450 VALORANT Points ကံထူးဖို့ အရိပ်ကိုကြည့်ပြီး အေးဂျင့်နာမည်ခန့်မှန်းပါ

2
285

ဒီအစီအစဥ်မှာပါဝင်ဖို့

(၁) codashop_MM_official Instagram အကောင့်ကို Follow လုပ်ပြီး အစီအစဥ်ကြေညာသော Instagram ပိုစ့်ကို Like လုပ်ပါ။ 

(၂) အောက်မှာပြထားတဲ့ပုံထဲက VALORANT အေးဂျင့် (၃)ယောက်ရဲ့အရိပ်ကိုကြည့်ပြီး ဘယ်အေးဂျင့်တွေလဲဆိုတာကို Comment မှာဖြေဆိုပါ။

မှတ်ချက်။    ။မိမိကိုယ်တိုင်ထင်မြင်သောအဖြေကိုသာဖြေဆိုရမည်။ အခြားသူတို့၏အဖြေကို ကူးယူခြင်းမပြုရ။

ဆုလက်ဆောင်ရရှိသူ စိစစ်ရွေးချယ်ခြင်း

ပါဝင်ဖြေဆိုတဲ့သူတွေထဲက မှန်မှန်နဲ့ မြန်မြန်ဖြေဆိုနိုင်တဲ့သူ (၁၀)ယောက်ကို မဲနှိုက်ရွေးချယ်ပြီး  (450) VALORANT Points လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

အချိန်အကန့်အသတ်

ဒီအစီအစဥ်ကို ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့မှစပြီး စက်တင်ဘာလ(၉)ရက်နေ့အထိပါဝင်နိုင်မှာဖြစ်ပါတယ်။

စည်းမျဥ်းစည်းကမ်းများ

၁။ ဤအစီအစဉ်သည် အသက်(၁၈)နှစ်ပြည့်ပြီး မြန်မာပြည်တွင်းနေထိုင်သော မြန်မာနိုင်ငံသားများအတွက်သာ အကျုံးဝင်ပါသည်။

၂။ Codashop Myanmar မှ ဝန်ထမ်းများ အစီအစဉ်တွင် ပါဝင်ခွင့်မရှိပါ။

၃။ ဆုလက်ဆောင်ထုတ်ယူရန် ဆုလက်ဆောင်ရရှိသူကြေညာသောနေ့မှစပြီး (၁)ပတ်အတွင်း codashop_MM_official Instagram အကောင့်သို့ ဆုလက်‌ဆောင်ရရှိသူကိုယ်တိုင် မိမိရဲ့ VALORANT ID ကို ပေးပို့ထားရမှာဖြစ်ပါတယ်။ 

၄။ ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။

၅။ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။

၆။ အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here