League of Legends Wild Rift Mid Lane လမ်းညွှန်

0
96

Wild Rift Mid Lane Guide

အကယ်၍ သင်က ဤလမ်းညွှန်ကို ဖတ်ရှုနေပါက၊ Wild Rift တွင် သင်သည် ဂိမ်းကောင်းတစ်ခုကို ‌တွေ့ရှိနိုင်ပြီး Mid Lane ကစားရာတွင်ထည့်သွင်းစဉ်းစားရမည့် အချက်တွေ သင်တွေ့လာနိုင်ပါတယ်။ Mid Lane သည် ဂိမ်းတွင် အရေးပါဆုံးသော positions များထဲမှ တစ်ခုဖြစ်ပြီး ဂိမ်းတွင် ဘာအတွက်ပါဝင်နေတဲ့ role တစ်ခု ဆိုတာကိုနားလည်ဖို့ အ‌ရေးကြီးပါတယ်။ 

ဤလမ်းညွှန်တွင်၊ Mid Laner role တစ်ခုအဖြစ်အပါအဝင်၊ roams များအတွက် ဦးစားပေးခြင်း၊ wave ထိန်းသိမ်းခြင်း၊ counter-picking နဲ့ အခြားအရာများ အပါအဝင် Mid Lane အကြောင်း သင်သိလိုသမျှကို ဆွေးနွေးပါသွားမှာဖြစ်ပါတယ်။ Mid Lane အတွက် သင့်လျော်သော champions များစာရင်းကိုလည်း ဖော်ပြသွားမှာဖြစ်ပါတယ်။

Mid Laner Role

Wild Rift တွင် BaronMiddle နှင့် Dragon Lane ဟူ၍ အဓိကလမ်း ၃ လမ်းရှိပါတယ်။ Lane တစ်ခုစီသည် သီးသန့် champion  အမျိုးအစားတစ်ခုစီ အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ Mid Lane ဟုလည်းလူသိများသော Middle Lane သည် ပုံမှန်အားဖြင့် အသင်း၏ အင်အားအကောင်းဆုံး damage dealers ကစားတဲ့နေရာဖြစ်ပါတယ်။ ဂိမ်းကို သိသိသာသာအကျိုးသက်ရောက်စေရန်၊ သင်သည် Middle Lane ကို စိုးမိုးထားဖို့လိုအပ်ပါတယ်!

Roams များအတွက်ဦးစားပေးခြင်း

အသင်းရဲ့ အဓိက carry ဖြစ်တဲ့အလျောက် သင်လုပ်ဆောင်ရမည့်အချက်မှာ ထိရောက်စွာ lane ပတ်ရန်နှင့် objectives များကို လျင်မြန်စွာ ရယူနိုင်ရန်စွမ်းဆောင်ရမှာဖြစ်ပြီး၊ level မြန်မြန်တက်အောင်ကြိုးစားကာ kills များစွာရယူပြီး ရန်သူများ ထက် ပိုသာနိုင်ရန်အတွက် ‌အကောင်းမွန်ဆုံး build ကိုရှိထားသင့်ပါတယ်။  ထိရောက်သော mid-laner တစ်ယောက်ဖြစ်လာရန် map awareness က အရေးကြီးပါတယ်။ ထိပ်ဆုံးသို့ရောက်ရှိနိုင်ရန် သေချာစွာလေ့ကျင့်မှုနှင့် ဂိမ်းတွင်းအတွေ့အကြုံများစွာ လိုအပ်ပါတယ်!

Wave ထိန်းသိမ်းခြင်း

Lanes များ push ခြင်းနှင့်ပတ်သက်၍ အဓိကဗျူဟာသုံးရပ်ရှိသည် : slow push ခြင်း ၊ freezing နဲ့ fast push ခြင်း တို့ပဲဖြစ်ပါတယ်။ 

 

Slow Push ခြင်း 

  • သင့် minions များကိုဦးစွာ အလိုလို push ပါစေ။.
  • နောက်ဆုံးစက္ကန့်မှသာ ရန်သူ minions များကို last hit လုပ်ပါ။ 
  • သင့်ရန်သူကို wave နှင့်ဝေးဝေးမှာထားပါ။

 

ယေဘူယျအားဖြင့်၊ သင်သည် dive ခြင်း သို့မဟုတ် roam လုပ်ရန် ပြင်ဆင်ခြင်း၊ minion wave အားသာချက်ကို တည်ဆောက်ခြင်း၊ hit trading ကိုရှောင်ရှားခြင်း သို့မဟုတ် သင်၏ရန်သူကို tower အောက်တွင်သာ ထားရှိရန် ကြိုးစားနေပါက သင့်အနေနဲ့ slow push ကိုလုပ်သင့်ပါတယ်။ 

 

Freezing 

  • သင့်ရန်သူကို သင်၏ minion wave များကို push ပါစေ။
  • သင့် turrent အနီးတွင် သင့်ရန်သူ minions ကို ထိန်းထားပါ။

 

သင်သည် gank ပြုလုပ်ရန် သို့မဟုတ် ရှောင်ရှားလိုပါက ၎င်းကိုမကြာခဏလုပ်ဆောင်သင့်ပါတယ်။

 

Fast/Hard Push

  • ရန်သူ minion wave များကို တတ်နိုင်သမျှ မြန်မြန် push ပါ။.

 

သင် recall လုပ်ရန်၊ dive လုပ်ရန် သို့မဟုတ် ရန်သူတစ်ဦး၏သေဆုံးမှုကို အခွင့်ကောင်းယူလိုသည့်အခါတွင် fast/hard push ကို အသုံးပြုဖို့အကောင်းဆုံးဖြစ်ပါတယ်။

Mid tower ကာကွယ်ခြင်း

 

Mid Lane သည် Nexus သို့ အနီးဆုံးလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။mid-laner တစ်ယောက်အနေဖြင့်၊ သင်သည် သင်၏ lane turrents များကို မကာကွယ်နိုင်ခဲ့ပါက သင်၏ Nexus ကို ကာကွယ်နိုင်မှာမဟုတ်ပါဘူး။ Mid towers များကို တတ်နိုင်သမျှကာကွယ်ပါ။ ဒီလိုလုပ်ဖို့၊ objectives တွေကို မြန်မြန်ရယူပြီး သင့်ရဲ့ရန်သူတွေ သင့်ထံတိုက်ခိုက်လာမယ့်အရာတွေအတွက် အဆင်သင့်ဖြစ်အောင် တတ်နိုင်သမျှ အမြန်ဆုံး အားကောင်း လာအောင်လုပ်ပါ !

 

နိဂုံးချုပ်အားဖြင့်၊ League of Legends: Wild Rift ရှိ Mid Lane သည် ဗျူဟာမြောက်ပြီး အရေးကြီးသော position တစ်ခုဖြစ်ပါတယ်ည်။ mid-laner သည် သူတို့ရဲ့ပြိုင်ဘက်များကို outplay နိုင်ပြီး ဂိမ်းရဲ့ tempo ကို ထိန်းချုပ်နိုင်ရမှာဖြစ်ပါတယ်။

အသုံးပြုရန် ထိပ်တန်း Mid Lane Champions များ

Orianna

Orianna Wild Rift

Orianna သည် Wild Rift တွင် အလွန်ထိရောက်သော control mage တစ်ဦး ဖြစ်ပြီး အဖွဲ့လိုက်တိုက်ပွဲများကို အလွယ်တကူ စိုးမိုးနိုင်ကာ wave များကို ရှင်းထုတ်ကာ ရန်သူများကို burst လုပ်ပြီးဖြိုခွဲနိုင်ပါတယ်။ သူမရဲ့ lane တွင် farm ခြင်းနှင့် pushing လုပ်ခြင်းများသည် Mid Lane အတွက်အကြမ်းဆုံးဖြစ်ပါတယ်။

Ahri

Ahri Wild Rift

Ahri သည် single targets များကို သိသိသာသာ damage ထိနိုင်တဲ့အထိအစွမ်းထက်သော mage assassin တစ်ဦးဖြစ်ပါတယ်။ ထို့အပြင်၊ သူမရဲ့ mobility သည်သူမအား roam ခြင်း နဲ့  ခြုံခိုတိုက်ခိုက်ခြင်းများတွင် ကောင်းမွန်စွာလုပ်ဆောင်နိုင်စေပါသည်။ အံ့သြစရာကောင်းတာက သူမဟာ Patch 3.5 အတွက် mid-tier စာရင်းမှာ ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားပါတယ်။

Twisted Fate

Twisted Fate Wild Rift

Twisted Fate သည် သင်ကစားကြည့်သင့်တဲ့ အစွမ်းထက်ဆုံး champion mages များထဲမှ တစ်ဦးဖြစ်ပါတယ်။ အထူးသဖြင့် late games များတွင် ကြီးမားသော damage များကိုထိနိုင်တဲ့အတွက် Card Master  ရဲ့ abilities များသည် ဆွဲဆောင်မှုရှိလှပါတယ်။ Twisted Fate သည် backline ရှိ ရန်သူကို lock down လုပ်နိုင်ပြီး ၎င်း၏ Pick a Card နှင့် Wild Cards abilities များဖြင့် burst damage များစွာ ထိနိုင်ပါတယ်။

Zed

Zed Wild Rift

Zedthe Master of Shadows သည် minions များကိုစုပုံရာတွင် အထူးပြုသောဂိမ်းတွင်အကောင်းဆုံး melee assassins များထဲမှတစ်ဦးဖြစ်ပါတယ်။ Zed သည် အစောပိုင်းဂိမ်းများတွင် အခြားချန်ပီယံများကဲ့သို့ အင်အားမတောင့်တသော်လည်း level 5 သို့ရောက်ပြီး Death Mark ကိုရသောအခါတွင် သူ့ကိုဘယ်လိုမှာရပ်တန့်နိုင်တော့မှာမဟုတ်တာကြောင့် သင့်အနေနဲ့သူ့ကိုသွားရှုပ်ချင်မှာမဟုတ်ပါဘူး။  The Master of Shadows ၏ကစားဟန်သည် ရူးသွပ်လောက်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူသည် အလွန်လျင်မြန်စွာလှုပ်ရှားနိုင်တာကြောင့် ရန်သူရဲ့ backline သို့ လျင်မြန်စွာရောက်ရှိနိုင်ပြီး single target တစ်ခုတည်းကို damage ထိနိုင်ပါတယ်။

Fizz

Fizz Wild Rift

FizzTidal Trickster သည် အဖွဲ့လိုက်တိုက်ခိုက်ရာတွင် ရှောင်တိမ်းခြင်းနှင့် dive ခြင်းတို့ကို နှစ်သက်ပါက သင်အသုံးပြုသင့်တဲ့ အပေါ့ပါးဆုံး fish assassin များထဲမှ တစ်ဦးဖြစ်ပါတယ်။ အထူးသဖြင့် မြေပုံကို roam တဲ့အခါ Fizz ရဲ့ mobility ကတော့ အံ့မခန်းဖြစ်ပါတယ်။

၎င်းသည် League of Legends: Wild Rift ရှိ Mid Lane အတွက် ပြည့်စုံသော လမ်းညွှန်တစ်ခုဖြစ်သော်လည်း၊ သင်ယူစရာများစွာ ရှိပါသေးသည်။ ဤလမ်းညွှန်ချက်သည် သင့်အား အောင်မြင်ရန် ကူညီပေးမည်ဖြစ်ပြီး Mid Lane role ၊အကြံပြုချက်များနှင့် လှည့်ကွက်အချို့ကို သင့်အား ပိုမိုကောင်းမွန်စွာ နားလည်နိုင်စေမည်ဟု မျှော်လင့်ပါသည်။ Mid Lane အတွက် သင့်အတွက်ထင်မြင်ချက်များ နဲ့ ဘယ်လိုကစားသင့်လဲဆိုတာကိုလဲ ကျွန်ုပ်တို့ ကြားလိုပါတယ် !

Codashop တွင်သာ Wild Cores များကို ဖြည့်သွင်းရန် မမေ့ပါနှင့်။ မြန်မြန်ဆန်ဆန်နှင့် ပိုအဆင်ပြေသော ဖြည့်သွင်းမှုများကို ကျွန်ုပ်တို့ အာမခံသောကြောင့် သင်အခက်တွေ့စရာမလိုသော ဂိမ်းအတွေ့အကြုံကို ခံစားနိုင်မည်ဖြစ်သည်။.

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here