Wild Rift Patch 2.4 ရဲ့ အလန်းဆုံးလုပ်ဆောင်ချက်များ : ချန်ပီယံနှင့် ပစ္စည်းအသစ်များ၊ Wild Pass S2, Ban ခြင်းနှင့် အခြားအကြောင်းအရာများစွာ

0
161

Wild Rift Akshan

League of Legends: Wild Rift က နောက်ဆုံးထွက် Patch 2.4 မှာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့အသစ်အသစ်တွေ အများကြီးထည့်သွင်းထားပါတယ်။ ဒီစာရင်းထဲမှာ ခေါင်းဆောင်နေတာကတော့ ချန်ပီယံအသစ် Akshan ပဲဖြစ်ပါတယ်။ Ranked matchmaking မှာ ချန်ပီယံတွေကို ban တာအတွက်လည်း update ထွက်လာပြီးတော့ Wild Pass ရဲ့ season အသစ် အပါအဝင် ကစားပုံအပြောင်းအလဲ အများအပြားလည်း ပါဝင်ပါတယ်။ Summoners တို့ရေ… ဒီအကြောင်းတွေကို လေ့လာကြရအောင်!

ချန်ပီယံအသစ် Akshan

Wild Rift Akshan

Image credit: Riot Games / Wild Rift

Rogue Sentinel Akshan ဟာ ချန်ပီယံစာရင်းထဲကို နောက်ဆုံးပေါ် mid-laner AD အနေနဲ့ ပါဝင်လာပါတယ်။ သူဟာ ပုံးခိုပြီး တိုက်ခိုက်တဲ့နေရာမှာ အရမ်းကျွမ်းတဲ့ marksman/assassin အဖြစ် ပုံဖော်ထားပါတယ်။ Akshan က သူ့ရဲ့ boomerang ? နဲ့ မျှော့ချိတ်ကို ကောင်းစွာအသုံးပြုနိုင်တာကြောင့် ရန်သူတွေကို ပစ်တဲ့အခါ စက်ဝိုင်းလို လှည့်ပတ်နေနိုင်ပါတယ်။ သူ့က အပိုရွှေတွေထပ်ရနိုင်ပြီးတော့ အသင်းသားရဲ့ ပြန်ရှင်နိုင်တဲ့ အချိန်ကို တိုစေတဲ့ စွမ်းရည်တွေကတော့ စောင့်စားထိုက်တဲ့အရာတွေပဲဖြစ်ပါတယ်။

Features အသစ်များ

Ranked Season 3

Glorius Lulu Skin

The Glorious Lulu Skin. Image Credit: Riot Games / Wild Rift

Summoners တို့ရေ Ranked Season 3 ကတော့ ရောက်ရှိလာပါပြီ။ ပြီးတော့ ဒီတစ်ခေါက်မှာ updates တွေတန်းစီပါဝင်လာပြီး အရင်ထက်ပိုစိတ်လှုပ်ရှားဖို့ကောင်းလိမ့်မယ်လို့ ကတိပေးထားပါတယ်။ ဒီ season မှာ ကစားရင်းနဲ့ ကစားပွဲ (၁၀)ပွဲနိုင်လို့ Gold ကိုရောက်ရင် Glorius Lulu skin ကိုရရှိနိုင်ပါတယ်။ 

သတိပြုစရာကတော့ ဒီ season ရဲ့ အစမှာ display ပြဿနာ အနည်းငယ်ရှိနိုင်တာပါပဲ။ အခြေအနေတွေငြိမ်သွားမှ ကစားသူတွေဟာ ကစားချင်တယ်ဆိုရင်တော့ Ranked season စပြီး တစ်ရက်စောင့်ပြီးမှ စကစားတာ အကောင်းဆုံးပါပဲ။

Ranked Season 3 က July 26th 15:00 PDT မှာ စတင်ခဲ့ပါတယ်။

Ranked ban ခြင်းများ

Ranked bans

The long-term goal is to increase the ban slots to five per team. Image credit: Riot Games / Wild Rift

Bans တွေကတော့ Ranked mode မှာ ရလာပါပြီ။ အသင်းနှစ်သင်းလုံးရဲ့ နောက်ဆုံး အသင်းသား ၃ယောက်က ချန်ပီယံ တစ်ယောက်ယောက်ကို အလှည့်ကျ ban နိုင်ပါတယ်။ 3 Ban နဲ့စတင်ခြင်းဟာ ပိုအဓိပ္ပာယ်ရှိပြီး အပြိုင်အဆိုင်များမယ်လို့ Riot က မျှော်လင့်ထားပြီး ကစားသမားတွေအတွက် အဆိုးသက်ရောက်တဲ့ ချန်ပီယံအပြောင်းအလဲမရှိဘဲ  ကောင်းမွန်တဲ့ drafting အတွေ့အကြုံကိုလည်းရစေချင်ပါတယ်။ သူတို့ရဲ့ ရေရှည်ပန်းတိုင်ကတော့ ban slots တွေကို တစ်သင်းကို (၅)ခါ ထားစေချင်တာပါ။ Riot ကတော့ (၃) ခါ ban ခြင်းရဲ့အခြေအနေကို သေသေချာချာ စောင့်ကြည့်မှာဖြစ်ပါတယ်။ နောက်လာမယ့် patch အသစ်မှာ (၅)ခါ ban တာပါလာနိုင်ပါတယ်။ 

Ranked မှာ ban ထည့်ထားတာ လွန်ခဲ့တဲ့ July 29 06:00 UTC တုန်းကဖြစ်ပါတယ်။

Promotion ပွဲများ ဖျက်သိမ်းခြင်း

2.4 Ranked Updates မှာ ပြောထားတဲ့အတိုင်း Riot Games ဟာ Ranked play ကနေ promotion ကစားပွဲတွေကို ဖျက်သိမ်းမယ်လို့ ဆိုပါတယ်။ Wild Rift ရဲ့ ranking အတွေ့အကြုံတွေကို promotion ကစားပွဲတွေက တုံ့ဆိုင်းစေတာဟာ သူတို့ရမယ့် အကျိုးတွေနဲ့စာရင် မကာမိတာကြောင့်လို့ Riot က ယုံကြည်နေပါတယ်။ လက်ရှိ rank ရဲ့နောက်ဆုံးပွဲကိုနိုင်ပြီးတာနဲ့ promotion ပွဲကို ပြောင်းသွားတာ မဟုတ်တော့ဘဲ ကစားသူတွေဟာ နောက် rank တစ်ဆင့်ကို တန်းတက်နိုင်တော့မှာပါ။ စဖျက်သိမ်းတဲ့အချိန်ကစပြီး သေချာဖို့ Ranked ပွဲတွေကိုလည်း Riot က သေချာစောင့်ကြည့်သွားမှာပါ။ 

Promotion ပွဲတွေကို July 27 00:01 UTC ကတည်းက ဖျက်သိမ်းလိုက်ပါပြီ။

Wild Pass Season 2

Wild Pass Season 2

The Wild Pass will be a permanent feature in the game.

Summoners တို့ရေ ဒုတိယတစ်ခေါက်အတွက်လည်း Wild Pass လာပါပြီ! Season 2 ရောက်လာပြီး အရင် version ထက် upgrades တွေအများကြီးပါလာပါတယ်။

  • ခြုံပြောရရင် Riot က သင် pass ဝယ်ရင် ရမယ့် Blue Motes, Poro Coins နဲ့ Poro Energy တွေကို တိုးပေးဖို့လုပ်နေပါတယ်။ ဥပမာ ဒီတစ်ခေါက်ဆိုရင်တော့ ချန်ပီယံတစ်ယောက်လုံးစာအတွက် လုံလောက်တဲ့ Blue Motes တွေရနိုင်မှာပါ။ 
  • သင် level တက်တဲ့အခါရမယ့် free rewards တွေအရေအတွက်ကိုလည်း Riot က တိုးပေးနေပါတယ်။ 
  • သင့်ရဲ့ သူငယ်ချင်းစာရင်းထဲမှာပါတဲ့ တခြားကစားသူကိုလည်း pass ကို လက်ဆောင်အဖြစ်ပေးလို့ရအောင် လုပ်ပေးနေပါတယ်။ 
  • ပြီးတော့ ဒီလို buff တွေအပြင် စျေးနှုန်းပြောင်းလဲခြင်းလည်းမရှိပါဘူး။

ခုချိန်ကစလို့ Wild Pass ဟာ ဂိမ်းထဲမှာ အမြဲတမ်းရှိနေမယ့် feature ဖြစ်ပြီး pass အသစ်တွေတိုင်းရဲ့ကြားမှာလည်း စောင့်ဆိုင်းစရာမလိုတော့ပါဘူး။

Highlight များ

Highlights

Record your best moments when you turn on Highlights from the settings. Image credit: Riot Games / Wild Rift

Playback

ယခုပဲ Highlights ကို ဖွင့်ပြီးတော့ သင့်ရဲ့ အကောင်းဆုံးသော အချိန်တွေကို မှတ်တမ်းတင်လိုက်ပါ! သင့် ဂိမ်း Settings ထဲမှာ highlights ကိုဖွင့်ထားရင် ဂိမ်းထဲကသင့်ရဲ့ အကောင်းဆုံးအခိုက်အတန့်တွေကို မှတ်တမ်းတင်နိုင်ပါလိမ့်မယ်။ ကစားသူတွေက ဂိမ်းပြီးသွားလို့ ဇယားတွေပြတဲ့အခါမှာ သူတို့ရဲ့ ဖုန်းထဲမှာလည်းသိမ်းထားနိုင်ပါတယ်။ တစ်ခုမှတ်ထားရမှာက Highlights Recording ဖွင့်ထားခြင်းက ဘက္ထရီ အသုံးပြုခြင်း နဲ့ စွမ်းဆောင်ရည်တွေအပေါ်တော့ သက်ရောက်မှုရှိနိုင်ပါတယ်။

ပွဲကြည့်ပရိသတ်နှင့် ပြန်ပြသည့်ပြကွက်

Riot က ကစားသူတွေအတွက် ကစားပွဲကို ပွဲကြည့်ပရိသတ်လုပ်ပြီး သူတို့ဘာသာ ပြန်ကစားနိုင်မယ့် နည်းလမ်းတွေထည့်ပေးထားပါတယ်။ ကစားသူတွေဟာ အခုဆို Fog of War မှာ အနီ နဲ့ / ဒါမှမဟုတ် အပြာဖက်ကိုရွေးချယ်ပြီး မြေပုံပေါ်မှာ အသင်းတွေရဲ့ အမြင်အာရုံတွေကို သဘောပေါက်အောင် လုပ်နိုင်ပါပြီ။ ထပ်ပြီးတော့ အသင်းတွေတိုက်ခိုက်တဲ့အခါ ပိုကောင်းတဲ့အမြင်ကိုရစေနိုင်မယ့် HUD အသစ်တစ်ခုကိုလည်း ထုတ်လိုက်ပါပြီ။ ခုတော့ အသင်းတိုက်ပွဲတွေအတွက် HUD နဲ့ ရိုးရှင်းတဲ့ “No HUD” ကို ပွဲကြည့်ပရိသတ်နေရာကနေကြည့်နိုင်ပါတယ်။ ဒီ feature ကလည်း ဂိမ်းထဲမှာ ရနေပါပြီ။

ဂိမ်းနောက်ဆုံးစာမျက်နှာ

[2:50 am, 11/08/2021] myatchal: Riot ဟာ ဂိမ်းနောက်ဆုံးစာမျက်နှာမှာ တစ်ပွဲပြီးတစ်ပွဲ ရလဒ်တွေ ဆက်သွားတဲ့ပုံစံထည့်လိုက်တာကြောင့် ကစားသူတွေဟာ ဂိမ်းတွေအပြီးမှာမှ သူတို့ရဲ့ တိုးတက်မှုကိုသိနိုင်ပြီး ဘယ်တော့ ဆုကြေးတွေရနိုင်မလဲဆိုတာ သိနိုင်ပါပြီ!

Screen ရှယ်ခြင်း

ကစားသူတွေဟာ သူတို့ရဲ့ Wild Rift အောင်မြင်မှုတွေကို သူတို့ဖုန်းရဲ့ OS share drawer ကနေ ရှယ်နိုင်ပါပြီ။ ဒါဟာ ကစားသူတွေအတွက် သူတို့ရဲ့အကြိုက်ဆုံး apps တွေနဲ့ social networks တွေကိုသုံးဖို့ လွယ်ကူစေပါတယ်။ Icon လေးကိုနှိပ်လိုက်ရင် OS share drawer က ပေါ်လာမှာဖြစ်ပြီး ကိုယ်တင်ချင်တဲ့ app ကိုရွေးချယ်နိုင်ပါတယ်။

ကစားပုံပြောင်းလဲမှုများ

Items အသစ်များ

Patch 2.4 ထွက်လာတာဟာ ချန်ပီယံတွေ တိုက်ပွဲမှာ တိုက်ခိုက်ပုံကိုပြောင်းလဲစေနိုင်တဲ့ items အသစ်တွေအများကြီးပါလာတာမို့ ကစားပုံကို အများကြီးပြောင်းလဲစေပါတယ်။

Crystalline Reflector. ဒီ AP/Armor item ဟာ Thornmail ရဲ့ AP version လို့တောင် ပြောလို့ရပါတယ်။

  • စျေးနှုန်း : 2900g
  • Seeker’s Armguard (1200g) ကနေ ပြုလုပ်ထားတယ် + Fiendish Codex (1000g) + 700g
  • 60 AP
  • 45 Armor
  • 15 Ability Haste
  • PASSIVE – Mirrored Force: Ability ဟာ mirror shard ကို (၃ခုအထိ) ထုတ်ပေးနိုင်ပြီး တစ်ခုစီကို ရန်သူချန်ပီယံဆီကနေ 10+5% AP physical damage ထုတ်ပြီး 20+10% AP magic damage ပြန်ပေးပါတယ်။

Essence Reaver. ဒီ core item အသစ်ဟာ mana လိုချင်ပြီး critical ရိုက်ချက်တွေနဲ့ သူတို့ရဲ့ စွမ်းရည်တွေနဲ့ဆော့တတ်တဲ့ crit ကစားသူတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။

  • စျေးနှုန်း 3100g
  • Builds from Caudfield’s Warhammer (1200g) + Cloak of Agility (1000g) + 900g
  • 40 AD
  • 25% Critical Rate
  • 25 Ability Haste
  • UNIQUE – Essence Flare: Active စွမ်းရည်တွေကို ပိတ်ပင်ပြီးတော့ စွမ်းရည်ပိုမြင့်တဲ့ တိုက်ခိုက်မှုတွေဟာ အပို 10 physical damage + 70% Critical rate ထုတ်နိုင်ပါတယ်။ ဒီစွမ်းရည်ကိုပဲ တစ်ခါသုံးရင် မတူတဲ့ပစ်မှတ်တစ်ခုကိုပဲ ထုတ်သုံးနိုင်ပါတယ်။
  • UNIQUE – Mana Siphon: တိုက်ခိုက်မိတဲ့အခါ လိုနေတဲ့ 2% mana ကိုဖြည့်ပေးပါတယ်။

Navori Quickblades. Essence Reaver လိုမျိုးပဲ Navori Quickblades ဟာလည်း crit ကစားသူတွေအတွက် စွမ်းရည်တွေပြည့်ပြီး damage တွေ လျှံထွက်နေအောင် ကူညီဖို့ရည်ရွယ်ထားပါတယ် ဒါပေမယ့် spammability front ဖက်ကိုပိုအားသန်ပါတယ်။

  • စျေးနှုန်း 3100g
  • Caulfield’s Warhammer (1200g) ကနေ ပြုလုပ်ထားတယ် + Cloak of Agility (1000g) + 900g
  • 45 AD
  • 25% Critical Rate
  • 15 Ability Haste
  • PASSIVE – Deft Strikes: သင့်ရဲ့ basic attacks နဲ့ critical ရိုက်ချက်တွေဟာ ultimate မဟုတ်တဲ့ စွမ်းရည် cooldowns တွေကို ကျန်တဲ့ cooldown ရဲ့ 15% ကိုလျှော့ချနိုင်ပါတယ်။

Prophet’s Pendant. ဒါကတော့ Oblivion Orb မှာဖြစ်တဲ့ tier 2 magic penetration item အသစ်တစ်ခုဖြစ်ပါတယ်။

  • စျေးနှုန်း 1250g
  • Amplifying Tome (500g) + 750g
  • 125 Health
  • 25 Ability Power
  • PASSIVE – Doomsayer: +15 Magic Penetration

Seeker’s Armguard

  • စျေးနှုန်း 1200g
  • Upgrades from Cloth Armor (500g) + 700g
  • 30 Armor
  • 25 AP

Serylda’s Grudge. ဒီ League PC ကလာတဲ့ item ကတော့ အမြန်လှုပ်ရှားတတ်တဲ့ ရန်သူတွေကို တိုက်ခိုက်ရာမှာ အသုံးဝင်ပါတယ်။

  • စျေးနှုန်း 3000g
  • Caulfield’s Warhammer (1200g) ကနေ ပြုလုပ်ထားတယ် + Last Whisper (1300g) + 500g
  • 40 AD
  • 15 Ability Haste
  • 30% Armor Penetration
  • UNIQUE – Bitter Cold: Damage စွမ်းရည်တွေဟာ ထိသွားတဲ့သူတွေကို 30% နဲ့ 1 second ကြာအောင် နှေးစေမှာပါ။

Staff of Flowing Water. ဒါလည်း League PC ကပါပဲ ဒီ item ကတော့ AP များတဲ့အသင်းသားတွေနဲ့ ကြုံရရင် သူတို့ရဲ့ build ကို တိုးမြှင့်နိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။

  • စျေးနှုန်း 2500g
  • Fiendish Codex (1000g) ကနေ ပြုလုပ်ထားတယ် + Lost Chapter (1050g) + 450g
  • 350 Mana
  • 65 AP
  • 20 Ability Haste
  • PASSIVE – Rapids: အသင်းသားတစ်ယောက်ကို heal တာပဲဖြစ်ဖြစ် shield တာပဲဖြစ်ဖြစ်က သင့်ကို 20 Ability Haste speed နဲ့ 20-40 ( ပစ်မှတ်ရဲ့ level ကိုလိုက်ပြီး) ability power ကို 4 seconds ကြာရရှိမှာဖြစ်ပါတယ်။

Stormrazor. ဒီ League PC item က တခြား အားအင်ဖြစ်စေတဲ့ပစ္စည်းတွေဝယ်ရတာကြိုက်တဲ့ကစားသမားတွေအတွက် အများကြီးအသုံးဝင်စေမှာပါ။

  • စျေးနှုန်း 2900g
  • Cloak of Agility (1000g) ကနေ ပြုလုပ်ထားတယ် + Kircheis Shard (900g) + 1000g
  • 25 AD
  • 25% Critical Rate
  • 20% Attack Speed
  • PASSIVE – Energized: လှုပ်ရှားခြင်းနဲ့ တိုက်ခိုက်ခြင်းဟာ Emergized attack ကိုရရှိစေမှာပါ။  
  • PASSIVE – Paralyze: သင့်ရဲ့ Energized attack တွေဟာ 50-120 အပို magic damage ရစေပါတယ်။ အပိုအနေနဲ့ Energized attacks တွေဟာ ရန်သူတွေကို 75% ကို 0.5 seconds အကြာ နှေးစေမှာပါ။

Solari Chargeblade. ဒီ item ကတော့ ကစားသူတွေကို အခြေအနေပြောင်းလဲစေတဲ့ Critical Rate ကို အများကြီးရစေပြီး တခြားဝယ်ထားတဲ့ item တွေနဲ့ပေါင်းပြီး ပေါင်းစည်းခြင်းကို ရစေပါတယ်။

  • စျေးနှုန်း 3000g
  • Stinger (1200g) ကနေ ပြုလုပ်ထားတယ် + Cloak of Agility (1000g) + 800g
  • 30% Attack Speed
  • 25% Critical Rate
  • 25 Ability Haste
  • UNIQUE – Sunburst: စွမ်းရည်တစ်ခုကိုအသုံးပြုခြင်းဖြင့် Radiance (အများဆုံး 3 charges ) ကို 10 seconds အကြာထိ 25% Critical Rate ကိုတက်စေပါတယ်။ အကြီးအကျယ်ထိခိုက်စေတဲ့ ရိုက်ချက်တွေမှာတော့ Radiance အပို 20-40 အပြင် တိုက်ခိုက်တဲ့အခါ True Damage ထုတ်ပြီး သွေးနည်းနေတဲ့ပစ်မှတ်တွေမှာ 150% ထိ တက်စေပါတယ်။ မတူတဲ့ စွမ်းရည်တွေတိုင်းဟာ 2 seconds အကြာတိုင်းမှာ ၁ခါပဲ ပြန်အားသွင်းလို့ရပါတယ်။
  • Max True Damage: ပစ်မှတ်က <= 35% health ရောက်နေတဲ့အခါ 65-100 ရှိပါတယ်။

Wit’s End.  ဒီ item က physical damage ထုတ်တဲ့သူတွေအတွက် magic မဟုတ်တဲ့ item set တွေကို ပြည့်စုံစေပါတယ်။

  • စျေးနှုန်း 2700g
  • Recurve Bow (900g) + Negatron Cloak (900g) + 900g
  • 50 Magic Resist
  • 45% Attack Speed
  • PASSIVE – At Wit’s End: Basic attack ဟာ 15-80 (level ပေါ်မူတည်ပြီး) ထိတဲ့အခါ အပို magic damage ကိုထုတ်ပါတယ်။ သွေး 50% အောက်ရောက်နေရင် ရန်သူချန်ပီယံတွေကိုတိုက်ခိုက်တာက သင့်ကို ဒီ effect ရဲ့ (Melee:100% / Ranged: 33%) ကို နောက်ပိုင်း damage လျှော့ချပေးမှာဖြစ်ပါတယ်။

*For complete information about Patch 2.4, please visit this link.

သင့်ရဲ့ Wild Cores တွေကို Codashop မှာ ဖြည့်ဖို့မမေ့နဲ့နော်။ ကျွန်ုပ်တို့ဆီမှာ မြန်ဆန်ပြီးလွယ်ကူချောမွေ့တဲ့ငွေဖြည့်ခြင်းနည်းလမ်းအများကြီးရှိလို့ သောကကင်းတဲ့ ဂိမ်းဆော့ခြင်းအတွေ့အကြုံကို ခံစားနိုင်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here