VALORANT (၂)နှစ်ပြည့်အထိမ်းအမှတ် Codashop ရဲ့ Challenge!

3
3426
VALORANT 2nd Anniversary Codashop Challenge

ဤအစီအစဥ်မှာ VALORANT ရဲ့ (၂)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ Codashop ရဲ့ Challenge ကိုလုပ်ဆောင်ပြီး 1,450VP (၁၀)ဆုကံထူးနိုင်မယ့် အစီအစဥ်ဖြစ်ပါတယ်။

Challenge ကဘာတွေလုပ်ရမှာလဲ?

  1. အရင်ဆုံး VALORANT ကစားနေတာကို ရုပ်ရော၊အသံပါပါအောင် Record လုပ်ထားပါ။
  2. ပြီးရင် ကစားပွဲတစ်ပွဲထဲမှာ Kill ရပြီဆိုတာနဲ့ “Codashop Go!” လို့အော်လိုက်ပါ။
  3. Record လုပ်ထားတဲ့ Video ကို ကိုယ့်ရဲ့ Facebook Wall (သို့) Group မှာ #VALORANTPartyWtihCodashop ဆိုတဲ့ Hashtag နဲ့အတူ Public ထားပြီးတင်လိုက်ပါ။
  4. တင်ထားတဲ့ Post Link ကို အစီအစဥ်ကြေညာထားသော Codashop Post အောက်တွင် Comment ပေးလိုက်ပါ။

ဘာဆုရမှာလဲ?

1,450VP (၁၀) ဆု လက်ဆောင်ပေးမှာဖြစ်ပါတယ်။ VALORANT Points ကို ကံထူးသူများက ပေးပို့လာသော အကောင့်ထဲသို့တိုက်ရိုက်ထည့်သွင်းပေးမှာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ထိုအကောင့်ထဲသို့ Codashop မှတစ်ဆင့် VP ထည့်လို့မရဘူးဆိုပါက Codashop မှတာဝန်ယူမည်မဟုတ်ပါ။

ဘယ်လိုရွေးချယ်မှာလဲ?

စည်းမျဥ်းစည်းကမ်းနဲ့အညီ ပါဝင်တဲ့သူတွေထဲက အမိုက်ဆုံး/အလန်းဆုံး Video ပိုင်ရှင်ဘော်ဒါ (၁၀)ယောက်ကို ရွေးချယ်မှာဖြစ်ပါတယ်။

ဘယ်အချိန်အထိပါဝင်လို့ရလဲ?

ဒီအစီအစဥ်ကို ၂၀၂၂၊ ဇွန်လ (၃) ရက်နေ့မှ ဇွန်လ (၁၅) ရက်နေ့အထိ ပါဝင်နိုင်မှာဖြစ်ပါတယ်။

စည်းမျဥ်းစည်းကမ်းများ 

  1. ဤအစီအစဉ်တွင် Codashop Myanmar မှဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။
  2. ဤအစီအစဥ်မှရရှိမည့် ဆုလက်ဆောင်ကို ငွေသားဖြင့်လဲလှယ်ခြင်း၊ အခြားသူများကို ပြန်လည်ရောင်းချခြင်း မပြုလုပ်ရ။ Codashop Myanmar မှသိရှိခဲ့လျှင် ဆုလက်ဆောင်ကို ရုတ်သိမ်းခွင့်ရှိသည်။ 
  3. ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
  4. အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar ၏အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။ 
  5. အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

BUY APP & GAME VOUCHER ONLINE

3 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here