ကျဥ်ဆန်ကုန် သွားပြီလား? သင်ဆက်ပြီးအသက်ရှင်ဖို့ Free Fire Melee လက်နက်လမ်းညွှန်ကို ဖတ်ကြည့်လိုက်ရအောင်​

0
464

Free Fire melee weapon guide

Free Fire မှာမေးရမယ့် အရေးကြီးဆုံးမေးရမယ့် မေးခွန်းကတော့ : ငါဘာလက်နက်ကို သုံးသင့်လဲပေါ့?  အများစုကတော့ အ၀ေးကနေပစ်လို့ရတဲ့ သေနတ်လို လက်နက်တွေကို ဖြေမှာပါ။ ဒါပေမယ့် သေနတ်မှာ ကျဥ်ကုန်သွားရင်ဘယ်လိုလုပ်မလဲ?  Katana တို့ Parang တို့ Bat တို့ကို ထုတ်ပြီးရန်သူတွေကို တိုက်ခိုက်ရပါတော့မယ်။ Melee လက်နက်တွေအကြောင်းစုံကို ဒီမှာဘဲ သင်ယူလိုက်ရအောင်။ 

Melee လက်နက် စရင်း

ဘယ် Free Fire ကစားသမားကမှတော့ သေနတ်တွေနဲ့တိုက်ကြတဲ့တိုက်ပွဲထဲကို ဓားကိုင်ပြီးတော့သွားမှာမဟုတ်ပါဘူးနော်။ ဒါပေမယ့် အဆိုးဆုံး အချိန်ကို ရင်ဆိုင်ဖို့ ဒါတွေကို သိထားသင့်ပါတယ်။ ဒီလက်နက်တွေက ရန်သူနဲ့ ထိတ်တိုက်တွေ့ရချိန်မှာ အသုံး၀င်ပါတယ်။ 

Katana

Katana

သင်တို့ရဲ့ ရန်သူတွေကို ဒီဓားနဲ့ Samurai အကွက်ပြသလိုက်ပါ။ Katana က Hayato နဲ့ ဆက်နွယ်လို့ Melee လက်နက်တွေကြားမှာတော့ အမြင့်ဆုံးကို ရောက်ရှိနိုင်ပါတယ်။ လူတွေများတဲ့ အခြေအနေတွေ နဲ့ အိမ်တွေကိုရှင်းလင်းတဲ့ အခါ Katana က အလွန်ကောင်းတဲ့ လုပ်ဆောင်မှုကိုလုပ်နိုင်ပါတယ်။  ရန်သူတွေကို ဒီဓားနဲ့ခုတ်တဲ့အခါ ပိုပြီးစတိုင်ကျနေမှာပါ။ 

Weapon Stats:

  • Damage: 66
  • Range: 5
  • Accuracy: 10
  • Movement Speed: 88
  • Rate of Fire: 32

ဒယ်အိုး Pan 

ဒါကတော့ Free Fire တစ်ခုလုံးမှာ အကောင်းဆုံး Melee လက်နက်ဘဲ ဖြစ်ပါတယ်။ သင်က ဒီ သံအ၀ိုင်းအရာနဲ့ ရန်သူရဲ့ခေါင်းကိုထုရိုက်ပြီး Headshot သတ်နိုင်ပါတယ်။ ဒီ ဒယ်အိုးရဲ့ မျက်နှာပြင်ကျယ်က ရန်သူတွေနဲ့တိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ကို ကာကွယ်နိုင်ပါတယ်။ အပိုအကာအကွယ်တစ်ခုအတွက် ဒါကို သယ်ဆောင်ရန်အလေ့အကျင့်လေး ပြုလုပ်ပါနော်။

Weapon Stats:

  • Damage: 62
  • Range: 5
  • Accuracy: 10
  • Movement Speed: 88
  • Rate of Fire: 35

Parang

Parang

Melee အမျိုးအစားနောက်တစ်မျိုးကတော့ တိုက်ခိုက်ဖို့အပြင် ကာကွယ်ဖို့အတွက်ပါ အသုံးဝင်ပါတယ်။ ဒါပေမယ့် မျက်နှာပြင်ကကျဥ်းတာကြောင့် သင်အသတ်ရှည်လွတ်မြောက်ဖို့ အာမမခံနိုင်ပါဘူး။ Parang က Damage များပြီး Accuracy လည်းများတာကြောင့် ပိုတိကျအောင်တိုက်ခိုက်နိုင်ပါတယ်။ ဒါကိုဆောင်ထားရင် သင်ပြေးတာပိုပြီးတော့ မြန်စေမှာပါ။ 

Weapon Stats:

  • Damage: 66
  • Range: 5
  • Accuracy: 10
  • Movement Speed: 88
  • Rate of Fire: 32

Bat

Bat

သူ့ရဲ့ ကိုယ်ထည်ကြောင့် Bat က ဒယ်အိုးလိုတော့  ကျဥ်တွေကိုမကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ တိုက်ခိုက်နိုင်တဲ့အကွာအ၀ေးကတော့ ဟိုဟင်းချက်တဲ့ဒယ်အိုးထက်ပို၀ေးပါတယ်။ သူကို သယ်ထားရင်တော့ ခတ်မိုက်မိုက်ပုံစံထွက်တာပေါ့။ 

  • Damage: 63
  • Range: 5
  • Accuracy: 10
  • Movement Speed: 88
  • Rate of Fire: 33

Scythe

Scythe

Grim Reaper လို ပုံဖန်းချင်တယ်ဆိုရင်တော့ သင်က Scythe ကိုကိုင်သင့်ပါတယ်။ လူတွေကြောက်အောင်လုပ်နိုင်သလို တစ်ခြား Melee တွေထက်ကို ဒီ Scythe က Damage အမြင့်ဆုံးနဲ့ Range အများဆုံးဖြစ်ပါတယ်။ မကောင်းတာလေးတစ်ခုကတော့ လက်နက်ကိုဝှေ့ယမ်းတဲ့အရှိန် နည်းနည်း နှေးတာပါ။ 

  • Damage: 90
  • Range: 6
  • Accuracy: 10
  • Movement Speed: 82
  • Rate of Fire: 30

Melee လက်နက်တွေ အသုံးပြုချိန်တွင် သိကောင်းစရာများ

Melee လက်နက်တွေကို သေနတ်တွေလောက်မသုံးပေမယ့် သူဟာသူတော့ အသုံး၀င်ပါတယ်။ 

    • Melee လက်နက်တွေသုံးရရင် အတတ်နိုင်ဆုံး မြန်မြန်လှုပ်ရှားပါ။ သင်နဲ့ သင့်ရန်သူရဲ့ အကွာအ၀ေးကို နီးအောင်လုပ်ပါ။ ရန်သူနဲ့ နီးအောင်သွားပြီး သင်ချတာကို ပိုပြင်းပိုမှန်ကန်အောင်လုပ်ပါ။
    • သင့်ရဲ့ Melee လက်နက်ကို ခဏခဏလွှဲပါ။​ ဒါမှ သင့်ရန်သူပစ်နေတာကို အနည်းငယ်ကာကွယ်နိုင်မှာပါ။ သင့်ကို ကျည်ဆံကနေတောင် ကယ်တင်ချင်ကယ်တင်နိုင်မှာပါ။
    • ဒယ်အိုးက အလွန်ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို အနီးကပ် အကွာအဝေးမှာ ဖြစ်စေပါတယ်။  ဒါကြောင့် သင့် ရန်သူတွေကို Headshot လုပ်နိုင်အောင် ကြိုးစားပါ။ Fire နှူန်း အမြင့်ဆုံးဖြစ်တာမို့လို့ ကောင်ကောင်းအသုံးချပါ။ 
    • ဒယ်အိုးက သင့်အတွက် ဒိုင်းကာလိုလဲကာနိုင်တဲ့အတွက် နောက်ကြောမှာ အမြဲသယ်သွားပါ။ 
    • Kla ကို အသုံးပြုရင်တော့ သူ့ရဲ့ ထူခြားတဲ့ Ability ဖြစ်တဲ့ Muay Thai က ကောင်းကောင်း အသုံး၀င်ပြီး လက်၀ှေ့တစ်ချက်ထဲနဲ့ ရန်သူတွေ ပြိုလဲအောင်လုပ်နိုင်ပါတယ်။ 

သင့်ရဲ့ Free Fire Account ကို Codashop မှာ ပြန်ဖြည့်ဖို့မမေ့နဲ့နော်။ ကျွန်ုပ်တို့ဆီမှာ ငွေပေးချေခြင်းနည်းလမ်းအများကြီးရှိတဲ့အပြင် လုံခြုံစိတ်ချရပြီး လျင်မြန်စွာ ငွေဖြည့်နိုင်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here