Game ထဲမှာမတည့်ပေမယ့် အပြင်မှာအရမ်းခင်ရတဲ့သူငယ်ချင်းရှိလား?

0
830
Mention Your Frenemy Giveaway by Codashop

ဘော်ဒါတွေအကြား ချစ်ခင်ရင်းနှီးမှု ပိုပြီးခိုင်မှာလာဖို့အတွက် Codashop မှစီစဥ်ကျင်းပတဲ့ ဒီ Giveaway အစီအစဥ်မှာပါဝင်လိုက်ပါ။ အပြင်မှာအရမ်းခင်သလောက် Game ထဲမှာအရမ်းလောင်လို့ မတည့်တဲ့ဘော်ဒါတွေရှိရင်လှမ်းခေါ်လိုက်ပြီး ဖုန်းဘေလ်အတူကံထူးနိုင်ပါပြီ။ 

ဘယ်လိုပါဝင်ရမလဲ?

အစီအစဥ်ကြေညာထားသော Facebook ပိုစ့်အောက်တွင်…

(၁) ဂိမ်းအတူဆော့နေကျဘော်ဒါ တစ်ယောက်ကိုမန်းရှင်းခေါ်လိုက်ပါ။

(၂) ပြီးတော့ လောင်တာလေးတွေလျှော့စေချင်တဲ့အကြောင်း စာတိုလေးလည်းရေးပေးခဲ့ပါဦး! 

ဘယ်နေ့အတွင်းပါဝင်လို့ရလဲ?

၂၀၂၂ ခုနှစ်၊ မတ်လ (၁၉) မှ (၂၅) ရက်အတွင်းသာပါဝင်နိုင်မှာဖြစ်ပါတယ်။ 

ဘယ်လိုရွေးချယ်မှာလဲ?

Game ကစားတဲ့ဘော်ဒါအချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ပေါ်လွင်ထင်ရှားအောင် တိုတိုတုတ်တုတ်နဲ့ အထိမိဆုံးဆွေးနွေးနိုင်ပြီး သတ်မှတ်ထားတဲ့စည်းမျဥ်းများနဲ့အညီပါဝင်တဲ့ ဘော်ဒါတွေထဲက (၁၀)ယောက်ကို Codashop Myanmar မှ တာဝန်ရှိသူများကရွေးချယ်မှာဖြစ်ပါတယ်။ 

ဘာလက်ဆောင်ပေးမှာလဲ?

Comment ပေးတဲ့ဘော်ဒါ (၁၀)ယောက်နဲ့ မန်းရှင်းခေါ်ခံရတဲ့သူ (၁၀)ယောက်ကို ရွေးချယ်ပြီး ဖုန်းဘေလ်(၅,၀၀၀)ကျပ် စုစုပေါင်း (၂၀)ခု လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ 

စုစုပေါင်းလက်ဆောင်တန်ဖိုးမှာ (၁)သိန်းကျပ်ဖြစ်ပါတယ်။ 

စည်းမျဥ်းစည်းကမ်းများ 

  1. ဤအစီအစဉ်တွင် Codashop Myanmar မှဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။
  2. ဤအစီအစဥ်မှရရှိမည့် ဆုလက်ဆောင်ကို ငွေသားဖြင့်လဲလှယ်ခြင်း၊ အခြားသူများကို ပြန်လည်ရောင်းချခြင်းမပြုလုပ်ရ။ Codashop Myanmar မှသိရှိခဲ့လျှင် ဆုလက်ဆောင်ကို ရုတ်သိမ်းခွင့်ရှိသည်။ 
  3. ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
  4. အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar ၏အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။ 
  5. အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here