
တစ်ချို့သေနတ်တွေက Damage ၊ Range နဲ့ Accuracy တို့အတွက် Stats နိမ့်ပါတယ်
Free Fire က သေနတ်တွေမှာ သူ့ဟာနဲ့သူ ကောင်းချက်တွေ ဆိုးချက်တွေ ရှိပါတယ်။ အကောင်းဆုံးအားသာချက်ရရှိဖို့ အကောင်းဆုံးသော သေနတ်တွေကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ သေနတ် Stats တွေကို သိဖို့ အရေးကြီးပါတယ်။ အနီးကတ်ပစ်ဖို့ဘဲဖြစ်ဖြစ် အ၀ေးကပစ်ဖို့ဘဲဖြစ်ဖြစ် Fire Rate ၊ Recoil နဲ့ အခြားအရာတွေက အရေးကြီးပါတယ်။ တစ်ချို့သေနတ်တွေက တစ်ခြားဟာတွေထက်သာလို့ Battle အတွက် အဆိုးဆုံးသေနတ်တွေကို လေ့လာထားသင့်ပါတယ်။
SCAR


SCAR က ခုမှ စပြီးကစားသူတွေအတွက် ကောင်းပေမယ့် Assault Rifle အဖွဲ့ထဲမှာတော့ Damage အနည်းဆုံးဖြစ်ပါတယ်။ Reload နှုန်းကလည်း သူ့အဖွဲ့ထဲမှာ အနိမ့်ဆုံးဖြစ်လို့ ကစားသမားတွေကို အမြန်ပစ်ဖို့ ခက်ခဲစေပါတယ်။ Stable ဖြစ်ဖို့နဲ့ Bullet Spray တွေကို ထိန်းချုပ်ဖို့အတွက် Attachments များများထပ်တပ်ပေးရပါလိမ့်မယ်။ တစ်ခြားပိုကောင်းတဲ့ Rifle တွေကိုရွေးချယ်ဖို့ အကြံပေးပါရစေ။
VSS


အပေါ်ကပုံတွေ ကြည့်လိုက်တာနဲ့ လိုအပ်တဲ့ Attachements တွေ တပ်လို့မရတာကိုတွေ့နိုင်မှာပါ။ ဒါကြောင့် ဒီလက်နက်ကို ရှောင်သင့်ပါတယ်။ VSS က Range ကောင်းပေမယ့် Damage 54 ကြောင့် သိပ်အဆင်မပြေပါဘူး။ ဒါကတော့ ရန်သူကိုပစ်ရတာ ခက်ခဲစေပါတယ်။ VSS ရဲ့ Magazine က လည်းနည်းတော့ သူ့အားနည်းချက်တွေ ပိုတိုးလာစေပါတယ်။ သေချာတာတစ်ခုကတော့ သင့်မှာ တစ်ခြား SMG တွေ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။
MP40


ဒီ Submachine သေနတ်ကတော့ Range အရဆိုရင် အဆိုးဆုံးပါဘဲ။ ဒါကြောင့်သူကို လုံး၀ မသုံးသင့်ပါဘူး။ MP40 ကတော့ သူ့အဖွဲ့ထဲမှာ Accuracy အနည်းဆုံးဖြစ်လို့ သင်က အခုမှ စကစားသူဆိုရင်တော့ လုံး၀ရှောင်သင့်ပါတယ်။ Fire Rate ၈၃ ရှိလို့ အရမ်းမိုက်တယ် ထင်ရပေမယ့် သူ့ရဲ့ Magazine ထည့်နိုင်နှုန်းကတော့ ၂၀ ဘဲ ရှိပါတယ်။ ဒီတော့ လုံး၀ရှောင်သင့်ပါတယ်။
ကျွန်တော်တို့ရဲ့ စာရင်းကြောင့် သင် သေနတ်ကောင်းကို သေချာရွေးနိုင်ဖို့ မျှော်လင့်ပါတယ်။ သေနတ်ရဲ့ အားသာချက်တွေထက် အားနည်းချက်တွေက ပိုများနေရင်တော့ သူ့ထက်ကောင်းတာတစ်ခုကို ရွေးချယ်ဖို့ အမြဲသတိရပါ။
*Gun stats from Garena Free Fire
Free Fire မှာ သင်သုံးဖူးတဲ့ အဆိုးဆုံးသေနတ်က ဘာလဲ? ဘာကြောင့်အဆိုးဆုံးလို့ထင်တာလဲ? အသင့်ရဲ့ ထင်မြင်ချက်တွေကိုလဲ အောက်က Comment မှာဖလှယ်ပေးပါဦး။
သင့်ရဲ့ Free Fire Account အတွက် စိန်တွေကို Codashop မှာ ပြန်ဖြည့်ဖို့မမေ့နဲ့နော်။ ကျွန်ုပ်တို့ဆီမှာ ငွေပေးချေခြင်း နည်းလမ်း အများကြီးရှိတဲ့အပြင် လုံခြုံစိတ်ချရပြီး လျင်မြန်စွာ ငွေဖြည့်ပေးဖို့ အာမခံပါတယ်။



















