MLBB Hero လမ်းညွှန် : သင့်ရဲ့ရန်သူတွေကိုအလဲထိုးမယ့် Pacquito အတွက် အကောင်းဆုံး build

0
654

လက်ဝှေ့အကျော်အမော် Manny Pacquiao ကိုအတုယူထားတဲ့ Paquito အနိုင်ယူဖို့ထွက်ပေါ်လာပြီ

Paquito, Mobile Legends မှာနောက်ဆုံးထွက်ထားတဲ့ fighter ကို pick တဲ့အခါ သူကထိုးမယ်လို့ပြောရင် ချက်ချင်းထိုးတယ်ဆိုတာ သိထားပါ။ Paquito မှာ crowd control, burst, buff တွေနဲ့ mobility တို့ပါအကုန်ပါပါတယ်။ သူ့ရဲ့ skillset နဲ့ passive တွေက တမူထူးခြားတာကြောင့် အခြေအနေအမျိုးမျိုးမှာ ဘယ်လိုအကွက်တွေနဲ့တိုက်မယ်ဆိုတာ ခန့်မှန်းဖို့ခဲယဉ်းပါတယ်။ ဒီဆောင်းပါးမှာ ကစားသူတွေအတွက် အကြိုက်ဆော့နိုင်ဖို့ အမိုက်စား brawler ကြီးရဲ့အကောင်းဆုံး build အကြံပြုချက်လေးတွေကိုနားထောင်ကြည့်လိုက်ရအောင်။

Paquito ကအရမ်းအစွမ်းထက်ပြီးတော့ အစောပိုင်းဂိမ်းမှာဆို ရန်သူတွေကိုအနိုင်ပိုင်းနိုင်ပါတယ်။ တခြား hero တွေနဲ့ယှဉ်ရင် သူကအသက်ရှင်ကျန်နိုင်ခြေလည်းပိုများပါတယ်။ ဒါပေမယ့် သိထားရမှာက သူက skill တွေဘယ်လိုတွဲသုံးလဲဆိုတဲ့ combo ပေါ်မှာလုံးဝမူတည်နေတာဖြစ်ပြီး တစ်ချက်တည်းအနိုင်ပိုင်းတဲ့အကွက်မပါပါဘူး။ Paquito ကကစားဖို့နည်းနည်းခက်နိုင်ပေမယ့် များများလေ့ကျင့်ရင် နောက်ဆုံးအထိ ရန်သူတွေကို အကုန်သတ်နိုင်ပါလိမ့်မယ်။

MLBB မှာ Paquito ကိုင်ပြီးဘယ်လိုအနိုင်ယူမလဲ

Saber

Paquito ရဲ့ Skills များ / စွမ်းဆောင်ရည်များ

Ancestral Guidance
© fandom.com

Paquito က သူ့ရဲ့ Basic Attacks နဲ့ ရန်သူတွေကို damage လုပ်တာဖြစ်ဖြစ် skills တွေနဲ့ damage လုပ်ရင်stacks တွေတက်ပါတယ်။ ဒီ stacks 4 ခုပြည့်ရင် Champ Stance ရပြီး နောက်သုံးမယ့် skills ကိုမြှင့်တင်ပေးတယ်။ Paquito က သူ့ရဲ့နည်းစနစ်မှာဆရာကြီး၊ ပြီးရင်သူ့ skills တွေပြည့်သွားရင် cooldown မရှိတော့။ ဒါပေမယ့် သူ့ရဲ့ Basic Attacks တစ်ခုစီက (+85% physical attack စုစုပေါင်း) Physical Damage ကိုပဲထုတ်နိုင်တယ်။ နောက် skill ကို မြှင့်တင်ပေးပြီးတဲ့အခါမှာ Paquito က သူ့ရဲ့ movement speed ကို နောက် 2.5 စက္ကန့်အတွင်းမှာ 60% တိုးနိုင်တယ်။

Soul Bloom
© fandom.com

Paquito က ဦးတည်ချက်တစ်ခုထဲကိုပဲထိုးပြီး သူ့ဦးတည်ချက်ရန်သူကို 245 / 280 / 315 / 350 / 385 / 420 (+70% Total Physical Attack) Physical Damage ထုတ်တယ်။ ရန်သူကိုထိုးလို့ ထိသွားရင် Paquito က 200 / 260 / 320 / 380 / 440 / 500 (+110 Total Physical Attack) Shield ရတယ်။ 

Champ Stance မြှင့်တင်ပြီး : Paquito  ရဲ့အပြင်းစားထိုးချက်က ဒီထက်ပိုကြမ်းလာပြီးတော့ 350 / 400 / 450 / 500 / 550 / 600 (+100% Total Physical Attack) Physical Damage ထုတ်ပြီး သူ့ရဲ့ နဂိုရှိပြီးသား Shield ရဲ့ 110% ထုတ်ပေးပါတယ် (ဒီမြှင့်တင်ထားတဲ့ shield က နဂိုရှိတဲ့ shield နဲ့လည်း stack နိုင်ပါတယ်) ဒီ shield ကလည်း 2.5 စက္ကန့်ကြာပါတယ်။

Guiding Wind
© fandom.com

Paquito က ရှေ့ကိုထွက်လာပြီးတော့ ဆတ်ကနဲထိုးပြီး ဒီနယ်မြေတစ်ခုထဲကရန်သူတွေအားလုံးကို 250 / 310 / 370 / 430 / 490 / 550 (+100% Total Physical Attack) Physical Damage ထုတ်တယ် 

Champ Stance မြှင့်တင်ပြီး : Paquito ရဲ့ လက်သီးကိုဒီထက်တောင်ပိုအားပြင်းစေတယ် နယ်မြေထဲကရန်သူတွေကို 400 / 496 / 592 / 688 / 784 / 880 (+150% Total Physical Attack) Physical Damage ထုတ်တယ်။

Jab က ကိုယ့်လမ်းကြောင်းပေါ်က ပစ်မှတ်တွေကို damage မပေးဘူး hero ဒါမှမဟုတ် creep ကိုထိမှ ရပ်တယ် ( သူက minions တွေကိုဖြတ်သွားပါတယ်)

Circling Eagle
© fandom.com

Paquito က ရှေ့မှာရှိတဲ့ ရန်သူတွေကို တံတောင်ဆစ်နဲ့တိုက်ပြီး  250 / 300 / 350 (+50% Total Physical Attack) Physical Damage ထုတ်ပြီးတော့ ကိုယ်သူတို့ကိုထားချင်တဲ့နေရာရောက်အောင်တွန်းပို့တယ်။ ပြီးတော့ သူက မြန်မြန်ဆန်ဆန်ပဲ တစ်ချက်ရမ်းပြီး စွတ်ထိုးလိုက်တာ 400 / 500 / 600 (+100% Total Physical Attack) Physical Damage နဲ့ ပစ်မှတ်ရန်သူတွေကို 75% နဲ့ ၁စက္ကန့်စာ နှေးစေပြီး သူကနောက်ဆုတ်သွားတယ်။ 

Champ Stance မြှင့်တင်ပြီး : ရန်သူတွေကိုလိုချင်တဲ့နေရာရအောင် တွန်းပို့ပြီးနောက် Paquito ဟာ ပင့်လက်သီးတစ်ချက်ထိုးပြီး 600 / 750 / 900 (+150% Total Physical Attack) Physical Damage ထုတ်ပြီးတော့ ရန်သူတွေကိုမနှေးစေဘဲ လေထဲကိုလွင့်ထွက်သွားစေတယ်။

Paquito ကစားပုံ

ROLE:
Fighter

SPECIALTY:
Chase | Damage (Specialty)

RECOMMENDED LANE:
EXP Lane

Durability
Offense
Skill Effects
Difficulty

အကောင်းဆုံး Battle Spell

Paquito အတွက် သုံးလို့ရတဲ့ battle spell တွေအများကြီးရှိပါတယ် ဒါပေမယ့် ကိုယ့်အဖွဲ့ရဲ့ဖွဲ့စည်းပုံအပေါ်မှာလည်း မူတည်နေပါသေးတယ်။ HP လျော့နေတဲ့အချိန်မှာ ရန်သူတွေကိုအပြီးသတ် သတ်ဖို့ဆိုရင်တော့ Execute ကိုယူပါ။ Flicker ကတော့ Paquito ရဲ့ skills တွေကိုအပြည့်အဝ အထောက်အကူပေးပါတယ်။ သူကအဲဒါကိုသုံးပြီးတော့ ရန်သူတွေကို လိုက်နိုင်တယ်၊ သေခါနီးဆဲဆဲမှာထွက်ပြေးနိုင်တဲ့အပြင် ရန်သူတွေကိုအံ့ဩလောက်တဲ့ jab အစွမ်းကိုတောင်ပြနိုင်ပါတယ်။

အကောင်းဆုံး Emblem Set

အခုလက်ရှိမှာ အကောင်းဆုံး Fighter တစ်ယောက်အဖြစ် အမွှမ်းတင်ခံထားရတဲ့ Paquito ကို Fighter Emblem သုံးပြီး အကြမ်းစား killing machine ဖြစ်အောင်ပြောင်းလဲနိုင်ပါတယ်။ Physical attack တိုးဖို့အတွက် Bravery Invasion နဲ့ Festival of Blood ကတော့ ပိုပြီးကြာရှည်ခံနိုင်ဖို့ကူညီပါတယ်။

Mobile Legends Talents
Fighter Emblem Set

Assassin Emblem ကိုလည်းရွေးပြီး Killing Spree ကိုလည်း damage ပိုများများထွက်ချင်ရင်သုံးနိုင်ပါတယ်။

*ရန်သူ lineup ကိုအမြဲစောင့်ကြည့်ပြီး ဘယ် emblem set ကအသုံးအဝင်ဆုံးဖြစ်မလဲဆိုတာကိုဆန်းစစ်ပါ။

အကောင်းဆုံး Build

Mobile Legends Items

Item build ကို vamp နဲ့ true physical damage အတွက် အာရုံစိုက်ပါ။ အရေးအကြီးဆုံးရည်မှန်းချက်ကသူ့ရဲ့ damage ကိုပိုကြာကြာထုတ်နိုင်ဖို့ဆိုတော့ အနည်းဆုံး attack items 3 ခုလောက် စပ်ထားမှ တော်ကာကျနိုင်မှာပါ။ Endless Battle ကသင့်ရဲ့ အပို true damage နဲ့ lifesteal အတွက်အဓိကဓာတ်ကူပစ္စည်းဖြစ်ပါတယ်။ Tough ဒါမှမဟုတ် Warrior Boots တစ်ခုခုကိုရွေးချယ်နိုင်ပါတယ် ဒါပေမယ့် ဒါကလည်း ကိုယ့်ရဲ့ရန်သူ lineup အပေါ်မှာမူတည်ပါတယ်။ Bloodlust Axe ကတော့ကိုယ့်ရဲ့ ခံနိုင်ရည်စွမ်းကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ Brute Force Breastplate က ရတဲ့ speed boost ကလည်း ရန်သူတွေကိုအမှီလိုက်နိုင်အောင်ကူညီပေးပါတယ်။ Queen’s Wings က damage လျှော့ပေးနိုင်ပြီး Blade of Despair ကတော့ အမြင့်ဆုံး physical attack ကိုပေးစွမ်းနိုင်မှာပါ။

သင့်ရဲ့ Mobile Legends Diamonds တွေကို Codashop မှာ ပြန်ဖြည့်ဖို့မမေ့နဲ့နော်။ ကျွန်ုပ်တို့ဆီမှာ မြန်ဆန်ပြီးလွယ်ကူချောမွေ့တဲ့ငွေဖြည့်ခြင်းနည်းလမ်းအများကြီးရှိလို့ သောကကင်းတဲ့ ဂိမ်းဆော့ခြင်းအတွေ့အကြုံကို ခံစားနိုင်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here