ဒီအစီအစဥ်ကတော့ WavePay နဲ့ MLBB စိန်ဖြည့်ရင်း ဆုလက်ဆောင်ရယူနိုင်မယ့် အစီအစဥ်ဖြစ်ပါတယ်!
ပရိုမိုးရှင်းအစီအစဥ်တွင်ပါဝင်ရန်
- Codashop တွင် WavePay ဖြင့် MLBB စိန် အနည်းဆုံး (၅,၀၀၀)ကျပ်ဖိုး ဝယ်ယူလျှင် ဤပရိုမိုးရှင်းအစီအစဥ်၌ ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။
- ငွေပေးချေရာတွင် အီးမေးလ်လိပ်စာကို မဖြစ်မနေ ထည့်ပေးရပါမည်။ အီးမေးလ်လိပ်စာထည့်သွင်းပြီး အောင်မြင်စွာဝယ်ယူထားသည့် ဝယ်ယူမှုများသာ ယခုအစီအစဥ်တွင် အကျုံးဝင်မည်ဖြစ်ပါသည်။
- ဤပရိုမိုးရှင်းအစီအစဥ်မှာ စက်တင်ဘာလ (၃) ရက်မှစကတင်ကာ စက်တင်ဘာလ (၃၀) ရက်နေ့အထိသာဖြစ်ပါသည်။
ဆုလက်ဆောင်များ
စဥ် | ဆုလက်ဆောင် | အရေအတွက် |
၁။ | Samsung Galaxy A53 (ပမာဏအများဆုံးဝယ်ယူသူဆု) | (၁) |
၂။ | 20,000mAh Power Bank (ကျပန်းကံထူးသူဆု) | (၁) |
၃။ | JBL Headphone (ကျပန်းကံထူးသူဆု) | (၁) |
ကံထူးရှင်ရွေးချယ်ခြင်းနှင့် ဆုထုတ်ယူခြင်း
ပမာဏအအများဆုံးဝယ်ယူတဲ့သူ (၁)ဦးသည် Samsung Galaxy A53 (၁)လုံးလက်ဆောင်ရမှာဖြစ်ပြီး ပရိုမိုးရှင်းအစီစဥ်မှာ အကျုံးဝင်တဲ့သူတွေထဲမှ ကံထူးသူ(၂)ဦးကို ကျပန်းရွေးချယ်ပြီး 20,000mAh Power Bank (၁)လုံးနဲ့ JBL Headphone (၁)လုံး လက်ဆောင်ပေးမှာဖြစ်ပါတယ်။
ဝယ်ယူရာတွင် ထည့်သွင်းခဲ့သည့်အီးမေးလ်လိပ်စာများ (တစ်စိတ်တစ်ပိုင်းဖုံးကွယ်ထားမည်) ဖြင့် ကံထူးရှင်များကို Codashop Myanmar ၏ တရားဝင် ဖေ့ဘွတ်စာမျက်နှာ မှတဆင့် အောက်တိုဘာ(၁၄)ရက်ထက်နောက်မကျဘဲ ကြေညာပေးသွားမည်ဖြစ်ပြီး ထို အီးမေးလ်လိပ်စာများမှတစ်ဆင့်သာ ဆက်သွယ် အကြောင်းကြား ပေးသွားမည်ဖြစ်ပါသည်။
- ကံထူးရှင်သည် ကံထူးရှင်ကြေညာသောနေ့မှစပြီး (၂) ပတ်အတွင်း Codashop မှ ဆက်သွယ် အကြောင်းကြားထားသော အီးမေးလ်ကို အကြောင်းပြန်ပေးရမည်ဖြစ်ပါသည်။ အကြောင်းမပြန်ပါက ဆုလက်ဆောင်ကို ရုပ်သိမ်းသွားမည်ဖြစ်ပါသည်။ ထိုအီးမေးလ်မှတစ်ဆင့် ဆုလက်ဆောင်ရယူရန် အဆင့်ဆင့်ကို ပြန်လည်ဆက်သွယ်သွားမည်ဖြစ်သည်။
- ဆုလက်ဆောင်များကို ငွေသားဖြင့်လဲလှယ်ခြင်း၊ အခြားအမျိုးအစားဖြင့်လဲလှယ်ခြင်း၊ အခြားသူများထံသို့ တစ်ဆင့်ခံပေးပို့ခြင်းများကို လက်ခံမည် မဟုတ်ပါ။
- အချို့သော ကံစမ်းမဲပစ္စည်းများကို ပို့ဆောင်ရာတွင် ဆုံးရှုံးခြင်း (သို့) ပျက်စီးခြင်းများအတွက် Codashop မှ တာ၀န်ယူမည် မဟုတ်ပါ။
အခြားစည်းမျဥ်းစည်းကမ်းများ
- ပရိုမိုးရှင်းအစီအစဉ်တွင် နေထိုင်ရာနိုင်ငံသား မဟုတ်သူများ နှင့် နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရတားမြစ်ထားသူများ ပါဝင်ခွင့်မရှိပါ။
- အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေပေးမှု ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများ၏ PIN (သို့မဟုတ်) OTP များကို မေးမြန်းခြင်းပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။
- ယခုအစီအစဥ်တွင် ပါဝင်ထားသောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
- ဤအစီအစဥ်တွင် Codashop Myanmar နှင့် WavePay နှင့်သက်ဆိုင်သော ကုမ္ပဏီမှ ဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။
- အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
- ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို Codashop Myanmar မှ လိုအပ်သလို အချိန်မရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။
- ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက (သို့) အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။