Codashop Global Series November Wild Rift Tournament 2021 စည်းမျဥ်းစည်းကမ်းများ

0
874
CGS Wild Rift Tournament November 2021
Codashop Global Series Tournament ပြုလုပ်ရခြင်း အကြောင်းအရင်း

မြန်မာနိုင်ငံ Esport Community ကိုပိုပြီး တိုးတက်စေလိုတဲ့ ရည်ရွယ်ချက်များနဲ့ နှစ်သက်ရာ Mobile Game များကို ကစားနေကြတဲ့ လူငယ်တွေအတွက်သာမက ထိုမှတဆင့် Professional Esports Team ဖြစ်ဖို့ ကြိုးစားနေတဲ့ အသင်းငယ်တွေ ဝင်ရောက်ယှဉ်ပြိုင်လို့ရတဲ့ နေရာတစ်ခုဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ “Codashop Global Series” ဆိုပြီး Tournament ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ ပြိုင်ပွဲကို လစဉ်လတိုင်း မတူညီတဲ့ဂိမ်းတွေနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဒီလမှာကတော့ League of Legends: Wild Rift နဲ့ပါဝင်ကစားကြမှာဖြစ်ပါတယ်။

၁။ ဒီပြိုင်ပွဲဟာ မြန်မာနိုင်ငံသားများအတွက်သာ သီးသန့်ဖြစ်ပါသည်။

၂။  ပြိုင်ပွဲဝင်ကြေး – အခမဲ့

၃။ Qualifier Stage ပြိုင်ပွဲကျင်းပမည့်ရက် : ၂၇.၁၁.၂၀၂၁

၄။ Semi Final နှင့် Grand Final ပြိုင်ပွဲကျင်းပမည့်ရက် – ၂၈.၁၁.၂၀၂၁

၅။ ပြိုင်ပွဲဝင်မည့် အသင်းအားလုံးသည် ပွဲတစ်ခုချင်းစီတွင် ၃ ခါထက်ပိုပြီးတော့ Pause လုပ်ခြင်းမပြုရပါ။ Pause လုပ်သည့်အချိန်မှာလည်း ၂ မိနစ်ထက်ပို၍ ကျော်လွန်၍မရပါ။

ပြိုင်ပွဲဝင် အသင်းအဖွဲ့ ပုံစံများ
  • Qualifier Stage ပွဲစဉ်များတွင် Single Elimination တစ်ဆင့် ရှံးထွက်စနစ်နှင့် ယှဉ်ပြိုင်ရမည်။
  • Semifinal ပွဲစဉ်များကို Best of 3 ဖြင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး Grand Final ပွဲစဉ်ကို Best of 5 ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါသည်။
ပြိုင်ပွဲပုံစံအသေးစိတ်
Game Mode: Custom – Draft Pick 5v5 ယှဉ်ပြိုင်ရမည်
Lobby ထောင်ခြင်း

ပွဲစဉ်ဇယားတွင် မိမိအသင်းနှင့် တွေ့ဆုံသည့် အသင်းကို Discord Channel မှာ ကိုယ်တိုင်ရှာဖွေ ချိတ်ဆက်ရမည်၊ ပွဲစဉ်ဇယား၏ အပေါ်အသင်းသည် Lobby ထောင်ပြီး ယှဉ်ပြိုင်ရမည့် အသင်းကို Invite ရမည်။ Lobby အတွင်း ကစားသမား ၁၀ ဦးသာရှိရမည်၊ spectators နေရာတွင် မည်သူမှ မရှိရ။

Side ရွေးချယ်ခြင်း

ပွဲစဉ်ဇယား၏ အပေါ်အသင်းသည် Side ရွေးချယ်ခွင့်ရသည်။

BO3

Game 1 ပွဲစဉ်ကို ပွဲစဉ်ဇယား၏ အပေါ်အသင်းသည် Side ရွေးချယ်ခွင့်ရသည်၊ ကျန် Game ပွဲစဉ်များကို ရှုံးသည့်အသင်းမှ ရွေးချယ်ခွင့်ရသည်၊ သတ်မှတ်ထားသည့် ပြိုင်ပွဲအချိန်ထက် ၅ မိနစ်နောက်ကျပါက အရေးယူသွားမည်။

Admins မှ လိုအပ်သလို ပွဲချိန်များကို ကြိုတင်အသိပေးပြီး ပြောင်းလဲနိုင်သည်။

အဖွဲ့ စည်းမျဉ်း

အသင်း၏ လူစာရင်းသည် (Main 5 Players + Sub 1 Player) ၆ယောက်ထိ ထားနိုင်သည်၊ စာရင်းပေးထားသော လူစာရင်းနှင့်သာ ယှဉ်ပြိုင်ရမည်။ အသင်းသား (သို့) အသင်းတာဝန်ရှိသူသည် ပြိုင်ပွဲစီစဉ်သည့် Discord Channel ကို မဖြစ်မနေ ဝင်ရောက်ရမည်။

ဂိမ်းအတွင်းစည်းမျဉ်းများ

In game မှာ pause feature မရှိတာကြေင့် disconnecting ဖြစ်သွားတဲ့အခါ ရပ်ပေးလို့မရပါ၊ ဒါကြောင့် ကစားသမားများက reconnect အကောင်းဆုံးဖြစ်အောင် လုပ်ပေးထားရမည်။ Server Error တတ်ခဲ့ရင် same champion picks and bans နဲ့ ပွဲပြန်စရပါမည်။

Reporting Game Results

ပွဲပြီးရလဒ်များကို ပြိုင်ပွဲစီစဉ်သည့် Discord Channel တွင် Screenshot နှင့်အတူ ပြိုင်ပွဲစဉ် နံပါတ်ပါထည့်‌ရေးပီး အနိုင်ရရှိသည့် အသင်းမှ ပေးပို့ရမည်။ Fake Results များပို့ပေးသည့် အသင်းနှင့် အသင်းမှကစားသမားများကို ထိရောက်စွာ အရေးယူသွားမည်။

Reporting Other Teams

Coda Shop Global Series မှထုတ်ပြန်ထားသော စည်းကမ်းချက် တစုံတခု ချိုးဖောက်ခဲ့ရင်  Codashop Admin ကို ချက်ချင်း report တင်ရမည်၊ အချိန်နောက်ကျမှ report တင်လျှင် Admins Team မှ တာဝန်ယူဖြေရှင်းပေးခြင်းကို အာမမခံပါ။

ပြိုင်ပွဲ နှင့်ပတ်သတ်သော စည်းမျဉ်း ၊ စည်းကမ်းများ 

၁။ ဒီပြိုင်ပွဲဟာ မြန်မာနိုင်ငံသားများအတွက်သာ သီးသန့်ဖြစ်ပါသည်။

၂။  ပြိုင်ပွဲဝင်ကြေးမှာ အခမဲ့ဖြစ်ပါသည်။

၃။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသော အသင်းစာရင်းကို Codashop Myanmar Facebook Page တွင် ဖော်ပြပေးထားမည်ဖြစ်ပါသည်။

၄။  ကစားသမားစာရင်းသည် Codashop Global Series မှ သတ်မှတ်ထားသည့် နောက်ဆုံးရက်နောက်တွင် ပြောင်းလဲ၍ မရပါ။

၅။ အသင်းအမည်များနှင့်ကစားသမားအမည်များ အားလုံးကို ကစားရာတွင်အသုံးမပြုမီ Codashop မှအတည်ပြုရမည်။

၆။ ကစားသမားသည်  အမြင်မသင့်တော်သော in-game နာမည်အသုံးပြုထားခြင်း တွေ့ရှိပါက Codahsop Admin Team မှပြောင်းလဲဖို့ တောင်းဆိုမည်ဖြစ်ပြီး ကစားသမားဘက်က မဖြစ်မနေပြောင်းလဲပေးရမည်။

၇။ Codashop Global Series Admin များ သည် ပြိုင်ပွဲ၏မျှတမှုနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် အချိန်မရွေး စည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်စွက်ရန်အခွင့်အရေးရှိသည်။

၈။ ပြီးခဲ့သော စက်တင်ဘာ CGS ပြိုင်ပွဲတွင်အနိုင်ရရှိခဲ့သော အသင်းများဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုပါ။

၉။ Codashop Global Series ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင်းမှ Mobile Game ကစားခြင်းကိုနှစ်သက်သော လူငယ်များအတွက် ရည်ရွယ်ထားခြင်းဖြစ်ပြီး အသင်းအဖွဲ့ နှင့်ယှဉ်ပြိုင်ရသော ဂိမ်းကစားသည့်အတွေ့အကြုံကိုရရှိစေရန်ပြုလုပ်ခြင်းဖြစ်တာကြောင့် Pro-Players များ ဝင်ရောက်ယှဉ်ပြိုင်ကစားခြင်းကို ခွင့်မပြုပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here