Codashop ရဲ့ (၇) နှစ်ပြည့်ပရိုမိုးရှင်း

5
32034
Codashop 7th Anniversary Promotion

Codashop ကို အမြဲယုံကြည်စွာနဲ့ အားပေးပြီးဝယ်ယူကြတဲ့ Codashopper တွေအတွက် Codashop ရဲ့ (၇)နှစ်ပြည့် အထိမ်းအမှတ် ပရိုမိုးရှင်း အစီအစဉ်လေးလာပါပြီ။ ဒီအစီအစဉ်လေးမှာ ဂိမ်း (၇)ခုပါဝင်မှာဖြစ်ပြီး ဂိမ်းတစ်ခုချင်းစီအတွက် ကံထူးရှင် (၇)ယောက်စီနှင့် စုစုပေါင်း ကံထူးရှင် (၄၉)ယောက် ရွေးချယ်ကာ သက်ဆိုင်ရာ in-game credits လက်ဆောင်များ ပေးသွားမှာဖြစ်ပါတယ်။ 

📅 ပရိုမိုးရှင်းကာလ

နိုဝင်ဘာလ (၂၄)ရက်နေ့ မှ (၃၀)ရက်နေ့ အထိ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာပါဝင်တဲ့ ဂိမ်းတွေကတော့
  1. Mobile Legends: Bang Bang
  2. Valorant
  3. League of Legends: Wild Rift
  4. Garena Free Fire
  5. Life After
  6. Steam Wallet
  7. Zepeto တို့ဖြစ်ပါတယ်။
🎁ဆုလက်ဆောင်အဖြစ်ပေးသွားမည့် in-game credits များနှင့် ကံထူးရှင်များ

ဂိမ်းတစ်ခုချင်းစီအတွက် ကံထူးရှင် (၇)ဦးစီ၊ စုစုပေါင်း ကံထူးရှင် (၄၉)ဦး ရွေးချယ်ပေးသွားမှာဖြစ်ပြီး သက်ဆိုင်ရာ in-game credits များကို လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ 

  1. Mobile Legends ဝယ်ယူသူများ => 404 MLBB Diamonds x ကံထူးရှင် ၇ဦး
  2. Valorant ဝယ်ယူသူများ => 925 Valorant Points x ကံထူးရှင် ၇ဦး
  3. League of Legends: Wild Rift ဝယ်ယူသူများအတွက် 925 Wild Cores x ကံထူးရှင် ၇ဦး
  4. Garena Free Fire ဝယ်ယူသူများအတွက် 610 FF Diamonds x ကံထူးရှင် ၇ဦး
  5. Life After ဝယ်ယူသူများအတွက် 558 Credits x ကံထူးရှင် ၇ဦး
  6. Steam Wallet ဝယ်ယူသူများအတွက် 100 THB x ကံထူးရှင် ၇ဦး
  7. Zepeto ဝယ်ယူသူများအတွက် 60 Zems x ကံထူးရှင် ၇ဦး
💡 ပရိုမိုးရှင်းအစီအစဥ်တွင်ပါဝင်ရန်

(၁) အထက်ပါ ပရိုမိုးရှင်းကာလအတွင်း အထက်ဖော်ပြပါ ဂိမ်း (၇)ခုထဲမှ ကြိုက်နှစ်သက်ရာ in-game credits များကို ကြိုက်နှစ်သက်ရာ ငွေပေးချေမှုနဲ့ ဝယ်ယူပါ။ အနည်းဆုံးဝယ်ယူရမည့် ပမာဏကို သတ်မှတ်ထားခြင်း မရှိပါ။ 

မှတ်ချက် – Codashop Myanmar တွင် ဝယ်ယူခြင်းအတွက်သာ အကျုံးဝင်ပါသည်။ 

(၂) အထက်ဖော်ပြပါ အချက်များအတိုင်း အောင်မြင်စွာဝယ်ယူခဲ့သော ဝယ်ယူမှု transaction တစ်ခုစီအတွက် ကံစမ်းခွင့်တစ်ကြိမ်အဖြစ် ရရှိမည်ဖြစ်ပါသည်။ ဥပမာ Mobile Legends အတွက် ၅,၀၀၀ကျပ်ဖိုးဝယ်ယူပါက ကံစမ်းခွင့် တစ်ကြိမ်အဖြစ် သတ်မှတ်မည်ဖြစ်ပြီး Mobile Legends အတွက် ၁,၀၀၀ ကျပ်ဖိုးထပ်မံဝယ်ယူပါက ကံစမ်းခွင့်နောက်တစ်ကြိမ်အဖြစ်ရရှိမည်ဖြစ်ပါသည်။ စုစုပေါင်း ကံစမ်းခွင့် (၂)ကြိမ်ရရှိမည်ဖြစ်ပါသည်။ 

မှတ်ချက် – ကံစမ်းမဲလက်မှတ်များ သီးသန့်ပေးပို့ပေးသွားမည်မဟုတ်ပါ။

🔔 ဆုလက်ဆောင်ရရှိသူ စိစစ်ရွေးချယ်ခြင်းနှင့် ကြေညာခြင်း

(၁) ကံစမ်းထားသူများထဲမှ ကံထူးရှင်များကို Codashop Myanmar မှ တာဝန်ရှိသူများက မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်သည်။ 

(၂) ဝယ်ယူရာတွင် အသုံးပြုခဲ့သည့် in-game ID အကောင့်များနှင့်တကွ ကံထူးရှင်များကို ဒီဇင်ဘာလ (၇)ရက်နေ့တွင် Codashop Myanmar ၏ တရားဝင်ဖေ့ဘွတ်စာမျက်နှာ မှတဆင့် ကြေညာပေးသွားမည်ဖြစ်ပါသည်။

(၃) ကံထူးရှင်ကြေညာပြီး တစ်ပတ်အတွင်း ကံထူးရှင်များ ဝယ်ယူခဲ့သော in-game အကောင့်သို့ တိုက်ရိုက်ထည့်ပေးသွားမည်ဖြစ်ပြီး ဆုလက်ဆောင်များကို ငွေသားဖြင့်ဖလှယ်ခြင်း၊ အခြားအမျိုးအစားဖြင့်ဖလှယ်ခြင်း၊ တစ်ဆင့်ခံပေးပို့ခြင်းများကို လက်ခံမည် မဟုတ်ပါ။ 

မှတ်ချက်- 

(က) MLBB အတွက် လက်ခံရရှိမည့် စိန်ပမာဏမှာ အကောင့်အမျိုးအစားပေါ်မူတည်ပြီး ပြောင်းလဲမှုရှိနိုင်ပါသည်။ ဥပမာ non-Myanmar account ဖြစ်ပါက သတ်မှတ်ထားသော စိန်ပမာဏ အပြည့်မရခြင်းမျိုး ဖြစ်နိုင်ပါသည်။ အသေးစိတ်ကို ဒီမှာ ကြည့်နိုင်ပါသည်။

(ခ) Steam Wallet အတွက် ဘောက်ချာကုဒ်ကို ဝယ်ယူခဲ့စဥ်က အသုံးပြုခဲ့သော အီးမေးလ်လိပ်စာသို့ ကံထူးရှင်ကြေညာပြီး (၁)ပါတ်အတွင်း ပို့ပေးသွားမည်ဖြစ်ပါသည်။

❗❗❗ စည်းမျဉ်းစည်းကမ်းများ

(၁) ပရိုမိုးရှင်းအစီအစဉ်သည် မြန်မာနိုင်ငံသားများအတွက်သာ အကျုံးဝင်ပါသည်။

(၂) အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေမှု ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများထံသို့ တိုက်ရိုက် PIN ကုဒ် (သို့မဟုတ်) OTP နံပါတ်များကို မေးမြန်းခြင်း ပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ PIN ကုဒ် (သို့မဟုတ်) OTP နံပါတ်များကို မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။

(၃) ယခုအစီအစဉ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေး လုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ် မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။

(၄) ယခုအစီအစဉ်တွင် Codashop Myanmar မှ ဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။

(၅) အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။

(၆) ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို Codashop Myanmar မှ လိုအပ်သလို အချိန်အရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။

(၇) ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက (သို့) အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဆုလက်ဆောင်တွေရရှိဖို့ ခုပဲ Codashop မှာ ဝယ်ယူလိုက်ကြရအောင်!

BUY APP & GAME VOUCHER ONLINE

5 COMMENTS

  1. ကျွန်တော်သည်diaကိုဒီapp တွင်းအားပေလားတာအလွန်ကြာမြင့်နေပါပြီးepic lacelord. skin လေပေးသင့်နေပါပြီးလိုဆိုခြင်းပါတယ်

LEAVE A REPLY

Please enter your comment!
Please enter your name here