ဤဆောင်းပါးသည် ၂၀၂၃ ဇူလိုင်လ (၆) ရက် မှ သြဂုတ်လ (၂) ရက်အတွင်း Codashop တွင်ကျင်းပသော MLBB Mega Diamond Giveaway ပရိုမိုးရှင်းအတွက် သတ်မှတ်ထားသောစည်းမျဥ်းစည်းကမ်းများဖြစ်ပါတယ်။
ပရိုမိုးရှင်းအကြောင်းအကြမ်းဖျင်းရှင်းပြရလျှင် ပရိုမိုးရှင်းကာလအတွင်း MLBB စိန်များကို ယခင်ဈေးထက် ၂၆% အထိလျှော့ဈေးပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် အပတ်စဥ် သောကြာ မှ တနင်္လာနေ့အတွင်း စိန်ဖြည့်တဲ့သူတွေက ဝယ်ယူတဲ့ပမာဏပေါ်မူတည်ပြီး စိန်ဘောနပ်များရမှာဖြစ်ပါတယ်။ နေ့စဥ်ဘောနပ်အကန့်အသန့်ရှိပြီး ဦးသူယူစနစ်နဲ့ ဖြန့်ဝေပေးသွားမှာဖြစ်ဖြစ်ပါတယ်။
သတ်မှတ်ထားသောစည်းမျဥ်းစည်းကမ်းများ
- ပရိုမိုးရှင်းကာလမှာ ၂၀၂၃ ဇူလိုင်လ (၆) ရက် မှ သြဂုတ်လ (၂) ရက်နေ့အထိဖြစ်ပါတယ်။
- ပရိုမိုးရှင်းကာလအတွင်း ပျမ်းမျှ ၂၆% အထိစိန်လျှော့ဈေးရမှာဖြစ်ပါတယ်။
- စိန်လျှော့ဈေးများကို မဝယ်ယူခင်ကတည်းက ဈေးနှုန်းပြင်ဆင်ချက်အဖြင့် ဖော်ပြထားပြီးဖြစ်ပါတယ်။ (Weekly Diamond Pass မပါဝင်ပါ။)
- မတူညီတဲ့ ငွေပေးချေမှု (MPT, Ooredoo, ATOM, VISA, Mastercard) နဲ့ စိန်ပမာဏပေါ်မူတည်ပြီး လျှော့ဈေးရာခိုင်နှုန်းများကွဲပြားပါတယ်။
- ပရိုမိုးရှင်းကာလအတွင်းရှိ သောကြာနေ့၊ စနေနေ့၊ တနင်္ဂနွေနေ့ နှင့် တနင်္လာနေ့များမှာ ဝယ်ယူတဲ့သူတွေက စိန်ဘောနပ်များလည်းရရှိဦးမှာဖြစ်ပါတယ်။
- စိန်ဘောနပ်များသည် ဝယ်ယူတဲ့စိန်ပမာဏပေါ်မူတည်ပြီး ရာခိုင်နှုန်းကွဲပြားပါတယ်။ ဝယ်ယူတဲ့စိန်ပမာဏများလေလေ ဘောနပ်ရာခိုင်နှုန်းများလေလေဖြစ်ပြီး ရရှိနိုင်တဲ့ကန့်သတ်အကြိမ်ရေနည်းလေလေ ဖြစ်ပါတယ်။
- စိန်ဘောနပ်များကို ဝယ်ယူပြီးနောက် (၂) ပတ်အတွင်း In-game ထဲသို့ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
- နေ့စဥ်သတ်မှတ်ထားသော စိန်ဘောနပ်ပမာဏထဲမှ ဦးသူယူစနစ်ဖြင့်ခွဲဝေပေးမည်ဖြစ်သောကြောင့် ဝယ်ယူမှုတိုင်းအတွက် ဘောနပ်ရမည်မဟုတ်ပါ။
- စိန်ဘောနပ်များကို ဂိမ်းအကောင့် ID တစ်ခုသည် တစ်နေ့လျှင် စိန်ပမာဏ(၁)ခုအတွက် (၁)ကြိမ်သာရပိုင်ခွင့်ရှိသည်။
- ဥပမာ။ ။စိန်ပမာဏ 11 Diamonds + 1 Bonus ကို ဂိမ်းအကောင့် ID တစ်ခုသည် တစ်ရက်အတွင်း (၂)ကြမ်ဝယ်ယူသည်ဆိုလျှင် ထိုတစ်ရက်အတွက် ပထမဆုံးဝယ်ယူမှုအတွက်သာ စိန်ဘောနပ် (၁)လုံးရမှာဖြစ်ပါတယ်။
- ဤပရိုမိုးရှင်းအစီအစဉ်တွင် မြန်မာနိုင်ငံတွင်းနေထိုင်သူ နိုင်ငံသား မဟုတ်သူများ နှင့် နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရတားမြစ်ထားသူများ ပါဝင်ခွင့်မရှိပါ။
- အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေပေးမှု ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများ၏ PIN (သို့မဟုတ်) OTP များကို မေးမြန်းခြင်းပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။
- ယခုအစီအစဥ်တွင် ပါဝင်ထားသောသူများမှ မျှဝေထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ ဝယ်ယူမှုမှတ်တမ်းများ၊ ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအကြောင်းအရာများကို Codashop Myanmar မှ သက်ဆိုင်သူ မိတ်ဖက်အဖွဲ့အစည်းများသို့ ပြန်လည်မျှဝေခြင်း၊ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
- အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
- ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို Codashop Myanmar မှ လိုအပ်သလို အချိန်မရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။
- ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက (သို့) အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။