ဆုလက်ဆောင်ကံထူးဖို့ MLBB စိန်ဖြည့်တော့မယ်ဆိုရင် Codashop မှာ WavePay နဲ့ဖြည့်လိုက်ပါ!

0
32274
Codashop Promotion WavePay for MLBB

ဒီအစီအစဥ်ကတော့ WavePay နဲ့ MLBB စိန်ဖြည့်ရင်း ဆုလက်ဆောင်ရယူနိုင်မယ့် အစီအစဥ်ဖြစ်ပါတယ်!

ပရိုမိုးရှင်းအစီအစဥ်တွင်ပါဝင်ရန်

  1. Codashop တွင် WavePay ဖြင့် MLBB စိန် အနည်းဆုံး (၅,၀၀၀)ကျပ်ဖိုး ဝယ်ယူလျှင် ဤပရိုမိုးရှင်းအစီအစဥ်၌ ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။
  2. ငွေပေးချေရာတွင် အီးမေးလ်လိပ်စာကို မဖြစ်မနေ ထည့်ပေးရပါမည်။ အီးမေးလ်လိပ်စာထည့်သွင်းပြီး အောင်မြင်စွာဝယ်ယူထားသည့် ဝယ်ယူမှုများသာ ယခုအစီအစဥ်တွင် အကျုံးဝင်မည်ဖြစ်ပါသည်။
  3. ဤပရိုမိုးရှင်းအစီအစဥ်မှာ စက်တင်ဘာလ (၃) ရက်မှစကတင်ကာ စက်တင်ဘာလ (၃၀) ရက်နေ့အထိသာဖြစ်ပါသည်။

ဆုလက်ဆောင်များ

စဥ်

ဆုလက်ဆောင်

အရေအတွက်

၁။ 

Samsung Galaxy A53 

(ပမာဏအများဆုံးဝယ်ယူသူဆု)

(၁)

၂။ 

20,000mAh Power Bank

(ကျပန်းကံထူးသူဆု)

(၁)

၃။ 

JBL Headphone

(ကျပန်းကံထူးသူဆု)

(၁)

ကံထူးရှင်‌ရွေးချယ်ခြင်းနှင့် ဆုထုတ်ယူခြင်း

  1. ပမာဏအအများဆုံးဝယ်ယူတဲ့သူ (၁)ဦးသည် Samsung Galaxy A53 (၁)လုံးလက်ဆောင်ရမှာဖြစ်ပြီး ပရိုမိုးရှင်းအစီစဥ်မှာ အကျုံးဝင်တဲ့သူတွေထဲမှ ကံထူးသူ(၂)ဦးကို ကျပန်းရွေးချယ်ပြီး 20,000mAh Power Bank (၁)လုံးနဲ့ JBL Headphone (၁)လုံး လက်ဆောင်ပေးမှာဖြစ်ပါတယ်။

  2. ဝယ်ယူရာတွင် ထည့်သွင်းခဲ့သည့်အီးမေးလ်လိပ်စာများ (တစ်စိတ်တစ်ပိုင်းဖုံးကွယ်ထားမည်) ဖြင့် ကံထူးရှင်များကို Codashop Myanmar ၏ တရားဝင် ဖေ့ဘွတ်စာမျက်နှာ မှတဆင့် အောက်တိုဘာ(၁၄)ရက်ထက်နောက်မကျဘဲ ကြေညာပေးသွားမည်ဖြစ်ပြီး ထို အီးမေးလ်လိပ်စာများမှတစ်ဆင့်သာ ဆက်သွယ် အကြောင်းကြား ပေးသွားမည်ဖြစ်ပါသည်။

  3. ကံထူးရှင်သည် ကံထူးရှင်ကြေညာသောနေ့မှစပြီး (၂) ပတ်အတွင်း Codashop မှ ဆက်သွယ် အကြောင်းကြားထားသော အီးမေးလ်ကို အကြောင်းပြန်ပေးရမည်ဖြစ်ပါသည်။ အကြောင်းမပြန်ပါက ဆုလက်ဆောင်ကို ရုပ်သိမ်းသွားမည်ဖြစ်ပါသည်။ ထိုအီးမေးလ်မှတစ်ဆင့် ဆုလက်ဆောင်ရယူရန် အဆင့်ဆင့်ကို ပြန်လည်ဆက်သွယ်သွားမည်ဖြစ်သည်။
  4. ဆုလက်ဆောင်များကို ငွေသားဖြင့်လဲလှယ်ခြင်း၊ အခြားအမျိုးအစားဖြင့်လဲလှယ်ခြင်း၊ အခြားသူများထံသို့ တစ်ဆင့်ခံပေးပို့ခြင်းများကို လက်ခံမည် မဟုတ်ပါ။
  5. အချို့သော ကံစမ်းမဲပစ္စည်းများကို ပို့ဆောင်ရာတွင် ဆုံးရှုံးခြင်း (သို့) ပျက်စီးခြင်းများအတွက် Codashop မှ တာ၀န်ယူမည် မဟုတ်ပါ။

အခြားစည်းမျဥ်းစည်းကမ်းများ

  1. ပရိုမိုးရှင်းအစီအစဉ်တွင် နေထိုင်ရာနိုင်ငံသား မဟုတ်သူများ နှင့် နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရတားမြစ်ထားသူများ ပါဝင်ခွင့်မရှိပါ။
  2. အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေပေးမှု ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများ၏ PIN (သို့မဟုတ်) OTP များကို မေးမြန်းခြင်းပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။
  3. ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
  4. ဤအစီအစဥ်တွင် Codashop Myanmar နှင့် WavePay နှင့်သက်ဆိုင်သော ကုမ္ပဏီမှ ဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။
  5. အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
  6. ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို Codashop Myanmar မှ လိုအပ်သလို အချိန်မရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။
  7. ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက (သို့) အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here