ကဲကဲ ဒီတစ်ခေါက်မှာတော့ PUBG ပရိသတ်ကြီးကို PUBG Mobile Lite က Zombies တွေ နဲ့ မနက် အချိန် အထိ ဘယ်လိုအသက်ရှင်အောင်နေကြမလည်း ဆိုတာကိုပြောပြမှာဘဲ ဖြစ်ပါတယ်။

0
1430

Survive Till Dawn

ဒီနှစ် ဟော်လို၀င်း ကို စိတ်ခြောက်ခြားစွာ ဖြတ်သန်းချင်ရင်တော့ PUBG Mobile Lite ရဲ့ Survive Till Dawn ကို ကစားနိုင်ပါတယ်။ ဒီ ကစားနည်းမှာတော့ တစ်ခြားကစားသမားတွေနဲ့ စည်းစည်းလုံးလုံးနေပြီး Zombies တွေရဲ့ရန်ကနေ ကာကွယ်ပြီး ၂ ည တိတိ အသက်ရှင်နေရင်း နေ့အချိန်မှာတော့ တစ်ခြားရန်သူတွေကိုလည်း တိုက်ခိုက်ရင်း အသက်ရှင်အောင်နေရမှာ ဖြစ်ပါတယ်။ နောက်ဆုံး ကျန်တဲ့ အဖွဲ့ ကတော့ အနိုင်ရမှာဘဲ ဖြစ်ပါတယ်။ 

ဒီ ပိုစ့်မှာတော့ သင် အသက်ရှင်သူတွေကိုတိုက်ခိုက်ရင်း ဒီအသေကောင်များကိုဘယ်လို ပြစ်ခတ်တိုက်ခိုက်ရမလည်းဆိုတာကို ပြောပြပေးသွားမှာပါ။ ကဲအားလုံးလိုအပ်တဲ့ ပစ္စည်းတွေကို စုဆောင်းပြီး Zombies တွေကိုအကိုက်မခံရအောင် ကြိုးစားရမှာပါ။

Zombie Mode ကို ဘယ်လိုကစားရမလည်း ဆိုရင်တော့ 

အခြား ကစားသမားတွေ နဲ့ ပြိုင်ဆိုင်ရတာကတော့ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီလို တိုက်ခိုက်ရင်း Zombies တွေရဲ့ကြားထဲမှာ အသက်ရှင်အောင်ကြိုးစားရတာ ပိုမိုပျော်ဖို့ကောင်းပါတယ်။ ဒီမှာ Suvive Till Dawn ကို ဘယ်လိုကစားရမယ်ကို ပြောပြထားပါတယ်နော်။   

၁။ PUBG Mobile Lite ကို ဖွင့်လိုက်ပါ။ သင့်ရဲ့ ဂိမ်းဗားရှင်း က နောက်ဆုံး ဗာရှင်းဖြစ်တဲ့ 0.19.0 ဖြစ်မှ ဒီ Mode ကိုဆော့လို့ရမှာ ဖြစ်ပါတယ်နော်။

၂။ သင်ရဲ့ screen ဘယ်ဘက်အပေါ်ဘက်ရှိ mode selection menu ကိုနှိပ်ပါ။
၃။ Arcade မှာပါရှိတဲ့ Survive Till Dawn ကိုရွေးပါ။ သင်သည် Level ၁၀ သို့ ရောက်ရှိနေမှသာ ဤ mode ကိုဆော့နိုင်မှာ ဖြစ်ပါတယ်။
၄။ Start ကိုနှိပ်ပါ။ ဦးနှောက်တွေကို စားတဲ့ Zombies တွေကို Headshot နဲ့ ပြစ်ခတ်တိုက်ခိုက်ဖို့ သင်နီးနေပါပြီ။ 

အားလုံးကို​ရင်ဆိုင်ရန် ပြင်ဆင်ခြင်း 

Zombies Mode ရဲ့ Erangel မှာနေပြီး ဖြတ်ကျော်ရတဲ့ ည ၂ ည အတွက် က Normal Mode နဲ့ မတူပါဘူး။ ပထမညမှာတော့ Zombie များတွေက ခံနိုင်ရည် သိပ်မရှိတော့ လွယ်လွယ်ကူကူ တိုက်ခိုက်နိုင်ပါသေးတယ်။ နံနက်ခင်းအချိန်မှာတော့ ကောင်းကောင်းပြင်ဆင်ပါ။ ပစ္စည်းများသေချာကောယူ စုဆောင်းပါ။ Zombie တွေကို ပြစ်ခတ်ပြီး ရရှိလာတဲ့ လက်နက်များ နဲ့ ကျဥ်ဆံများကို သေချာကောက်ယူပါ။​ ဒုတိယညမှာတော့ ရက်စက်တဲ့ Zombie များကိုတွေဆုံရန် ပြင်ဆင်ထားပါ။ FlameThrowers တွေကို သတိထားအုံးနော်။ 

ပြေးရင်း ပြစ်ခတ်ပါ

Zombies တွေရန်မှလွတ်ဖို့ အတွက် ထွက်ပြေးသော နည်းလမ်းက အကောင်းဆုံးပါဘဲ။  သင်ထွက်ပြေးနေစဥ် မှာတော့ ရှိသမျှပစ္စည်းတွေနဲ့ ပြစ်ခတ်ပါ။  သင် Sideswiped မလုပ်ခံရဖို့ သတိထားပါ။ သင်နဲ့ သင့်အဖွဲ့သားတွေအားလုံး ထောင့်မှာ ပိတ်မိနေခဲ့ရင်တော့ အသုံးပြုဖို့ အတွက် ထွက်ပေါက်ကို သေချာရှာထားပါ။ Zombies များကို သတ်ရန် အံ့အားသင့်သွားအောင် (သို့မဟုတ် Stealth) ကိုအသုံးပြုပါ။ တစ်ခြားရန်သူတွေနဲ့ မတူဘဲ ဒီ Zombie တွေကတော့ အသက်ခံဖို့ဘဲ ရှိနေတာကြောင့် လွယ်ကူတဲ့ ပစ်မှတ်တွေဖြစ်ပါတယ်။ အကောင်းဆုံး စည်ကမ်းကတော့ ခေါင်းကိုဘဲချိန်ပါ။ Zombie တွေကိုတိုက်ခိုက်ဖို့ ဒါကတော့ အမြန်ဆုံးနည်းလမ်းဘဲဖြစ်ပါတယ်။ Zombie တွေက တည့်တည့်ဘဲ ပြေးတဲ့ အတွက် သူတို့ကို ပြစ်ခတ်ဖို့ အလွန်လွယ်ကူပါတယ်။

ပြစ်ခတ်ပြီး ကျဥ်ဖြည့်ပါ

ဒီ Zombie တွေက သူတို့ ခေါင်းမရှိတော့တဲ့ အချိန်မှ လွဲ၍ ဘယ်တော့မှ မရပ်တန့်ပါဘူး။ ဒီ တစ်ညတာကို အသက်ရှင်ဖို့ အချိန်မရွေးလက်နက်ကိုထားပါ။ ဇီဇာမကြီးပါနဲ့ ဘယ်လက်နက်မဆိုကိုင်ပါ။ Pistol ဘဲဖြစ်ဖြစ် Rifel သို့မဟုတ် SMG ဘဲ ဖြစ်ဖြစ် ယူပြီး အသားကုန် ပစ်ခတ်ပါ။ ကျဥ်ကိုအမြန်ဖြည့်ပါ။ မဟုတ်လို့ကတော့ သူတို့က သင့်ဆီကို အသေပြေးလာမှာပါ။ ဒီ အကောင်တွေကို ဘာမှတားလို့မရပါဘူး။  

Anti-Zombie Zeal of Approval

ဒီ Mode အတွက်ကတော့ ပစ္စည်းအသစ်တွေလည်း ရရှိမှာ ဖြစ်ပါတယ်။​  စာရင်းထဲမှာပါတဲ့ ပထမဆုံးပစ္စည်းကတော့ Liquid Nitroden Mine (နိုက်ထရိုဂျင်မိုင်း) ပါဝင်ပါတယ်။ ဒီမိုင်းကိုတတ်နင်းမိရင်တော့ Zombie တွေက ခဏတာ အေးခဲသွားမှာဖြစ်ပါတယ်။ ဒီ အချိန်မှာ သင်သူ့ကို ပစ်ခတ်နိုင်သလို ထွက်ပြေးလို့ရပါတယ်။ Shock Ammo ကတော့  Zombie တွေသေစေနိုင်သည့်လှိုင်းများကို ထုတ်လွှတ်ပြီး Zombie တွေရန်နမှ ကာကွယ်နိုင်ရန် ကူညီပေးပါတယ်။ သင့်အနီးအနားရှိ အသင်းသားများနဲ့ တစ်ချိန်ထဲ Health ကို ကုသပေးသောလှိုင်းများကို ထုတ်လွှတ်ရန် Bio Ammo ကိုအသုံးပြုပါ။ Kinetic Ammo ကတော့ သင်၏ ပစ်ခတ်မှုများကို အချိန်တိုလေးအတွင်းမှာ တိုးမြှင့်ပေးပြီး အနီးတစ်၀ိုက်မှာရှိတဲ့ ရန်သူတွေကို ပေါက်ကွဲစေနိုင်ပါတယ်။ နောက်ဆုံးမှာတော့ Zombies တွေရှိရာနေရကို ရှာဖွေပြီး သူတို့ကို နှေးကွေးသွားအောင်လုပ်နိုင်တဲ့ အသံလှိုင်းများကို ထုတ်လွှင့်ပေးတဲ့  Nosie Ammo ဖြစ်ပါတယ်။ ဒီပစ္စည်းတွေကို သေချာစွာ အသုံးပြုပြီး သင့်ရဲ့ အသက်ရှင်နိုင်စွမ်းကို မြှင့်တင်လိုက်ပါ။​

နောက်ဆုံး အကြံပြုချက်များ 

ကားများနဲ့ Zombie တွေကို တားဆီးပြီး ကျဥ်များနဲ့ ပစ်ခတ်ပါ။
နည်းလမ်းများ အားလုံးက အလုပ်မလုပ်တော့လျှင် ရေထဲမှာ ပုန်းနေပါ။ Zombie တွေက ရေမကူးတတ်ပါဘူး။Zombie တွေတင်မကဘဲ တစ်ခြား ရန်သူများရဲ့ ရန်ကိုပါ အမြဲစိတ်ထဲမှာ ထည့်ထားပါ။ ကိုယ်တွေရဲ့ နောက်ဆုံး ရည်မှန်းချက်ကတော့ နောက်ဆုံ ကျန်တဲ့ အဖွဲ့ ဖြစ်ပြီး အနိုင်ရရှိဖို့ပါဘဲ။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here