MLBB Phoveus Hero လမ်းညွှန် : အကောင်းဆုံးတည်ဆောက်ပုံ၊ Emblem နှင့် အခြားအကြံပြုချက်များ

0
1030

မျက်တောင်မခတ်ပါနဲ့! မျက်တောင်ခတ်ပြီးပြေးတဲ့ရန်သူတွေကို လိုက်ပြီးဒဏ်ပေးမယ့်နောက်ဆုံးပေါ် fighter ကြီးရောက်လာပြီ!

Shadow of Dread လို့ ခေါ်တဲ့ Phoveus ကတော့ Mobile Legends ရဲ့အသစ်လွင်ဆုံး fighter hero ဖြစ်ပါတယ်။ သူက ဗလတောင့်တောင့်နဲ့ magic damage တွေထုတ်တဲ့အကောင်ကြီးဖြစ်ပြီး သူ့ရဲ့သေလောက်တဲ့ တုတ်ကြီးကိုသယ်ပြီး လမ်းလျှောက်လာတဲ့ပုံစံက အတော့်ကို ကြောက်ဖို့ကောင်းပါတယ်။ ဒါနဲ့ သူက မျက်စိမမြင်ဘူးဆိုတာ သိပါသလား? သူက သူ့ရဲ့လက်နက် Astaros ကို လမ်ပြအဖြစ် တိုက်ပွဲမှာသုံးပါတယ်။ ဒီဆောင်းပါးမှာတော့ သူ့ရဲ့အကောင်းဆုံးတည်ဆောက်ပုံ၊ emblem set, battle spell, counter လုပ်နည်းတွေနဲ့ တခြားကစားရာမှာအကြံပြုချက်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ 

Phoveus ကိုလုံးဝလျှော့မတွက်ပါနဲ့၊ သတိပေးထားပါမယ်၊ မျက်စိတစ်မှိတ်အတွင်း ဘာမဆိုဖြစ်ပျက်သွားနိုင်တယ်နော်! ပြီးတော့ Lancelot, Gusion နဲ့ Harith ကိုင်တဲ့သူတွေကိုလည်း ကြိုသတိပေးထားချင်တာက Phoveus နောက်ကလိုက်လာပြီး သင့်ကို တစ်ချက်တည်းအသေသတ်လိုက်နိုင်တယ်ဆိုတာပါပဲ။

Phoveus ကိုသုံးပြီး MLBB မှာဘယ်လိုနိုင်မလဲ

Phoveus က အမြန်ပြေး/ခုန်နိုင်တဲ့စကေးတွေကြောင့် ရန်သူတွေကိုအလွယ်လေးလိုက်သတ်ပြီး counter လုပ်နိုင်တာကြောင့် အကောင်းဆုံး fighter တစ်ယောက်ဆိုတာ ငြင်းရခက်ပါတယ်။ Phoveus ကိုသုံးပြီးအနိုင်ယူဖို့ အကြံပြုချက်တစ်ချို့ကတော့ :

Phoveus, the Shadow of Dread. Image Credit: Moonton / Mobile Legends

Phoveus စကေးများ/ စွမ်းရည်များ

Demonic Intuition
© fandom.com

ရန်သူတစ်ယောက်က Blink ဒါမှမဟုတ် Charge စကေးတွေသုံးတဲ့အခါတိုင်း Phoveus ရဲ့ skill cooldowns တွေအားလုံးကိုလျှော့ချတယ် သို့မဟုတ် 1 စက္ကန့်နှုန်းနဲ့သွင်းပေးတယ်။

Malefic Terror
© fandom.com

Phoveus က မြေကြီးကိုရိုက်ချပြီး ရန်သူတွေကို damage ထုတ်တယ်။ ဒီစကေးနဲ့ရန်သူတွေကို တိုက်ခိုက်တဲ့အခါ သူက Shield နဲ့ Movement Speed ကိုထပ်တိုးပြီးရတယ်။ ရန်သူ hero, creep ဒါမှမဟုတ် Phoveus ကိုယ်တိုင် သွားထိရင်တောင် သူကပွင့်ထွက်ပြီးတော့ damage ထုတ်တယ်။

Astaros Eye
© fandom.com

Phoveus က Astaros Eye ကို ခေါ်လိုက်တယ်။ ခဏအကြာမှာ သူကတဖြည်းဖြည်းကျုံ့သွားပြီး ရန်သူတွေကိုလည်း သူ့ရဲ့ အလယ်ဗဟိုကို ဆွဲခေါ်သွားပြီး damage ထုတ်တယ်။

Demonic Force
© fandom.com

ရန်သူတစ်ယောက်ယောက်က blink သို့မဟုတ် charge စကေးတွေကိုသုံးရင် Phoveus က သူတို့ရဲ့နေရာကို ချက်ချင်းခုန်နိုင်ပြီး လက်သီးကြမ်းကြမ်းတစ်လုံးပစ်ထည့်လိုက်ပြီး သူကတော့ Shield ရပါတယ်။ အခြေအနေပေးရင်တော့ 12 စက္ကန့်ကြာတဲ့အထိ အကြိမ်ကြိမ်သုံးလို့ရပါတယ်။

Phoveus Play Style

ROLE:
Fighter

SPECIALTY:
Chase | Control

RECOMMENDED LANE:
EXP Lane

Durability
Offense
Skill Effects
Difficulty

Phoveus အတွက် အကောင်းဆုံးလမ်း

Phoveus ကို ဘေးလမ်းတွေမှာ ကစားတာပိုကောင်းပါတယ် အထူးသဖြင့် Experience လမ်းမှာကစားတဲ့အခါ သူ level မြန်မြန်တက်အောင် ကူညီနိုင်ပါတယ်။ သူက သူ့ရဲ့ shield ကြောင့် ကြိုက်တဲ့ heroes တွေနဲ့တွဲပြီးယှဉ်ပြီး အကြမ်းပတမ်းလည်းဆော့လို့ရပါတယ်။

Phoveus အတွက်သုံးဖို့ စကေးအတွဲအစပ်များ

Phoveus ရဲ့ basic combo အတွက် သူ့ရဲ့ ultimate ကို စကိုင်ဖို့ second skill ကိုစသုံးပြီး မြန်မြန်သူ့ရဲ့ first skill နဲ့လိုက်သုံးရပါမယ်။ (2-3-1-3)

Phoveus Ultimate Skill
Phoveus Ultimate Skill – Demonic Force

Phoveus အတွက် အကောင်းဆုံး Battle Spell များ

Phoveus အတွက်အကျိုးရှိမယ့် spells (၂) မျိုးရှိတယ်။ ပထမတစ်ခုက Flameshotဘာလို့လဲဆိုတော့ Phoveus ရဲ့ Ultimate ကို တွန်းကန်ထွက်လာစေပြီး နောက်ထပ်တစ်ခေါက် အမြန်ခုန်လို့ရလို့ပါပဲ။ နောက်တစ်ခုကတော့ Executeရန်သူတွေ low HP နဲ့ ပြေးနေတဲ့အချိန် တစ်ခါတည်းအပြတ်ဖြတ်လိုက်နိုင်လို့ပါပဲ။

Phoveus အတွက် အကောင်းဆုံး Emblem Set များ

Phoveus ရဲ့ magic damage ကိုအကောင်းဆုံးအသုံးချဖို့ဆို Custom Magic Emblem ကိုသုံးပါ။ ထည့်ထားရမယ့် talent points တွေကတော့ :

  • Movement Speed ကိုတိုးမြှင့်ပေးနိုင်တဲ့ Agility
  • Magic penetration အတွက် Observation
  • အပို magic damage အတွက် Impure Range
  • အဲလိုမှမဟုတ်ရင်တော့ farming အတွက် အခက်အခဲဖြစ်နေရင် Mystery Shop ကိုရွေးနိုင်ပါတယ်။ (Equipment item တစ်ခုကို သူ့စျေးနှုန်းရဲ့ 90% နဲ့တင်ဝယ်ယူနိုင်ပါတယ်။)

Best Emblem Set for Phoveus

Magic Emblem Set

Phoveus အတွက် အကောင်းဆုံး Build

Phoveus က သူဖြုန်းနိုင်တဲ့ စကေးတွေကို ရေရှည်သုံးဖို့ဆို mana items တွေအပေါ်အာရုံစိုက်ဖို့လိုပါတယ်။ သူ့ရဲ့ ပထမစကေးနဲ့ Ultimate ကဆက်တိုက်သုံးလို့ရတာကြောင့် mana ခဏခဏလျော့တတ်ပါတယ်။ ပြီးတော့ defense အတွက် ပစ္စည်းတွေလည်းထည့်ထားပါ။

Best Build for Phoveus
Best items for Phoveus
  • Demon Shoes: Mana Regen (+6)
  • Clock of Destiny: Mana (+600), HP (+615), Magic Power (+60)
  • Concentrated Energy: Magic Power (+70), HP (+700)
  • Oracle: HP (+850), Magic Defense (+42), CD Reduction (+10%)
  • Immortality: HP (+800), Physical Defense (+40)
  • Brute Force Breastplate: HP (+770), Physical Defense (+45)

Phoveus က counter လုပ်နိုင်တဲ့ heroes များ

သူ့ရဲ့ စပါယ်ရှယ်စကေးတွေကြောင့် Phoveus က အမြန်ခုန်နိုင်တဲ့ heroes တွေကို သူ့ရဲ့ သူမတူတဲ့ ultimate နဲ့ counter လုပ်လို့ရပါတယ်။ ဥပမာတွေကတော့ :

  • Lancelot
  • Wanwan
  • Harith
  • Gusion
  • Karrie
  • Fanny

Phoveus ကို counter လုပ်နိုင်တဲ့ heroes မျာ

တစ်ဖက်မှာတော့ ဒီ hero တွေကလည်း Phoveus ကို counter ပြန်တိုက်နိုင်ပြီး သူ့ရဲ့ shield ထွက်တဲ့ effect ကို ပယ်ဖျက်နိုင်ပါတယ်။ ဥပမာတွေကတော့ :

  • Esmeralda
  • Baxia
  • Chang’e

သင့်ရဲ့ Mobile Legends Diamonds တွေကို Codashop မှာ ပြန်ဖြည့်ဖို့မမေ့နဲ့နော်။ ကျွန်ုပ်တို့ဆီမှာ မြန်ဆန်ပြီးလွယ်ကူချောမွေ့တဲ့ငွေဖြည့်ခြင်းနည်းလမ်းအများကြီးရှိလို့ သောကကင်းတဲ့ ဂိမ်းဆော့ခြင်းအတွေ့အကြုံကို ခံစားနိုင်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here