတယ်! မကြာသေးမှီကပြုလုပ်ထားတဲ့ Update ကတော့ Members တွေအနေနဲ့ အပတ်တိုင်း Hero/Skin တွေ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်​(တစ်ပတ်တစ်ခါပါဘဲ)။ Ranked Match တွေရှုံးသွားသလား? စိတ်မပူပါနဲ့။​​ Member တွေက Protection Point ၁၀ Points ကိုပိုမိုရရှိနိုင်လို့ ရှုံးတဲ့ ဒဏ်ကိုခံနိုင်မှာပါ။ Starlight Members တွေဖို့ သီးသန့် Membership Icon လေးကို လဲရရှိထားမှာဖြစ်ပါတယ်။ 

Weekly Free Heroes - MLBB

Weekly Free Skins - MLBB
Weekly Free Heroes and Skins

Starlight Member အကျိုးကျေးဇူးများ

Starlight လစဥ် သီးသန့် Permanent Skins တွေကို ရွေးချယ်နိုင်တာကလွဲလို့လဲ Starlight Member တွေဖို့ အခြား အကျိုးကျေးဇူးများစွာလဲရှိပါသေးတယ်။ အောက်ပါ စရင်း ကတော့ Starlight Member တွေရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ 

  • တစ်ပတ်ကို Hero ၆ ယောက် အသုံးပြုနိုင်ပါတယ်။
  • တစ်ပတ်ကို Skin ၆ ခု အသုံးပြုနိုင်ပါတယ်။
  • Avatar Board သီးသန်း (၃၁ ရက်) 
  • Ranked Match များရှုံးလျှင် အသုံးပြုရန် Protection Point ၁၀ Point​ရရှိခြင်း  
  • Starlight Exclusive Notification, Recall Effect and Spawn Effect
  • ပွဲတိုင်းတွင် Mastery Point ၃၀% ပိုရခြင်း
  • One-time free Mysterious Shop refresh
  • ဂိမ်းထဲက Friend List ကို မြှင့်နိုင်ခြင်း ( အယောက် ၂၀၀ အထိ)
  • ပွဲတိုင်းတွင် EXP ၁၀ % ပိုရရှိနိုင်ခြင်း
  • Starlight exclusive Profile
  • Starlight exclusive Chat Frame and Battle Emotes
  • Starlight Talent Page
  • ပွဲတိုင်းတွင် BP  ၅% ပိုရခြင်း
  • Sign-in for a previous day in the “7-Day Log-In” event

မိမိရဲ့ တိုးတက်မှုကိုကြည့်ဖို့ Tasks Tab ကို နှိပ်ပါ။ အောက်ပါ Mission များကို ပြီးဆုံးအောင်လုပ်ပြီး Starlight Scores ကို ရအောင်လုပ်ပါ။ 

Starlight Privileges Tab

Starlight Magic Fragment ၊ Gem နဲ့ Coin တစ်ခု​ရရှိတိုင်း Starlight Shop မှာ အလွန်မိုက်တဲ့ Reward တွေကို လဲလှယ်နိုင်မှာဖြစ်ပါတယ်။ 

Starlight Membership Tasks

Starlight Member & Starlight Member Plus

Starlight Member နှင့် Starlight Member Plus ကွာခြားပုံကတော့ ရိုးရှင်းပါတယ်။ Starlight Members တွေကတော့ ၂၈၀၀ Diamonds တန်ဖိုးရှိတဲ့ Rewards တွေကို ရရှိမှာဖြစ်ပါတယ်။ Starlight Member Plus ကတော့ ၆၀၀၀ Diamonds တန်ဖိုးရှိတဲ့ Rewards တွေကို ရရှိမှာပါ။ ပြီးတော့ Starlight Pass ကိုလဲ ၂၉ Level မြှင့်လို့ ရပြီး ( ၂၉၀၀ Diamond တန်ဖိုးရှိသော) Starlight Gem တွေကိုလဲ Prize Pool မှာ နဲ့​ ဒီမှာ ၂ ခုလုံး ရယူလို့ရပါတယ်။ 

Starlight Member ကို ၀ယ်ယူရတာ တန်ရဲ့လား?

တန်တာပေါ့! ပထမဆုံးအကြိမ် Starlight Member ကို ၀ယ်ယူရင် ၃၀% လျှော့စျေးနဲ့ ရရှိနိုင်ပါတယ်။ လျှော့စျေးမပါရင်တောင် ပါ၀င်တဲ့ ပစ္စည်းတွေနဲ့တင် အရမ်းတန်နေပါပြီ။ သင်ရဲ့ ရည်ရွယ်ချက်က Skin တွေနဲ့ မိုက်မိုက်နေချင်ရင်တော့ ဒီ Membership က သင့် အတွက်ပါဘဲ။  သီးသန့် Permanent Skin တွေက မျက်စိအမြင်မှာတင် လူရှိန်စေပါတယ်။ Skill Effect အသစ်တွေနဲ့ လူတွေကို ကြောက်စေပါတယ်။ ဒီဇိုင်းတွေက သေချာပြုလုပ်ထားပြီး  မော်ဒန်ခတ် ဖက်ရှင်တွေအပြင် Avant-Garde ၀တ်စုံတွေကနေ Mecha-Inspired ၀တ်စုံတွေအထိပါ၀င်ပါတယ်။ Battle မှာ သင့်ရဲ့ ပုံအသစ်ကို ကြွားနိုင်တာပေါ့နော်။  

Starlight Membership & Membership Plus

သီးသန့် Skin တွေကိုလဲ လက်မလွှတ်ချင်ဘဲ Skins တွေကို လှပဖို့ဘဲ ရယူသူတွေ အတွက်ကတော့ Starlight ကို ဘဲ​ရယူသင့်ပါတယ်။ Elite Skin တစ်ခုကို Shop ကနေ ၀ယ်ယူတာနဲ့ ရိုးရိုး Starlight ကို ရယူတာနဲ့က ဘာမှ မကွာလို့ Reward တွေ အများကြီးပါတဲ့ Bundled Set ကို ဘဲယူလိုက်တာတန်ပါတယ်။ 

သူငယ်ချင်းတစ်ယောက်ပြောဖူးသလို : “ ငါဘယ်နှစ်ခါဘဲသေသေ၊ လှလှလေးသေတာကမှတော်သေးတယ်” ဆိုဘဲ။

Star Protection Point ကတော့ Ranked Game တွေမှာ အထောက်အကူပြုပါတယ်။ သူက Star တွေကို ထိန်းနိုင်ပြီး Mythic Tier အထိ တက်ဖို့ စိတ်ကူးရှိရင်တော့ Stars တွေ မဆုံးရှုံးဖို့ အရေးကြီးပါတယ်။ လူတိုင်းက ရှုံးတာကို မကြိုက်ပါဘူး။ ပိုဆိုးတာကတော့ Stars တစ်ခု သို့မဟုတ် နှစ်ခု လောက်ရှုံးတာက အဆိုးဆုံးပါ။ တစ်ခြားထည့်နိုင်တာတွေကတော့ သင့်ရဲ့ Hero ကို ပိုမို အားကောင်းစေပါတယ်။ အကောင်းဆုံး Fighter ၊ စိတ်အချရဆုံး Tank သို့ မဟုတ် အမြဲ တူညီ မှန်ကန်တဲ့ Support တစ်ယောက် အနေနဲ့ပါ။ 

ကစားသမားတွေတိုင်းကတော့ ကိုယ့် Character ကို Level တက်စေချင်မှာပါ။ Starlight ကတော့ ဒါကို ကူညီပေးနိုင်ပါတယ်။ ပိုသေးပြီး စျေးပိုတော်တဲ့ ဂိမ်းထဲက ၀ယ်ယူနိုင်မှုတွေရှိပေမယ့် သူတို့ Effect တွေက အချိန်ပိုတိုပြီး ခဏတာမှ ၃၁ ရက်ထိ Reward တွေဘဲပေးပါတယ်။ 

အမြင်ကျယ်ကျယ်ကြည့်ကြည့်ပါ။ ဒီ​ Membership က ဂိမ်းမှာ Updated ဖြစ်နေစေပြီး Hero အသစ် ၊ Skin အသစ် ၊ Event အသစ် များလဲ ပါ၀င်ပါတယ်။  ဂိမ်းကို အသက်၀င်စေပြီး လူတိုင်းနဲ့ ကိုက်ညီပါတယ်။

Mobile Legends က Starlight Membership ကို ဘယ်လို ၀ယ်ရမလဲ?

အဆင့် ၁ ။ Codashop ရဲ့  Mobile Legends’ Starlight Member page သို့ သွားပါ။

အဆင့် ၂ ။ သင့်ရဲ့ Mobile Legends User ID ကို ရေးပါ။  (သင့်ရဲ့ User ID ကို ရှာမရဘူးလား? )

အဆင့် ၃ ။ သင်လိုချင်တဲ့ Starlight Membership ကို ရွေးပါ။ 

အဆင့် ၄ ။ သင် ကြိုက်နှစ်သက်သော ငွေပေးချေမှုကို ရွေးချယ်ပါ။ 

အဆင့် ၅ ။ သင့် ၀ယ်ယူမှုကို စစ်ဆေးပြီး “Buy Now” ခလုတ်ကို သင် အဆင်သင့် ဖြစ်လျှင်နှိပ်ပါ။ 

အဆင့် ၆ ။ ၀ယ်ယူမှုပြီးစီးစေရန် ငွေပေးချေမှု အချက်အလက်ကို ဖြည့်ပါ။ ထိုနောက် သင်လုပ်ဆောင်မှု အောင်မြင်သွားပါပြီ။ 

ကျွန်တော်တို့​ရဲ့ Blog Post မှာ သင်သိချင်တာတွေမပါလျှင် Comment မှာ မေးမြန်းထားလို့ရပါတယ်။ Coda Community မှ လူတိုင်းက ဖြေရှင်းပေးဖို့ အစဥ်အမြဲ အဆင်သင့်ပါ။ 

ပျော်ရွှင်စွာ ဂိမ်းကစားနိုင်ပါစေ!

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here