Blacklist International က M3 မှာ Onic PH ကိုလှလှပပလေး အနိုင်ယူခဲ့ပါပြီ!

1
580

M3 Grand Finals

လွန်ခဲ့တဲ့အပတ်တုန်းက စင်ကာပူနိုင်ငံရှိ Suntec Singapore Convention and Exhibition Centre မှာကျင်းပခဲ့တဲ့ Mobile Legends M3 World Championship ပြိုင်ပွဲမှာ Blacklist International က Onic PH ကို 4-0 နဲ့အနိုင်ရပြီး ချန်ပီယံဆုကိုဆွတ်ခူးခဲ့ပါတယ်။ ဒီအောင်မြင်မှုဟာဆိုရင်တော့ Lower Bracket ကနေ ကြိုးကြိုးစားစားတက်လာတဲ့ ဖိလစ်ပိုင်ချည်းဘဲပါဝင်တဲ့ ဒီအဖွဲ့အတွက်တော့ သိပ်ကိုဂုဏ်ယူဖို့ကောင်းပါတယ်။ 

M3 Champions

MLBB World Championship ဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ Blacklist International Image credit: Moonton

Lower Bracket မှ အောင်မြင်မှုခရီးစဥ်

MPLI 2021 နဲ့ MSC 2021 မှာ ဒုတိယဆုနဲ့ကျေနပ်ခဲ့ရတဲ့ Blacklist Interntaional အတွက်တော့ ဒါဟာ Comeback တစ်ခုအနေနဲ့ ဖြစ်ခဲ့ပါတယ်။ ပွဲစဥ်အစပိုင်းမှာတော့ မြောက်အမေရိကမှ Blood Thirsty Kings (BTK) ကို 3-2 နဲ့ရှုံးနိမ့်ပြီး Lower Bracket ကိုရောက်ရှိသွားပါသေးတယ်။ ဒါပေမယ့် Lower Bracket မှာ အကြိတ်အနယ်ကြိုးစားပြီး Onic Esports (2-1)၊ Keyd Stars of Brazil (3-0)၊ RRQ (3-0) နဲ့ EVOS SG (3-0) တို့ကိုအသီးသီးကျော်ဖြတ်ပြီး နောက်ဆုံးမှာ သူအရင်ဆုံး ရှုံးနိမ့်ခဲ့ရတဲ့ BTK နဲ့ပြန်တွေ့တဲ့အချိန်မှာ 3-1 နဲ့အောင်နိုင်ပြီး Final အဆင့်သို့တက်ရောက်သွားပါတော့တယ်။ 

ဖိလစ်ပိုင်နိုင်ငံသားတွေချည်းပါဝင်တဲ့ Final ပွဲစဥ်

Onic PH က Upper Bracket မှာတော်တော်လေးကောင်းခဲ့ပြီး Final မှာစောင့်နေပါတော့တယ်။ Best-of-seven ဆော့ကြရမယ့် Grand Final မှာတော့ Blacklist International က ရှိသမျှအစွမ်းတွေအကုန်ထုတ်သုံးပါတော့တယ်။ Game-1 မှာ 3-1 နဲ့ဦးဆောင်ခဲ့ပြီး Game-2 မှာတော့ 4-0 နဲ့အောင်မြင်မှုရဖို့သေချာသလောက်ရှိနေခဲ့ပါတယ်။ Game-3 မှာ 3-0 နဲ့ထပ်မံအနိုင်ရပြီးတဲ့အချိန်မှာ‌ Blacklist International ဟာချန်ပီယံဖြစ်ဖို့ တစ်မှတ်အလိုနဲ့ဦးဆောင်နေခဲ့ပါပြီ။ နောက်ဆုံး Game-4 မှာလည်း ထပ်မံအနိုင်ရပြီး ပွဲစဥ်ကိုပိတ်သိမ်းလိုက်ပါတော့တယ်။ 

Blacklist International ကလွန်ခဲ့တဲ့ ဇန်နဝါရီလက M2 မှာ အနိုင်ရခဲ့တဲ့ Bren Esports ပြီးရင်နောက်ထပ် ဖိလစ်ပိုင်အသင်းဖြစ်လာခဲ့ပါတယ်။ ဒီအသင်းက Prize Pool ဒေါ်လာ(၈)သိန်းထဲက ‌ဒေါ်လာ(၃)သိန်းကို သိမ်းပိုက်လိုက်ပြီး Kiel “Oheb” Soriano ကတော့ သူ့ရဲ့ပြောင်မြောက်တဲ့လက်စွမ်းကြောင့် MVP ရရှိသွားပါတယ်။ 

BUY APP & GAME VOUCHER ONLINE

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here