ZEPETO ကစားတဲ့သူတွေအတွက် Codashop ရဲ့ ဆောင်းအကုန်ဖက်ရှင်ရှိုး

0
693
ZEPETO Winter Fashion Show by Codashop

ZEPETO ကစားတဲ့သူတွေအတွက် Codashop မှစီစဥ်တင်ဆက်တဲ့ ဆောင်းအကုန်ဖက်ရှင်ရိုးလာပါပြီ!

အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ဆောင်းရာသီက နွေရာသီနဲ့မခြားပါဘဲ။ ဒါကြောင့်အနောက်နိုင်ငံတွေမှာလိုမျိုး ဆွယ်တာအထူကြီးတွေ၊ အမွှေးပွအင်္ကျီ တွေ စတဲ့ဖက်ရှင်မျိုးတွေဝတ်ဆင်ဖို့ အခွင့်အ‌ရေးသိပ်မရှိပါဘူး။ ဒါပေမယ့် ZEPETO မှာဆိုရင်တော့ သင့် Avatarအရုပ်ကို သင်ကြိုက်တဲ့ ဖက်ရှင်ပုံစံမျိုး ဆင်ယင်နိုင်မှာဖြစ်ပါတယ်။ 

ဘော်ဒါတို့ရဲ့ စိတ်ကူးထဲက ဆောင်းရာသီဖက်ရှင်လေးကို ZEPETO မှာဖန်တီးပြီးတော့ Codashop ရဲ့ ဆောင်းအကုန်ဖက်ရှင်ရိုးပွဲမှာ ပါဝင်ပြသလိုက်ပါ! ဖက်ရှင်အကျဆုံးပြိုင်ပွဲဝင်(၅)ဦးကတော့ 125ZEMS လက်ဆောင်ရရှိမှာဖြစ်ပါတယ်။

ဤအစီအစဥ်တွင်ပါဝင်ရန်

👉 ဒီပိုစ့်ရဲ့ ကောမင့်မှာပေးထားတဲ့ နောက်ခံစတိတ်ပုံကိုအသုံးပြုပြီး ZEPETO ထဲမှာ ဆောင်းရာသီဖက်ရှင်နဲ့ ရုပ်ပုံဖန်တီးပါ။  

👉 ထိုရုပ်ပုံကို ZEPETO ထဲမှာပဲ #CodashopWinterFashion ဆိုတဲ့ Hashtag နဲ့အတူ ပိုစ့်တင်လိုက်ပါ။ 

👉 ZEPETO ထဲမှာပိုစ့်တင်ထားတဲ့ Screenshot ကို ကိုယ့်ရဲ့ ZEPETO Code နဲ့အတူ အစီအစဥ်ကြေညာတဲ့ Facebook ပိုစ့်အောက်မှာ Comment ပေးပါ။

🎁ဖက်ရှင်အကျဆုံး လက်ဆောင်

ဖက်ရှင်အကျဆုံးပြိုင်ပွဲဝင်(၅)ဦးကို Codashop မှရွေးချယ်ပြီး 125ZEMS လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

📅ရက်အကန့်အသတ်

ဒီအစီအစဥ်ကို ၂၀၂၂၊ ဖေဖော်ဝါရီ(၅) မှ (၁၁)ရက်နေ့အထိ ပါဝင်နိုင်မှာဖြစ်ပါတယ်။

🎁လက်ဆောင်ထုတ်ယူခြင်း

125ZEMS လက်ဆောင်ရရှိသူများကို Codashop Myanmar Facebook Page မှာပဲ ပိုစ့်တင်ပြီးကြေညာပေးမှာဖြစ်ပါတယ်။ ကြေညာပြီး (၂)ပတ်အတွင်း ထိုလက်ဆောင်ရရှိသူရဲ့ ZEPETO Code ထဲသို့ တိုက်ရိုက် 125ZEMS ကိုတိုက်ရိုက်ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် Comment မှာ ကိုယ့်ရဲ့ ZEPETO Code ကိုတစ်ခါထဲထည့်ရေးပေးဖို့ အရေးကြီးပါတယ်။

စည်းမျဥ်းစည်းကမ်းများ 

  1. ဤအစီအစဉ်တွင် Codashop Myanmar မှဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။
  2. ဤအစီအစဥ်မှရရှိမည့် ဆုလက်ဆောင်ကို ငွေသားဖြင့်လဲလှယ်ခြင်း၊ အခြားသူများကို ပြန်လည်ရောင်းချခြင်းမပြုလုပ်ရ။ 
  3. ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
  4. အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar ၏အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
  5. အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here