MLBB စိန်ဖြည့်ရင်း နှစ်သစ်ဆုလက်ဆောင်များ ကံထူးနိုင်မယ့် Codashop ရဲ့ သင်္ကြန်ပွဲတော်!

25
25618
MLBB Codashop Thingyan Lucky Draw Promotion

MLBB Player ဘော်ဒါတွေအတွက် Codashop မှာစိန်ဖြည့်ရင်း နှစ်သစ်ဆုလက်ဆောင်များ ကံထူးနိုင်မယ့် Codashop ရဲ့ သင်္ကြန်ကံစမ်းမဲအစီအစဥ်လာပါပြီ!

ပရိုမိုးရှင်းအစီအစဥ်တွင်ပါဝင်ရန်

  • (၅,၀၀၀)ကျပ်ဖိုးနှင့်အထက် ဝယ်ယူသော ငွေပေးချေမှု တစ်ခုချင်းစီအတွက် ကံစမ်းခွင့်ရရှိမည်ဖြစ်သည်။

မှတ်ချက်။        ။ကံစမ်းမဲလက်မှတ်သီးသန့်ပို့ပေးသွားမည်မဟုတ်ဘဲ (၅,၀၀၀)ကျပ်ဖိုးနှင့်အထက် ဝယ်ယူထားသော Transaction ID တစ်ခုစီကို ကံစမ်းခွင့်တစ်ခုအဖြစ် သတ်မှတ်ပြီး Codashop မှ မဲနှိုက်ကံစမ်းပေးသွားမည်ဖြစ်သည်။

ပရိုမိုးရှင်းကာလ

၂၀၂၂၊ ဧပြီလ (၁၂)ရက်မှ ဧပြီလ (၃၀) ရက်နေ့အတွင်း ဝယ်ယူမှုများအတွက်သာ အကျုံးဝင်ပါသည်။ 

ကံထူးနိုင်မည့် ဆုလက်ဆောင်များ

ကံစမ်းမဲတွင်ပါဝင်သော ဆုလက်ဆောင်များ စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ(၁,၀၀၀)ကျော်ခန့်ဖြစ်ပါသည်။ ဆုလက်ဆောင်များအနက် Apple Watch၊ Redmi Buds၊ Power Bank နှင့် စိန်လက်ဆောင်များပါဝင်သည်။

အများဆုံးဝယ်ယူသူဆု
Apple Watch Series 7
ကံစမ်းမဲကာလအတွင်း MLBB စိန်ပမာဏအများဆုံးဝယ်ယူသူအတွက် Apple Watch Series 7 (၁) လုံး

ကျပန်းကံစမ်းမဲဆုများ

Xiaomi Redmi Buds 3
ကံထူးသူ(၃) ဦးအတွက် Xiaomi Redmi Buds 3 (၃) ဆု
40000mAh Power Bank
ကံထူးသူ(၃) ဦးအတွက် 40,000mAh Power Bank (၃) ဆု

မှတ်ချက်။ ။ဖော်ပြပါဆုပုံများသည် ကိုးကားဖော်ပြခြင်းသာဖြစ်သည်။

ဒါအပြင် နောက်ထပ်ကံထူးရှင် (၃)ယောက်ကိုလည်း Codashop မှ (၅၀,၀၀၀)ကျပ်ဖိုးစိန်လက်ဆောင် ပေးဦးမှာဖြစ်ပါတယ်။

ဆုလက်ဆောင်ရရှိသူ စိစစ်ရွေးချယ်ခြင်းနှင့် ကြေညာခြင်း

၁။ ကံစမ်းထားသူများထဲမှ ကံထူးရှင်များကို Codashop Myanmar မှ မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်သည်။ (အများဆုံးဝယ်ယူသူဆုအတွက် မဲနှိုက်စရာမလိုပါ။)

၂။ ကံထူးသူများကို Codashop Myanmar ၏ တရားဝင် ဖေ့ဘွတ်စာမျက်နှာမှတဆင့် မေလ(၁၆)ရက်နေ့ထက် နောက်မကျဘဲ ကြေညာပေးသွားမည် ဖြစ်ပါသည်။

၃။ ကံထူးရှင်များကို ဝယ်ယူရာတွင် ထည့်သွင်းခဲ့သည့်အီးမေးလ်လိပ်စာသို့ ဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

၃။ ကံထူးရှင်သည် ကံထူးရှင်ကြေညာသောနေ့မှစပြီး (၄)ပတ်အတွင်း ဆုလက်ဆောင်ပို့ဆောင်ပေးရမည့် နေရပ်လိပ်စာကို Codashop မှ ဆက်သွယ်အကြောင်းကြားထားသော အီးမေးလ်မှတဆင့် အကြောင်းပြန်ပေးရမည်ဖြစ်ပါသည်။ အကြောင်းမပြန်ပါက ဆုလက်ဆောင်ကို ရုပ်သိမ်းသွားမည်ဖြစ်ပါသည်။

၄။ ဆုလက်ဆောင်များကို ကြေညာပြီး (၃)ပတ်မှ (၄)ပတ်အတွင်း ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ဆုလက်ဆောင်များကို ငွေသားဖြင့်ဖလှယ်ခြင်း၊ အခြားအမျိုးအစားဖြင့်ဖလှယ်ခြင်း၊ တစ်ဆင့်ခံပေးပို့ခြင်းများကို လက်ခံမည် မဟုတ်ပါ။

၅။ Codashop သည် ပစ္စည်းများပို့ဆောင်ရာတွင် ဆုံးရှုံးခြင်း (သို့) ပျက်စီးခြင်းအတွက်တာ၀န်ယူမည် မဟုတ်ပါ။

စည်းမျဥ်းစည်းကမ်းများ

၁။ ဤအစီအစဥ်မှာ မြန်မာနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသားများအတွက်သာရည်ရွယ်ပြီး ဥပဒေအရ တားမြစ်ထားသူများ ပါဝင်ခွင့်မရှိပါ။

၂။ အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေပေးမှု ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများ၏ PIN (သို့မဟုတ်) OTP များကို မေးမြန်းခြင်းပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။

၄။ ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။

၄။ ဤအစီအစဥ်တွင် Codashop Myanmar မှ ဝန်ထမ်းများပါဝင်ခွင့်မရှိပါ။

၅။ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။

၆။ ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို  Codashop Myanmar မှ လိုအပ်သလို အချိန်အရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။

၇။ ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက (သို့မဟုတ်) အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

BUY APP & GAME VOUCHER ONLINE

25 COMMENTS

  1. စိန်တော့ဝယ်ထားတာပဲ…ပေါက်ရင် ဘယ်ကိုဆက်သွယ်မှာလဲဗျာ…မဲက ပေးပြီးပြီလား…09898548551

    • ဟိုင်း! ကံထူးတဲ့သူတွေကို ဝယ်ယူစဥ်မှာထည့်သွင်းခဲ့တဲ့ Email မှတစ်ဆင့်ဆက်သွယ်အကြောင်းကြားပေးမှာဖြစ်ပါတယ်။ ကံထူးတဲ့သူတွေရဲ့ Email လိပ်စာ(အပြည့်အစုံမဖော်ပြပါ) တွေကိုလည်း Codashop Facebook Page ကနေကြေညာပေးမှာဖြစ်ပါတယ်။

    • ကံထူးတယ်ဆိုရင် Email ကနေတစ်ဆင့်ကြေညာပေးမှာဖြစ်တဲ့အတွက် Email လိပ်စာထည့်ဖို့ လိုအပ်ပါတယ်နော်။

  2. ဘယ်လောက်ဝယ်မှစိန်ပေါက်တာလဲထည့်တည့်diamond တွေကများနေပြီ

    • အနည်းဆုံးစိန်(၅,၀၀၀)ကျပ်ဖိုးဝယ်တဲ့သူတွေထဲက ကံထူးသူများကို မဲနှိုက်ရွေးချယ်ပေးမှာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here