Codashop ရဲ့ နှစ်ကုန် Promotion မှာ ဆုကြီးကြီးတွေ ကံစမ်းလိုက်ပါ!

0
19588
Codashop Year End Promotion
၁။ Codashop ရဲ့ နှစ်ကုန် Promotion အစီအစဥ် ဆိုတာ ဘာလဲ။

‘‘Codashop ရဲ့ နှစ်ကုန်ပရိုးမိုးရှင်း” အစီအစဥ်  သည် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့အတွင်း Codashop Myanmar တွင် ကြိုက်နှစ်သက်ရာဂိမ်းအတွက် အများဆုံး ဝယ်ယူသူ (၁၀)‌ယောက်ကို ဆုလက်ဆောင်များပေးမည့် အထူးပရိုမိုးရှင်းအစီအစဥ်ဖြစ်ပါသည်။ ယခုအစီအစဥ်သည် Codashop Myanmar တွင်ရှိသော ဂိမ်းအားလုံးနှင့် ငွေပေးချေမှုအားလုံးအတွက်သာ အကျုံးဝင်ပါသည်။

၂။ ‘‘Codashop ရဲ့ နှစ်ကုန်ပရိုးမိုးရှင်း” အစီအစဥ် ကာလ ဘယ်လောက်ကြာမြင့်မှာလဲ။

ပရိုမိုးရှင်းအစီအစဉ်မှာ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ၊ (၂၉) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ (၉)ရက်နေ့အတွင်းဖြစ်ပါသည်။

၃။  ‘‘Codashop ရဲ့ နှစ်ကုန်ပရိုးမိုးရှင်း” အစီအစဥ်ကို ဘယ်လို ပါဝင်ရမလဲ။

(က) အထက်ပါပရိုမိုးရှင်းကာလအတွင်း Codashop Myanmar တွင် ကြိုက်နှစ်သက်ရာဂိမ်းအတွက်  ကြိုက်နှစ်သက်ရာ ငွေပေးချေမှုနှင့် ဝယ်ယူပါ။ 

(ခ) ငွေပေးချေရာတွင် အီးမေးလ်လိပ်စာကို မဖြစ်မနေ ထည့်ပေးရပါမည်။ အီးမေးလ်လိပ်စာထည့်သွင်းပြီး အောင်မြင်စွာဝယ်ယူထားသည့် ဝယ်ယူမှုများသာ ယခုအစီအစဥ်တွင် အကျုံးဝင်မည်ဖြစ်ပါသည်။

၄။ ကံထူးရှင် ဘယ်လို ရွေးချယ်မှာလဲ။

အထက်ပါအတိုင်း Codashop Myanmar တွင်ရှိသော မည်သည့်ဂိမ်းအတွက်မဆို စုစုပေါင်း အများဆုံးဝယ်ယူခဲ့သည့် ကံထူးရှင် (၁၀)ယောက်ကို ဆုလက်ဆောင်များပေးအပ်သွားမည်ဖြစ်ပါသည်။ 

၅။ ပရိုမိုးရှင်းကာလအတွင်း အသုံးပြုသူများအနေနဲ့ မည်သည့်ဆုလက်ဆောင်များ ရရှိနိုင်မည်နည်း။

အများဆုံးဝယ်ယူခဲ့သည့် ကံထူးရှင် (၁၀)ယောက်ကို Codashop Myanmar မှ ဝယ်ယူမှုအလိုက် ဆုလက်ဆောင်များ ပေးသွားမည်ဖြစ်သည်။

RankPrize
Top Spender #1Nintendo Switch တစ်ခု
Top Spender #2DxRacer Gaming Chair တစ်လုံး
Top Spender # 3 နှင့် #4Hyper X Headphone တစ်လုံးစီ
Top Spender # 5 မှ # 10 ထိCodashop တွင် ဝယ်ယူခွင့်ကူပွန် (၃၀,၀၀၀ကျပ်တန်ဖိုး)*

မှတ်ချက်။ ပြသထားသောပုံများသည် ပရိုမိုးရှင်းရည်ရွယ်ချက်အတွက်သာဖြစ်သည်။

၆။ အစီအစဉ်တွင် ကံထူးကြောင်း ဘယ်လိုသိနိုင်မလဲ။

ကံထူးရှင်များကို ဝယ်ယူရာတွင် အသုံးပြုခဲ့သည့် in-game ID အကောင့်များနှင့်တကွ  ဇန်နဝါရီလ (၁၈)ရက်နေ့တွင် Codashop Myanmar ၏ တရားဝင်ဖေ့ဘွတ်စာမျက်နှာမှတဆင့် ကြေညာပေးသွားမည်ဖြစ်ပါသည်။ ကံထူးရှင်များကို ဝယ်ယူရာတွင် ထည့်သွင်းခဲ့သည့်အီးမေးလ်လိပ်စာ (သို့) ဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ် အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။ 

၇။  ဆုများကို ဘယ်လို ထုတ်ယူရမလဲ?

ကံထူးရှင်သည် အကြောင်းကြားခံရသည့်နေ့မှစပြီး (၂) ပါတ်အတွင်း နေရပ်လိပ်စာနှင့် လိုအပ်သည့် အချက်အလက်များကို ပေးပို့ပေးရမည်ဖြစ်သည်။ အကြောင်းမပြန်ပါက ဆုလက်ဆောင်ကို ရုပ်သိမ်းသွားမည်ဖြစ်ပါသည်။ 

*မှတ်ချက်။ Codashop Myanmar တွင် ဝယ်ယူခွင့် ကူပွန်ကို အသုံးပြုရန်အတွက် ရယူလိုသည့် ဂိမ်းအမျိုးအစားနှင့် In-game အကောင့်ကို အကြောင်းပြန်ပေးရမည်ဖြစ်ပါသည်။ ထို in game အကောင့်ထဲသို့ Codashop မှ မြန်မာငွေကျပ် ၃၀,၀၀၀ နှင့် ညီမျှသော In-game Credits များ တိုက်ရိုက်ထည့်ပေးသွားမည်ဖြစ်ပါသည်။ တစ်ကြိမ်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ အကြောင်းမပြန်ပါက ဆုလက်ဆောင်ကို ရုပ်သိမ်းသွားမည်ဖြစ်ပါသည်။

၈။ ဆုလက်‌ဆောင် ပေးပို့ခြင်း။

ဆုလက်ဆောင်များကို ကြေညာပြီး သုံးပတ်မှ လေးပတ်အတွင်း ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ဆုလက်ဆောင်များကို ငွေသားဖြင့်ဖလှယ်ခြင်း၊ အခြားအမျိုးအစားဖြင့်ဖလှယ်ခြင်း၊ တစ်ဆင့်ခံပေးပို့ခြင်းများကို လက်ခံမည် မဟုတ်ပါ။

မှတ်ချက်။ Codashop သည် ပစ္စည်းများပို့ဆောင်ရာတွင် ဆုံးရှုံးခြင်း (သို့) ပျက်စီးခြင်းအတွက်တာ၀န်ယူမည် မဟုတ်ပါ။

၉။ အသေးစိတ်ကို သိရှိလိုပါက ဘယ်ကို ဆက်သွယ်မေးမြန်းနိုင်ပါသလဲ။

အသေးစိတ်အချက်အလက်များအား Codashop Myanmar Facebook page messenger တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

အခြားစည်းမျဥ်းစည်းကမ်းများ

၁။ ပရိုမိုးရှင်းအစီအစဉ်တွင် နေထိုင်ရာနိုင်ငံသား မဟုတ်သူများ နှင့် နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရတားမြစ်ထားသူများ ပါဝင်ခွင့်မရှိပါ။

၂။ ယခုအစီအစဉ်တွင်ပါဝင်နိုင်ရန် မည်သည့်အခကြေးငွေမှမလိုအပ်ပါ။ အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေပေးမှု ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများ၏ PIN (သို့မဟုတ်) OTP များကို မေးမြန်းခြင်းပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။

၄။ ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။

၅။ Codashop Myanmar မှ ဝန်ထမ်းများ ယခုအစီအစဉ်တွင် ပါဝင်ခွင့်မရှိပါ။

၆။ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။

၇။ ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို  Codashop Myanmar မှ လိုအပ်သလို အချိန်အရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။

၈။ ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက သို့ အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

များများဝယ်ပြီး ဆုကြီးတွေ ကံစမ်းနိုင်မှာဆိုတော့ အခုပဲ ကြိုက်တဲ့ဂိမ်းအတွက် Codashop မှာဝယ်ပြီး ကံစမ်းလိုက်တော့နော်

အထက်ဖော်ပြပါ ပရိုမိုးရှင်းမှ ကံထူးရှင်များကို ဖော်ပြပေးလိုက်ပါတယ်!

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here