ပရိုမိုးရှင်းအစီအစဥ်တွင်ပါဝင်ရန်
၁။ အထက်ပါပရိုမိုးရှင်းကာလအတွင်း Codashop Myanmar တွင် ကြိုက်နှစ်သက်ရာဂိမ်းအတွက် (၅,၀၀၀)ကျပ်ဖိုးနှင့်အထက်ဝယ်ယူပါ။ ငွေပေးချေရာတွင် Codashop Myanmar တွင်ရှိသော ကြိုက်နှစ်သက်ရာ ငွေပေးချေမှုကို အသုံးပြုနိုင်ပါသည်။
၂။ ငွေပေးချေရာတွင် အီးမေးလ်လိပ်စာကို မဖြစ်မနေ ထည့်ပေးရပါမည်။ အီးမေးလ်လိပ်စာထည့်သွင်းပြီး အောင်မြင်စွာဝယ်ယူထားသည့် ဝယ်ယူမှုများသာ ယခုအစီအစဥ်တွင် အကျုံးဝင်မည်ဖြစ်ပါသည်။
၃။ အီးမေးလ်လိပ်စာဖြည့်သွင်းပြီး (၅,၀၀၀)ကျပ်ဖိုးနှင့်အထက် အောင်မြင်စွာဝယ်ယူထားသော Transaction တစ်ခုစီအတွက် ကံစမ်းခွင့်ကို ရရှိနိုင်မည်ဖြစ်ပါသည်။ ဥပမာ သင်သည် ပထမအပတ်စဥ်ကာလအတွင်း Wild Rift အတွက် (၅,၀၀၀)ကျပ်ဖိုး၊ Free Fire အတွက် (၈,၀၀၀)ကျပ်ဖိုးစီ ဝယ်ယူလျှင် DXRacer Gaming Chair အတွက် ကံစမ်းခွင့် (၂)ကြိမ်ရရှိမည်ဖြစ်သည်။
ဆုလက်ဆောင်ရရှိသူ စိစစ်ရွေးချယ်ခြင်းနှင့် ကြေညာခြင်း
၁။ ကံစမ်းထားသူများထဲမှ ကံထူးရှင်များကို Codashop Myanmar မှ အပတ်စဥ် မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်သည်။
၂။ ကံထူးရှင်များကို Codashop Myanmar ၏ တရားဝင် ဖေ့ဘွတ်စာမျက်နှာမှတဆင့် အပတ်စဥ် ကြေညာပေးသွားမည်ဖြစ်ပြီး ဝယ်ယူရာတွင် ထည့်သွင်းခဲ့သည့်အီးမေးလ်လိပ်စာ (သို့) ဖုန်းနံပါတ်သို့ ဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
၃။ ကံထူးရှင်သည် ကံထူးရှင်ကြေညာသောနေ့မှစပြီး နှစ်ပတ်အတွင်း ဆုလက်ဆောင်ပို့ဆောင်ပေးရမည့် နေရပ်လိပ်စာကို အကြောင်းပြန်ပေးရမည်ဖြစ်ပါသည်။ အကြောင်းမပြန်ပါက ဆုလက်ဆောင်ကို ရုပ်သိမ်းသွားမည်ဖြစ်ပါသည်။
၄။ ဆုလက်ဆောင်များကို ကြေညာပြီး သုံးပတ်မှလေးပတ်အတွင်း ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ဆုလက်ဆောင်များကို ငွေသားဖြင့်ဖလှယ်ခြင်း၊ အခြားအမျိုးအစားဖြင့်ဖလှယ်ခြင်း၊ တစ်ဆင့်ခံပေးပို့ခြင်းများကို လက်ခံမည် မဟုတ်ပါ။
၆။ Codashop သည် ပစ္စည်းများပို့ဆောင်ရာတွင် ဆုံးရှုံးခြင်း (သို့) ပျက်စီးခြင်းအတွက်တာ၀န်ယူမည် မဟုတ်ပါ။
စည်းမျဥ်းစည်းကမ်းများ
၁။ ပရိုမိုးရှင်းအစီအစဉ်တွင် နေထိုင်ရာနိုင်ငံသား မဟုတ်သူများ နှင့် နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရတားမြစ်ထားသူများ ပါဝင်ခွင့်မရှိပါ။
၂။ ယခုအစီအစဉ်တွင်ပါဝင်နိုင်ရန် မည်သည့်အခကြေးငွေမှမလိုအပ်ပါ။ အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေပေးမှု ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများ၏ PIN (သို့မဟုတ်) OTP များကို မေးမြန်းခြင်းပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။
၄။ ယခုအစီအစဥ်တွင် ပါဝင်ထားသောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
၅။ Codashop Myanmar မှ ဝန်ထမ်းများ ယခုအစီအစဉ်တွင် ပါဝင်ခွင့်မရှိပါ။
၆။ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
၇။ ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို Codashop Myanmar မှ လိုအပ်သလို အချိန်အရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။
၈။ ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက သို့ အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
များများဝယ်လေ ဆုကြီးတွေ များများကံစမ်းနိုင်လေဆိုတော့ အခုပဲ ကြိုက်တဲ့ဂိမ်းအတွက် Codashop မှာ ဝယ်ပြီး အပါတ်စဥ် ဆုလက်ဆောင်တွေ ကံစမ်းလိုက်တော့နော်။
gave my old recharge receive date 2021.9.25
I want to join,get skin or anything.Thank
I want to join