Codashop မှာ MLBB အတွက်လျှော့ဈေးနဲ့ စိန်ဘောနပ်များရယူပါ!

0
28031
Codashop MLBB Mega Diamond Giveaway

ဤဆောင်းပါးသည် ၂၀၂၃ ဇူလိုင်လ (၆) ရက် မှ သြဂုတ်လ (၂) ရက်အတွင်း Codashop တွင်ကျင်းပသော MLBB Mega Diamond Giveaway ပရိုမိုးရှင်းအတွက် သတ်မှတ်ထားသောစည်းမျဥ်းစည်းကမ်းများဖြစ်ပါတယ်။ 

ပရိုမိုးရှင်းအကြောင်းအကြမ်းဖျင်းရှင်းပြရလျှင် ပရိုမိုးရှင်းကာလအတွင်း MLBB စိန်များကို ယခင်ဈေးထက် ၂၆% အထိလျှော့ဈေးပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် အပတ်စဥ် သောကြာ မှ တနင်္လာနေ့အတွင်း စိန်ဖြည့်တဲ့သူတွေက ဝယ်ယူတဲ့ပမာဏပေါ်မူတည်ပြီး စိန်ဘောနပ်များရမှာဖြစ်ပါတယ်။ နေ့စဥ်ဘောနပ်အကန့်အသန့်ရှိပြီး ဦးသူယူစနစ်နဲ့ ဖြန့်ဝေပေးသွားမှာဖြစ်ဖြစ်ပါတယ်။ 

သတ်မှတ်ထားသောစည်းမျဥ်းစည်းကမ်းများ

  1. ပရိုမိုးရှင်းကာလမှာ ၂၀၂၃ ဇူလိုင်လ (၆) ရက် မှ သြဂုတ်လ (၂) ရက်နေ့အထိဖြစ်ပါတယ်။ 
  2. ပရိုမိုးရှင်းကာလအတွင်း ပျမ်းမျှ ၂၆% အထိစိန်လျှော့ဈေးရမှာဖြစ်ပါတယ်။
  3. စိန်လျှော့ဈေးများကို မဝယ်ယူခင်ကတည်းက ဈေးနှုန်းပြင်ဆင်ချက်အဖြင့် ဖော်ပြထားပြီးဖြစ်ပါတယ်။ (Weekly Diamond Pass မပါဝင်ပါ။)  
  4. မတူညီတဲ့ ငွေပေးချေမှု (MPT, Ooredoo, ATOM, VISA, Mastercard) နဲ့ စိန်ပမာဏပေါ်မူတည်ပြီး လျှော့ဈေးရာခိုင်နှုန်းများကွဲပြားပါတယ်။ 
  5. ပရိုမိုးရှင်းကာလအတွင်းရှိ သောကြာနေ့၊ စနေနေ့၊ တနင်္ဂ‌နွေနေ့ နှင့် တနင်္လာနေ့များမှာ ဝယ်ယူတဲ့သူတွေက စိန်ဘောနပ်များလည်းရရှိဦးမှာဖြစ်ပါတယ်။ 
  6. စိန်ဘောနပ်များသည် ဝယ်ယူတဲ့စိန်ပမာဏပေါ်မူတည်ပြီး ရာခိုင်နှုန်းကွဲပြားပါတယ်။ ဝယ်ယူတဲ့စိန်ပမာဏများလေလေ ဘောနပ်ရာခိုင်နှုန်းများလေလေဖြစ်ပြီး ရရှိနိုင်တဲ့ကန့်သတ်အကြိမ်ရေနည်းလေလေ ဖြစ်ပါတယ်။ 
  7. စိန်ဘောနပ်များကို ဝယ်ယူပြီးနောက် (၂) ပတ်အတွင်း In-game ထဲသို့ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ 
  8. နေ့စဥ်သတ်မှတ်ထားသော စိန်ဘောနပ်ပမာဏထဲမှ ဦးသူယူစနစ်ဖြင့်ခွဲဝေပေးမည်ဖြစ်သောကြောင့် ဝယ်ယူမှုတိုင်းအတွက် ဘောနပ်ရမည်မဟုတ်ပါ။ 
  9. စိန်ဘောနပ်များကို ဂိမ်းအကောင့် ID တစ်ခုသည် တစ်နေ့လျှင် စိန်ပမာဏ(၁)ခုအတွက် (၁)ကြိမ်သာရပိုင်ခွင့်ရှိသည်။
  10. ဥပမာ။  ။စိန်ပမာဏ 11 Diamonds + 1 Bonus ကို ဂိမ်းအကောင့် ID တစ်ခုသည် တစ်ရက်အတွင်း (၂)ကြမ်ဝယ်ယူသည်ဆိုလျှင် ထိုတစ်ရက်အတွက် ပထမဆုံးဝယ်ယူမှုအတွက်သာ စိန်ဘောနပ် (၁)လုံးရမှာဖြစ်ပါတယ်။
  11. ဤပရိုမိုးရှင်းအစီအစဉ်တွင် မြန်မာနိုင်ငံတွင်းနေထိုင်သူ နိုင်ငံသား မဟုတ်သူများ နှင့် နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရတားမြစ်ထားသူများ ပါဝင်ခွင့်မရှိပါ။
  12. အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေပေးမှု ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများ၏ PIN (သို့မဟုတ်) OTP များကို မေးမြန်းခြင်းပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။
  13. ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ ဝယ်ယူမှုမှတ်တမ်းများ၊ ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ သက်ဆိုင်သူ မိတ်ဖက်အဖွဲ့အစည်းများသို့ ပြန်လည်မျှဝေခြင်း၊ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
  14. အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
  15. ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို Codashop Myanmar မှ လိုအပ်သလို အချိန်မရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။
  16. ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက (သို့) အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here