Wild Rift Patch 2. ရောက်ရှိလာပါပြီ ! Champion အသစ်တွေ, Spectator Mode, နဲ့ အခြားအရာများစွာ

0
48

Annie

League of Legends : Wild Rift သည်ပြီးခဲ့သည့်နှစ်ကထွက်ပြီးကတည်းက အောင်မြင်နေခဲ့တာပါ။ ခု Patch 2.1 ရဲ့ နောက်ဆုံးထွက်ထားတဲ့ Update မှာ 

Spectator Mode အပြင် Champion အသစ်တွေ ၊ Skin တွေ နဲ့ အခြားအရာများတွေလို စိတ်လှုပ်ရှားဖွယ်ကောင်တာတွေ နဲ့ ကစားသမားတွေရဲ့ စိတ်၀င်စားမှုကိ ရရှိမှာဖြစ်ပါတယ်။ Riot က တို့တစ်တွေ အတွက် ဘာတွေ စီစဥ်ထားသလဲဆိုတာကို ကြည့်လိုက်ကြရအောင်။ 

Champions အသစ်

Xayah, The Rebel (Marksman)

Xayah
Image credit: Riot Games

Vastayan Duo နှစ်ယောက်ထဲက Xayah ဟာတော်လှန်ရေးသမားတစ်ယောက်ဖြစ်ပြီး ပြည်သူတွေကို ကယ်တင်ဖို့ ပုဂ္ဂိုလ်ရေးစစ်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်။ Xayah က Marksman Class ထဲမှာပါ၀င်ပါတယ် –  သူကလျှင်မြန်ပြီး လိမ္မာပါးနပ်ပါတယ်။ အထူးသဖြင့် Dragon Lane မှာ သူမရဲ့ Feather Blade (အမွေးအတောင် ဓားသွား )များနဲ့ ရန်သူတွေကို လှီးနိုင်ပါတယ်။ သူရဲ့ လုပ်ဖော်ကိုင်ဖက် နဲ့ ချစ်မြတ်နိုးသော Support Champion အသစ်ဖြစ်တဲ့ Rakan ကို ပူးပေါင်းဖို့ သင့်တော်ပါတယ်။ 

Rakan, The Charmer (Support)

Rakan
Image credit: Riot Games

Rakan ကတော့ Wild Rift က Support Champion အသစ်တစ်ယောက်ပါ။ သူက Lhotlan လူမျိုးစု သမိုင်းမှာ အကောင်းဆုံးစစ်ပွဲအက ကတဲ့သူတစ်ဦးအဖြစ်ကျော်ကြား သူလည်းဖြစ်ပါတယ်။ သူရဲ့ လုပ်ဖော်ကိုင်ဖက် Xayah နဲ့ Vastaya ရဲ့ ယဥ်ကျေးမှုအမွေအနှစ် တွေကို ပြန်လည်ရယူဖို့ ကြိုးစားနေ ကြတာဖြစ်ပါတယ်။ Rakan က ရန်သူများကို ဆွဲဆောင်ပြီး အဖွဲ့၀င်တွေအတွက် ဒိုင်းလွှားတစ်ခုဖန်တီးပေးနိုင်သော Support ဖြစ်ပါတယ်။ 

တစ်ခြား Leona Diana နဲ့ Pantheon တို့လဲ မကြာမှီ ရောက်ရှိလာပါတော့မယ်။ 

New Features

Welcome Event

Spectator Mode

Patch 2.1 ရဲ့ အကောင်းဆုံးအချက်ကတော့ Spectator Mode ကို ထည့်လိုက်တာဘဲ ဖြစ်ပါတယ်။ နောက်ဆုံးတော့ ကစားသမားတွေက အခြားကစားသမားတွေရဲ့ ပွဲကို ကြည့်ရှုနိုင်ပါတော့မယ်! ဒါ့အပြင် ဒီ ဖွံ့ဖြိုးတိုးတက်မှုက E-sport ကိုစိတ်၀င်စားသော နည်းပြတွေ ၊ စီစဉ်သူတွေ နဲ့ သန်းချီသောပရိသတ်များအတွက် အကျိုးရှိပါတယ်။

Image credit: Riot Games

Spectator Mode အတွက် အဓိကအချက်တွေကတော့:

* Matchmade ဂိမ်းကို ကြည့်ရန်  ကစားသမား အချင်းချင်းက သူငယ်ချင်းဖြစ်ရန်လိုအပ်ပါတယ်။

* ကစားသမားတစ်ဦး ကို ကြည့်ရှုရန် နှစ်ယောက်လုံးတွင် တူညီသော ဂိမ်း Version ရှိရမည်။  

* ဂိမ်းကစားသူများသည် Option တွင် “Allow Spectators” ကို ပိတ်နိုင်ပါတယ်။  

* မြေပုံရဲ့ Baron Lane (အပေါ်ဘက်) နှင့် Dragon Lane (အောက်ဘက်) တွင်အမြဲ တည်ရှိပါလိမ့်မည်။

* ဖျက်လိုဖျက်ဆီးပြုသူများကို ရှောင်ရှားရန်အတွက် ပွဲစဉ်တစ်ခု ကစားစဉ် ၃ မိနစ်နောက်ကျပါလိမ့်မည်။ သို့သော် Custom ဂိမ်းများတွင် ၃ မိနစ် မနှောင့်နှေးဘဲ ကြည့်ရှုသူအရေအတွက်သုံး‌ယောက်သာ ကြည့်နိုင်ပါတယ်။ 

Replays

ဒီ Function ကတော့ ကစားသမားတွေကို ယခင်ပွဲများကို ပြန်ဖွင့်ပြီး ကြည့်ရှုခွင့်ရှိမှာဘဲဖြစ်ပါတယ်။ သင် နောက်ဆုံးကစားထားတဲ့ ပွဲ ၅၀ ကိုပြန်ကြည့်နိုင်ပါတယ်။ နှစ်သင်းလုံးရဲ့ item တွေ ၊ ရွှေရရှိမှုတွေ နဲ့ အခြားအရာများကို ပြသရန် HUD Feature အသစ်ပါ ပါရှိပါတယ်။ Replay တွေက ကစားပွဲကို သုံးသပ်ချင်ရင်တို့ တစ်ခြားလေ့လာသင်ယူချင်ရင်တို့ နဲ့ အနိုင်ရခဲ့မှုကိုပြန်လည် ခံစားချင်ရင်တို့အတွက် အသုံး၀င်ပါတယ်။ သင်အကြိုက်ဆုံး Champion တွေကို အသွင်အပြင်ပြောင်းလည်းဖို့ Patch 2.1 မှာ Skin Line ၂ ခု ထွက်ရှိမှာပါ။ The Omega Squad Skin Line နဲ့ The Project Skin Line ကို ဒီ ရက်ပိုင်းမှာ ထွက်ရှိပြီး ကစားသမားတွေကို စိတ်လှုပ်ရှားစေမှာပါ။ Patch တစ်လျောက်ထွက်ရှိမယ့် တခြား Skin တွေကတော့ Lunar Beast Alistar, Lunar Beast Annie, Lunar Beast Darius, Lunar Beast Fiora, Lunar Beast Jarvan IV, Lunar Beast Miss Fortune, Panda Teemo, Cosmic Dawn Rakan, Cosmic Dusk Xayah, Heartseeker Vayne, Sweetheart Rakan, Sweetheart Sona, and Sweetheart Xayah တို့ဖြစ်ပါတယ်။

New Skins

Skin တွေကို ရယူရတာကို ကြိုက်တဲ့ Summoners တွေကတော့ ဒီဟာကို နှစ်သက်မှာပါ။ 

New & Upcoming Events

ဒီ Patch ထဲမှာ Wild Rift က Event ၂ ခု ကျင်းပမှာပါ ။ Lunar Beast ပွဲကို ဖေဖော်ဝါရီလမှာ ကျင်းပမှာဖြစ်ပြီး Path of Ascension event ကတော့မတ်လမှာ ဖြစ်ပါမယ်။

Lunar Hunt

ဒီလို မိုက်တဲ့ အရာအားလုံး နဲ့ အခြား အရာတွေအားလုံးက နောက်ဆုံးပေါ် Patch မှာ ရရှိနိုင်တာကြောင့်  သင်တို့ ရဲ့ ဂိမ်းကို Update လုပ်ဖို့ မမေ့ပါနဲ့နော်။ Champion ပြောင်းလည်းမှုများ၊ ပစ္စည်းများ နဲ့ အခြားဂိမ်း Feature များ အပါအဝင် အသေးစိတ်အချက်အလက်တွေကို ဒီလင့် မှာ ကြည့်ရှုနိုင်ပါတယ်။

Wild Cores ကို Codashop မှာ ဖြည့်ဖို့ မမေ့နဲ့နော်။ ကျွန်ုပ်တို့ဆီမှာ မြန်ဆန်ပြီးလွယ်ကူချောမွေ့တဲ့ငွေဖြည့်ခြင်းနည်းလမ်းအများကြီးရှိလို့ သောကကင်းတဲ့ ဂိမ်းဆော့ခြင်းအတွေ့အကြုံကို ခံစားနိုင်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here