K/DA goes ALL OUT! ကဒ်အသစ်များ၊ ဓာတ်ခွဲခန်းအသစ်နှင့်အခြားပရီမီယံဆုများ

0
136

BLADES တွေအားလုံးကို လှမ်းခေါ်ပါရစေ! Riot Games ရဲ့ ဒီဂျစ်တယ် ကဒ်ဂိမ်း  Legends of Runeterra ကတော့ Virtual Band အဖွဲ့ K/DA (League of Legends ရဲ့ Ahri,Akali, Evelynn နှင့် Kai’Sa တို့ရဲ့  သီးချင်းတွေကို ထုတ်လုပ်ပေးထားတဲ) ကို  Limited-Time Event  မှာ K/DA ALL OUT မှာပွဲထုတ်ပေးလိုက်ပါတယ်။ 

Legends of Runeterra

ကဒ်အသစ်များ

သီးသန့်ထုတ်လုပ်ထားတဲ့ ကဒ်များကိုရယူနိုင်ပြီး အလွန်အံအားသင့်ဖွယ်ကောင်းတဲ့ ရုပ်ပုံများပါတဲ့ ထူးခြားတဲ့ Spell Pack များကိုဖွင့်ရမှာပါ။ Spell တစ်ခုဖွင့်တာနဲ့ K/DA အဖွဲ့၀င်များရဲ့ ဖျော်ဖြေပြသမှုကို ရှုစားနိုင်ပါတယ်။  ပိုကောင်းတာကတော့ ဒီ​ event မှာ ကစားရုံနဲ့  ၅ ယောက်လုံးရဲ့ Playset အပြည့် (၃ စုံပါ၀င်ပါတယ်)​ကို ရယူခွင့်ရမှာဖြစ်ပါတယ်။  

ဒီ ကဒ်သစ် ငါးခုကို ဂိမ်းထဲမှာ ထည့်ထားမှာ ဖြစ်ပြီး Event လမ်းကြောင်း (​Icon၊ Spell ကဒ်များ ၊ emote တစ်ခုနဲ့ ကဒ်ရဲ့ နောက်ဖက်ခြမ်း ပါ၀င်ပါတယ်) ရဲ့ Free Portion ကို ပြီးယုံနဲ့ ရယူနိုင်ပါတယ်။  

ဒါကို​ရယူပြီးတာနဲ့  ကြိုက်တဲ့ နေရာတိုင်းမှာ သုံးလို့ရပါတယ်။ Shards သို့မဟုတ် Wildcards သို့မဟုတ် Chest ကနေ အခြားကဒ်တွေလို ရယူနိုင်မှာ ဖြစ်ပါတယ်။ 

ဒီ Event က သင့်ရဲ့ LoR ဂိမ်းကစားမှု အတွေ့အကြုံကို မြှင့်တင်လိုက်တာပါ။ 

Event ရှာပုံတော်

Quest တွေကို ပြီးဆုံးအောင် (​ AI နှင့် Friend Challenge အပါအ၀င်) ကြိုက်ရာဂိမ်းကို ကစားပြီး Heart တွေရအောင်နဲ့ တစ်ခြားသော သီးသန့် K/DA OUT ဆုတွေရအောင်ယူလိုက်ပါ။ Epic Quest ငါးစုံ (စုစုပေါင်း ဆယ်ခု) ကို ရရှိအောင် အမြဲ အားမလျော့ဘဲ ဆော့ပါ။ ပထမ Quest မှ Heart တွေ ဆုရမျာဖြစ်ပြီး ဒုတိယ Quest မှာတော့ K/DA အဖွဲ့၀င်တစ်ယောက် ရဲ့ Icon ပွင့်မှာပါ။ 

ဒီ​ Epic Quest နဲ့ တူတူ တစ်ခြား Event Quest ကိုးတွဲကို Event Tab မှာပြသထားပါတယ်။ ဒီ​ Quest တွေက အစဥ်လိုက်ပွင့်ပြီး ကစားသမားတွေအတွက် လမ်းတစ်လျောက်မှာ Heart တွေပေးသွားမှာပါ။ 

K/DA Event Pass 

K/DA ALL OUT EVENT PASS အသစ်ကို အဆင့်မြှင့်လိုက်ရုံနဲ့ Stella Gurdia အသစ်ကို ချက်ချင်းရရှိမှာဖြစ်ပြီး အခြားသော ပရီမီယံ ဆုမဲများကို အဆင့်မြှင့် Event လမ်းကြောင်းမှာရယူနိုင်ပါတယ်။

အမြင့်ဆုံး Level ကို ရအောင် မြှင့်တင်ပြီး K/DA အဖွဲ့၀င်တွေကိုယ်တိုင် Sign ထိုးထားတဲ့ K/DA ကဒ် Back Signature Edition ကို ရယူလိုက်ပါ။ ဘယ်လောက်ကောင်းမလဲ??? 

ဓာတ်ခွဲခန်းအသစ်

 Star Power ဆိုပြီးတော့ ဒီ​ Event မှာ ဓာတ်ခွဲခန်းအသစ်တစ်ခုကို Legends of Runeterra မှာ မီးမှောင်းထိုးပြသထားပါတယ်။ နဂိုလိုဘဲ ဒီ ဓာတ်ခွဲခန်းက နှစ်ပတ်ကြာ ရှိနေမှာဖြစ်ပြီး တစ်ဖြေးဖြေးပြောင်းလာမှာပါ။ သူကတော့ :

  • ပထမ အပတ်မှာ K/DA Spell ကဒ် အသစ်ကို အခြေပြုထားတဲ့ ၅ ကဒ်အနက် ကဒ် တစ်ကတ်ကို ရွေးချယ်ရမှာပါ။ ကဒ်တိုင်းမှာက ထူးခြားတဲ့ “Always-on” Passive စွမ်းရည်ပါရှိပါတယ်။ 
  • ဒုတိယ အပတ်မှာတော့ Constructed ပွင့်သွားပါပြီ။ နဂိုထဲက ကြိုတင်ပြုလုပ်ထားပြီးဖြစ်တဲ့ Line Ups ထဲကဖြစ်ဖြစ် ကိုယ့် Playlist ထဲကဖြစ်ဖြစ် သင်ရွေးချယ်လို့ရပါတယ်။ သင်ကြိုက်တဲ့ Passive စွမ်းရည်ပါတဲ့ ကဒ်နဲ့ တွဲနိုင်ပြီး အကောင်းဆုံး ကဒ်တွဲကို ရယူကာ သီဆိုခိုင်းလိုက်ပါ။ 

ကဲ စိတ်လှုပ်ရှားနေပြီ မှတ်လား? Event က နို၀င်ဘာ ၂၄ ထိဘဲဖြစ်လို့ မြန်မြန်သွားကစားလိုက်ပါ!

Top Up on Codashop

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here