Codashop နဲ့ Infinix Mobile တို့ပူးပေါင်းပြီး ရပ်တန့်မရအောင်မြန်တဲ့ ဂိမ်းအတွေ့အကြုံနဲ့အတူ ဖုန်းအသစ်စက်စက်ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးကို ယူဆောင်လာပါပြီ။ ဤပရိုမိုးရှင်းသည် Codashop တွင် Mobile Legends: Bang Bang (MLBB) စိန်ဖြည့်သူများအတွက်သာ အကျုံးဝင်သည်။
ဘယ်လိုပါဝင်လို့ရလဲ?
- ပရိုမိုးရှင်းကာလ (၂၀၂၃ ဇွန် ၁၉ မှ ၂၀၂၃ ဇူလိုင် ၉) အတွင်း Codashop တွင် MLBB စိန်များ မိမိလိုအပ်သလောက်ဖြည့်ပါ။ မည်သည့်ငွေပေးချေမှုနဲ့မဆို လွယ်ကူမြန်ဆန်စွာ စိန်ဖြည့်လို့ရပါတယ်။
- Email လိပ်စာမထည့်ထားတဲ့ ဝယ်ယူမှုများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။ ဒါကြောင့် ဝယ်ယူတဲ့အခေါက်တိုင်း Email လိပ်စာထည့်ဖို့ မမေ့ပါနဲ့။ ထို Email မှတစ်ဆင့် ဆုလက်ဆောင်ထုတ်ယူရမှာလည်းဖြစ်ပါတယ်။
Winner ဘယ်လိုရွေးချယ်မလဲ?
- ပရိုမိုးရှင်းကာလ (၃)ပတ်အတွင်း MLBB စိန်ဖြည့်တဲ့ဘော်ဒါတွေထဲက သီးသန့်အကောင့် ID တစ်ခုထဲအတွက် အပတ်စဥ် တနင်္လာနေ့ မှ တနင်္ဂနွေနေ့အတွင်း ပမာဏအများဆုံးဝယ်ယူတဲ့ ဘော်ဒါတွေကို Winner အဖြစ် ရွေးချယ်မှာဖြစ်ပါတယ်။ အပတ်စဥ် Winner (၁) ဦးစီရွေးချယ်မှာဖြစ်ပြီး ပရိုမိုးရှင်းကာလ (၃) ပတ်ရှိရာ စုစုပေါင်း Winner (၃) ဦးထွက်ပေါ်လာမှာဖြစ်ပါတယ်။
- Winner များကို အပတ်တိုင်းရဲ့ အင်္ဂါနေ့ (ဇွန် ၂၇ ရက်၊ ဇူလိုင် ၄ ရက်၊ ဇူလိုင် ၁၁ ရက်) များမှာ Codashop MM Facebook Page မှကြေညာသွားမှာဖြစ်ပါတယ်။
- Winner များထံသို့ Codashop ရဲ့ တာဝန်ရှိသူမှ ဝယ်ယူချိန်တွင်ဖြည့်သွင်းထားသော Email မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားမှာဖြစ်ပါတယ်။ ထို Email ကို Winner များက မိမိရဲ့ အမည်/အမည်ဝှက်၊ ဖုန်းနံပါတ် နှင့် နေရပ်လိပ်စာအသီးသီးတို့ဖြင့် စာပြန်ပေးရမှာဖြစ်ပါတယ်။
- Email ပို့ပြီး (၁၄) ရက်အတွင်း စာပြန်ခြင်းမရှိပါက ဆုလက်ဆောင်ကို ရုပ်သိမ်းသွားမှာဖြစ်ပါတယ်။
Winner တွေဘာလက်ဆောင်ရမှာလဲ?
- Winner (၃) ဦးကို Infinix Mobile ရဲ့ အသစ်ထွက်ထားတဲ့ ရပ်တန့်မရအောင်မြန်တဲ့ ဂိမ်းအတွေ့အကြုံအတွက် အသင့်တော်ဆုံး Infinix Note 30 (၁) လုံးစီ လက်ဆောင်ပေးမှာဖြစ်ပါတယ်။
- ဆုလက်ဆောင်များကို ပရိုမိုးရှင်းအပြီး (၂၀၂၃ ဇူလိုင် ၉ ရက်) မှစ၍ ရက် (၃၀) အတွင်း Winner များထံသို့ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။
အခြားစည်းမျဥ်းစည်းကမ်းများ
- ဤပရိုမိုးရှင်းအစီအစဉ်တွင် မြန်မာနိုင်ငံတွင်းနေထိုင်သူ နိုင်ငံသား မဟုတ်သူများ နှင့် နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရတားမြစ်ထားသူများ ပါဝင်ခွင့်မရှိပါ။
- အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေပေးမှု ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများ၏ PIN (သို့မဟုတ်) OTP များကို မေးမြန်းခြင်းပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။
- ယခုအစီအစဥ်တွင် ပါဝင်ထားသောသူများမှ မျှဝေထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ ဝယ်ယူမှုမှတ်တမ်းများ၊ ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအကြောင်းအရာများကို Codashop Myanmar မှ သက်ဆိုင်သူ မိတ်ဖက်အဖွဲ့အစည်းများသို့ ပြန်လည်မျှဝေခြင်း၊ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
- ဤအစီအစဥ်တွင် Codashop Myanmar နှင့် Infinix Mobile မှ ဝန်ထမ်းများပါဝင်ခွင့်မရှိပါ။
- အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
- ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို Codashop Myanmar မှ လိုအပ်သလို အချိန်မရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။
- ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက (သို့) အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။