MLBB စိန်ဘောနပ်: ဝယ်တာထက်ပိုရဖို့ Codashop မှာစိန်ဖြည့်စို့!

0
40782
MLBB Bonus Codashop

မှတ်ချက်။    ။ယခင်ဆောင်းပါးကို ထပ်မံပြင်ဆင်ပြုပြင်ထားသည်။ 

ဤဆောင်းပါးသည် ၂၀၂၃ သြဂုတ်လ (၁၆) ရက်မှ သြဂုတ်လ (၃၁) ရက်နေ့အတွင်းကျင်းပသော MLBB စိန်ဘောနပ်ပရိုမိုးရှင်းနှင့်ပက်သက်၍ သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများကို ဖော်ပြထားသော ဆောင်းပါးဖြစ်ပါသည်။ 

  1. ပရိုမိုးရှင်းကာလမှာ ၂၀၂၃ သြဂုတ်လ (၁၆) ရက်မှ သြဂုတ်လ (၃၁) ရက်အတွင်းဖြစ်သည်။ 
  2. ပရိုမိုးရှင်းကာလအတွင်း Codashop ရှိ သတ်မှတ်ထားသော MLBB ကုန်ပစ္စည်းများကို MPT၊ ATOM၊ Ooredoo ဖုန်းဘေလ်များဖြင့်ဝယ်ယူပြီး စိန်အပိုဘောနပ်များ ရယူနိုင်မှာဖြစ်ပါသည်။ သတ်မှတ်ထားသော ကုန်ပစ္စည်းများအလိုက် ရနိုင်မည့် စိန်အပိုဘောနပ်များမှာ အောက်ဖော်ပြပါဇယားအတိုင်း ဖြစ်ပါသည်။ 

ကုန်ပစ္စည်း

စိန်အပိုဘောနပ်

စုစုပေါင်း ကန့်သတ်အကြိမ်ရေ (၁၆) ရက်

နေ့စဥ်ကန့်သတ်အကြိမ်ရေ

Weekly Diamond Pass

140 Diamonds

6,811

426

184 Diamonds + 18 Bonus

100 Diamonds

9,535

596

မှတ်ချက်။    ။စိန်အပိုဘောနပ်များကို နေ့စဥ်ပေးမည့်အကြိမ်ရေကန့်သတ်ထားပြီး ဦးသူယူစနစ်ဖြင့် မျှဝေပေးမှာဖြစ်သောကြောင့် အမြန်ဦးပြီးဝယ်ဖို့တော့လိုပါမယ်။ 

မှတ်ချက်။     ။စိန်အပိုဘောနပ်သည် Gifting (လက်ဆောင်ပေးခြင်း) အတွက်အကျုံးမဝင်ပါ။ 

3. အကောင့် ID တစ်ခုလျှင် တစ်ရက်အတွင်း ကုန်ပစ္စည်းတစ်ခုအတွက် (၁) ကြိမ်သာ ဘောနပ်ရပိုင်ခွင့်ရှိသည်။ ဥပမာ – စိန်ပမာဏ 184 Diamonds + 18 Bonus ကို ဂိမ်းအကောင့် ID တစ်ခုသည် တစ်ရက်အတွင်း (၂)ကြမ်ဝယ်ယူသည်ဆိုလျှင် ထိုတစ်ရက်အတွက် ပထမဆုံးဝယ်ယူမှုအတွက်သာ စိန်ဘောနပ် ရမည်ဖြစ်ပါသည်။ ညသန်းခေါင် 00:00 နာရီတွင် အသစ်ပြန်စသည်။ 

4. စိန်အပိုဘောနပ်များအတွက် သတ်မှတ်ထားသော နေ့စဥ်ကန့်သတ်အကြိမ်ရေပြည့်သွားလျှင် ဘောနပ်ပေးခြင်းကို ရပ်တန့်သွားမည်ဖြစ်သည်။ ထို့ကြောင့် ဝယ်ယူမှုတိုင်းအတွက်တော့ ဘောနပ်ရမည်ဟု အာမမခံနိုင်ပါ။ 

5. MPT၊ ATOM၊ Ooredoo ဖုန်းဘေလ်များဖြင့် ဝယ်ယူမှုများသာ အကျုံးဝင်မည်ဖြစ်ပြီး ဤသည်မှာ ထပ်မံပြင်ဆင်မှုရှိနိုင်သည်။ 

6. စိန်အပိုဘောနပ်များကို ဝယ်ယူပြီး အလွန်ဆုံး (၁) ပတ်အတွင်း In-game Mailbox ထဲသို့ပို့ပေးမည်ဖြစ်ပြီး ထိုမှတစ်ဆင့်ထုတ်ယူရမည်ဖြစ်သည်။ 

7. ဤပရိုမိုးရှင်းအစီအစဉ်တွင် မြန်မာနိုင်ငံတွင်းနေထိုင်သူ နိုင်ငံသား မဟုတ်သူများ နှင့် နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရတားမြစ်ထားသူများ ပါဝင်ခွင့်မရှိပါ။

8. အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေပေးမှု ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများ၏ PIN (သို့မဟုတ်) OTP များကို မေးမြန်းခြင်းပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။

9. ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ ဝယ်ယူမှုမှတ်တမ်းများ၊ ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ သက်ဆိုင်သူ မိတ်ဖက်အဖွဲ့အစည်းများသို့ ပြန်လည်မျှဝေခြင်း၊ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။

10. အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။

11. ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို Codashop Myanmar မှ လိုအပ်သလို အချိန်မရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။

12. ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက (သို့) အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here