ပြိုင်ဖက်တွဲဖက်မှု (Matchmaking) : Moonton က MLBB ရဲ့ ပြိုင်ဖက်တွဲဖက်မှုကိုဘယ်လိုပိုကောင်းအောင်လုပ်ထားပါသလဲ

0
6185

Mobile Legends - Match Making

လူအများနဲ့ကစားရတဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အွန်လိုင်း ကစားပွဲတစ်ခုဖြစ်တဲ့ Arena ဒါမှမဟုတ် MOBA မှာ အရည်အချင်းတူညီတဲ့ အသင်းနှစ်သင်းကို ယှဉ်ပြိုင်စေခြင်းကတော့ အရေးကြီးဆုံးအရာဖြစ်ပါတယ်။ Mobile Legend မှာ တရားမျှတမှုဆိုတဲ့ နာမည်အောက်မှာ ဘယ်လိုအသင်းနဲ့ပြိုင်ရမလဲဆိုတာကစားသမားများက အလွန်စိတ်ပူကြသည်။ ပိုပြီးအားသာတဲ့အသင်း ဒါမှမဟုတ် rank နိမ့်တဲ့အသင်းနဲ့တွဲခံရမှုတွေက ကစားသမားတွေကိုပြင်းထန်စွာအကျိုးသက်ရောက်မှုရစေသည်။ 

သင်ဟာMlBB ကိုအကြာကြီးကစားနေတဲ့သူတစ်ယောက်ဆိုရင် ဘယ်လောက်ကစားပွဲဟာကောင်းကောင်းဆိုးဆိုး ကစားသမားတွေ စိတ်ပူတာတော့ ကြုံဖူးမှာပါ။ ဥပမာပြောရမယ်ဆို Rank ဂိမ်းကစားပွဲမျိုးမှာပေါ့။ ပြောရမယ်ဆို epic ကစားသမားတစ်ယောက်က legend တစ်ယောက် mythic တစ်ယောက်နဲ့တွဲခံရပြီ ဆိုပါတော့။ ဒါကတခြားအသင်းအတွက်မမျှတမှုကို ဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ mythic rank ရဲ့ အမြင့်ဆုံးကစားသမား တွေရဲ့ hero ဒါမှမဟုတ် Emblem power တွေက အခြားနိမ့်တဲ့အသင်းရဲ့  epic rank တွေထက်မြင့်နေလို့ပါ။ အသင့်တော်ဆုံးတွဲပေးတဲ့အသင်းပုံစံကိုပြောရမယ်ဆိုရင် : 

ကစားသမားရဲ့ Rank Matchmaking lineup
Grandmaster All Grandmaster OR Grandmaster + Epic players only
Epic Grandmaster + Epic OR All Epic OR Epic + Legend players only
Legend Legend + Epic OR All Legend OR Legend + Mythic players only
Mythic All Mythic OR Legend + Mythic players only 


“Operational Attention project”
ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ Moonton က တိုးတက်ဖို့လိုတဲ့နေရာတွေ Mobile legend ကစားတဲ့နေရာမှာ ပိုကောင်းကောင်းကစားနိုင်ဖို့ ထင်မြင်ချက်​တွေကို လိုက်စုပေးနေတာဖြစ်ပါတယ်။ အောက်ဖော်ပြပါ ပြင်ဆင်မှုများနှင့် ပတ်သက်ပြီး ကောင်းမွန်သောအရာများအား မကြာခင်တုန်းကဂိမ်းထဲသို့ထည့်သွင်းထားပါတယ်။

အသင်းနှစ်သင်းတွဲပေးတဲ့အခါမှာ ကစားသမားရဲ့ Rank ကိုအခြေခံပြီး ထို Rank နဲ့ ကိုအသုံးပြုပြီး Matchmaking Algorithm ဖြင့် မှားယွင်းတဲ့တွဲဖက်မှု ဒါမှမဟုတ် မတရားတဲ့ပြိုင်ပွဲတွေကိုလျော့နည်းသွားစေပါတယ်။ 

ပြိုင်ဖက်တွေကို တွဲပေးတဲ့စည်းမျည်းတွေ ပိုကောင်းအောင်လိုဖို့ဆိုရင်တော့ တစ်ယာက်ထဲကစားတဲ့ ကစားသမားတွေကို အခြားပိုအားကောင်းတဲ့လူစိမ်းတွေနဲ့ တွဲမပေးတော့ပါဘူး (နှစ်ယောက်သင်းသုံယောက်သင်းဒါမှမဟုတ် ငါးယောက်လုံးပါတဲ့ပြိုင်ဖက်အသင်း)။ Algorithm က ပြိုင်ဖက်တွဲပေးတဲ့စည်းမျည်းတွေပိုကောင်းအောင်လုပ်ဆောင်မှုတွေက ၂ယောက်တွဲနဲ့သုံးယောက်တွဲ တူတူတွဲထားတဲ့အသင်းကို သုံးယောက်တွဲနဲ့နှစ်ယောက်တွဲတွဲထားတဲ့အသင်းနဲ့ ယှဥ်ပြိုင်တိုက်ခိုက် ခိုင်းပါမယ်။ ငါးယောက်တစ်သင်းတွေကတော့ အခြားငါးယောက်သင်းဖြင့်သာ ယှဥ်ပြိုင်တွဲဆော့ရပါမယ်။ 

ကစားသမားရဲ့တစ်ဦးချင်းမှာရှိတဲ့ တိကျမှုဆိုတဲ့ skill level ကိုတိုးတက်ဖို့ Medal point တွေကိုထည့်ထားပါတယ်။ ဒီအသစ်ထည့်ထားတဲ့အရာက ကစားထားတဲ့ overall rating ရယ် seasonal rating ရယ် မကြားသေးခင်ကကစားထားတဲ့ကစားပွဲရဲ့ရလာဒ်ရယ်ကိုအခြေခံထားတာပါ။ အဲ့ဒီကနေမှပိုပြီးတိကျတဲ့ ပိုကောင်းတဲ့ပြိုင်ဖက်တွေပေးပေးမဲ့တဲ့ Elo စည်းမျည်းကိုရတာပါ။ 

ပိုကောင်းတဲ့ star rating / protection point
Game ရဲ့ ရလာဒ်က ဘယ်လိုအဖွဲ့နဲ့ ဆော့ရလဲဆိုတာပဲပေါ်တင်မူတည်တာမဟုတ်ပါဘူး။ အသင်းရဲ့အပေးအယူမျှမှု၊ ကိုယ့် hero နဲ့ရင်းနှီးမှု၊ အသင်းရဲ့ကစားကွက်တွေကလဲအသင်းရလာဒ်ကိုအဆုံးအဖြတ်ပေးပါသေးတယ်။ ကစားပွဲမှာ သူများနဲ့မတူပဲပိုကောင်းအောင်ကစားနိုင်တဲ့ကစားသမားဟာ အပို star-rating / protection point တွေကို rank တင်ဖို့ရမှာပါ။ 

အသင်းတွေကိုဘယ်လိုပိုကောင်းအောင်တွဲဖက်ပေးတယ်ဆိုတာကိုပိုသိချင်ရင် အောက်ပါ video ကိုကြည့်နိုင်ပါတယ်။ Video ကြည့်ရန် https://www.youtube.com/watch?v=0eAznN8K4dw

Mobile Legend ဆော့ရတဲ့ သင့်ရဲ့အတွေ့အကြုံကကောဘယ်လိုတွေရှိလဲ။ comment ထဲမှာမျှဝေပေးပါဦးနော်။ ပြီးတော့ Mobile Legend အတွက်စိန်တွေကို https://www.codashop.com/mm/mobile-legends မှာပဲဖြည့်ဖို့မမေ့နဲ့ဦးနော်။ Codashop ကပိုမြန်ပြီးသက်တောင့်သက်သာဖြစ်မယ်လို့အာမခံပါတယ်။ ဒါကြောင့်မို့ အခက်အခဲမရှိပဲ game ကစားရတဲ့ အတွေ့အကြုံကို သင်ခံစားနိုင်မှာပါ။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here