MPT နှင့် Codashop Myanmar တို့မှ ပြုလုပ်သည့် “Valentine’s Promotion” အစီအစဉ်

0
15081
MPT Codashop Valentine's Promotion

မေးလေ့မေးထရှိသည့် မေးခွန်းများ

“Valentine’s Promotion” အစီအစဥ်ဆိုတာ ဘာလဲ?

ဤအစီအစဉ်သည် MPT အသုံးပြုသူများအတွက် Codashop နှင့် MPT တို့မှ ပူးတွဲကျင်းပသော ကံစမ်းမဲအစီအစဥ်တစ်ခုဖြစ်ပါသည်။ သတ်မှတ်ထားသော ကာလအတွင်း Codashop တွင် MLBB စိန်(သို့) Wild Cores (သို့) VALORANT Points  များကို MPT ဖုန်းဘေလ်ဖြင့် (၅,၀၀၀)ကျပ်နှင့်အထက် ဝယ်ယူသည့်သူများထဲမှ မဲနှိုက်ရွေးချယ်ပြီး ဆုလက်ဆောင်များပေးအပ်သွားမည့် အစီအစဥ်ဖြစ်ပါသည်။ 

ဒါ့အပြင် ကိုယ်ဝယ်လိုက်တဲ့ ပမာဏအတိုင်း MPT ဒေတာတွေကို (၁၀၀)ရာခိုင်နှုန်း ပြန်လည်ရရှိမယ့် 100% ကြေးမုံပြင် Cashback ကိုပါ ရရှိနိုင်ဦးမှာဖြစ်ပါတယ်။

“Valentine’s Promotion” အစီအစဉ် ကာလ ဘယ်လောက်ကြာမြင့်မှာလဲ?

ဤအစီအစဥ်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့ မှစတင်ကာ ဖေဖော်ဝါရီလ(၂၈)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

“Valentine’s Promotion” အစီအစဉ်မှာ မည်သူတွေ ပါဝင်နိုင်သလဲ?

ဤအစီအစဥ်တွင်ပါဝင်ကံစမ်းခွင့်ရမည့်သူများမှာ သတ်မှတ်ထားသော ကာလအတွင်း Codashop တွင် MLBB စိန်များ(သို့) Wild Cores (သို့) VALORANT Points များကို MPT ဖုန်းဘေလ်ဖြင့် (၅,၀၀၀)ကျပ်နှင့်အထက် ဝယ်ယူသည့်သူများဖြစ်ပါသည်။ (၅,၀၀၀)ကျပ်ဖိုးနှင့်အထက် ဝယ်ယူသော ငွေပေးချေမှု တစ်ခုချင်းစီအတွက် ကံစမ်းခွင့်ရရှိမည်ဖြစ်သည်။ မှတ်ချက်။ ကံစမ်းမဲလက်မှတ်သီးသန့်ပို့ပေးသွားမည်မဟုတ်ဘဲ (၅,၀၀၀)ကျပ်ဖိုးနှင့်အထက် ဝယ်ယူထားသော Transaction ID တစ်ခုစီကို ကံစမ်းခွင့်တစ်ခုအဖြစ် သတ်မှတ်ပြီး Codashop မှ မဲနှိုက်ကံစမ်းပေးသွားမည်ဖြစ်သည်။

“Valentine’s Promotion” အစီအစဉ်တွင် မည်သည့် ဆုလက်ဆောင်များရနိုင်မည်နည်း?

ကံထူးသူများအနေနဲ့ မိမိဝယ်ယူခဲ့သော ဂိမ်းအမျိုးအစားအလိုက် (၂၀,၀၀၀)ကျပ်ဖိုး MLBB စိန်များ(သို့) Wild Cores (သို့) Valorant Points များကို လက်ဆောင်ရရှိမှာဖြစ်ပါသည်။ Mobile Legends: Bang Bang၊ League of Legends: Wild Rift နှင့် VALORANT စသည့် ဂိမ်းအမျိုးအစား (၃)မျိုးသတ်မှတ်ထားသည့်အနက် ဂိမ်းအမျိုးအစားတစ်ခုလျှင် ကံထူးသူ (၂၀)ဦးစီ မဲနှိုက်ရွေးချယ်ပေးမည်ဖြစ်ပြီး စုစုပေါင်းကံထူးရှင်အရေအတွက်မှာ (၆၀)ဦးရှိမည်ဖြစ်သည်။ 

ဂိမ်းအမျိုးအစား

ဆုလက်ဆောင်

ကံထူးသူ

Mobile Legends: Bang Bang

(၂၀,၀၀၀)ကျပ်ဖိုး MLBB စိန်

(၂၀) ဦး

League of Legends: Wild Rift

(၂၀,၀၀၀)ကျပ်ဖိုး WC

(၂၀) ဦး

VALORANT 

(၂၀,၀၀၀)ကျပ်ဖိုး VP

(၂၀) ဦး

 

“Valentine’s Promotion” အစီအစဉ်တွင် ကံထူးကြောင်း ဘယ်လိုသိနိုင်မလဲ?

ကံထူးရှင်များကို ဝယ်ယူရာတွင် အသုံးပြုခဲ့သည့် In-game အကောင့် ID များနှင့်တကွ  ၂၀၂၂၊ မတ်လ(၁၄)ရက်ထပ်နောက်မကျဘဲ Codashop Myanmar ၏ တရားဝင်ဖေ့ဘွတ်စာမျက်နှာမှတဆင့် ကြေညာပေးသွားမည်ဖြစ်ပါသည်။

ဆုများကို ဘယ်လို ထုတ်ယူရမလဲ?

ဆုလက်ဆောင်များကို ကံထူးရှင်ကြေညာပြီး (၁)ပတ်အတွင်း ကံထူးရှင်များ ဝယ်ယူခဲ့သော သက်ဆိုင်ရာဂိမ်း အကောင့်ထဲသို့ တိုက်ရိုက်ထည့်ပေးသွားမည်ဖြစ်ပြီး ဆုလက်ဆောင်များကို ငွေသားဖြင့်ဖလှယ်ခြင်း၊ အခြားအမျိုးအစားဖြင့်ဖလှယ်ခြင်း၊ တစ်ဆင့်ခံပေးပို့ခြင်းများကို လက်ခံမည် မဟုတ်ပါ။

အသေးစိတ်ကို သိရှိလိုပါက ဘယ်ကို ဆက်သွယ်မေးမြန်းနိုင်ပါသလဲ။

အသေးစိတ်အချက်အလက်များအား Codashop Myanmar Facebook ၏ Message Box မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်သလို MPT Website စာမျက်နှာတွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ ထို့အပြင် MPT Call Center – ၁၀၆ သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here