
ကဲ Summoners တို့ရေ… ဒီ စိတ်လှုပ်ရှားစရာကောင်းတဲ့ Sentinels of Light မှာပါ၀င်လိုက်ရအောင်နော်။ Wild Rift ၊ League of Legends ၊ Legends of Runeterra နဲ့ Teamfight Tactics တို့အားလုံးမှာ ကျင်းပလိုက်တဲ့ Riot Games ရဲ့ အကြီးဆုံးပွဲပါဘဲ။

Wild Rift မှာ Sentinels တွေဖြစ်တဲ့ Vayne ၊ Riven ၊ Irelia နဲ့ ပွဲရဲ့ အဓိက စတားဖြစ်တဲ့ Rogue Sentinel Akshan တို့ အတူ ရပ်တည်ပြီး Runiation ကို အနိုင်ယူ တိုက်ခိုက်ကြရမှာပါ။ ဒီ Sentinels of Light Event မှာ Lucian နဲ့ Senna လို့ ခေါ်တဲ့ Champion အသစ် (၂) ယောက်ကိုလဲ Wild Rift ထဲကို စတင်မိတ်ဆက်မှာဖြစ်ပါတယ်နော်။
Sentinels HQ
ဒီ Event ကို ကစားသမားတွေ ကစားနေစဥ်မှာ Sentinel Headquarters ကို တွေ့ကြရမှာဖြစ်ပါတယ်။ အဲ့ကနေ ကစားသမားတွေက Objectives တွေ အမျိုးမျိုးကို လုပ်ပြီး Sentinels တွေကို Experience တွေ ရအောင်လုပ်ပေးရမှာဖြစ်ပါတယ်။ XP တွေ လုံလုံလောက်လောက် ရယူပြီး Relationship တွေကို Level မြှင့်ပြီး Bond Dialogues နဲ့ အခြား Rewards တွေကို ပွင့်အောင်လုပ်ရမှာပါ။ ကစားပွဲတွေကို ကစားရင်း ကစားသမားတွေကို Sentinel Bonds တွေလဲ တိုးပွားအောင်လုပ်နိုင်ပါတယ်။ လိုအပ်တဲ့ Sentinels တွေနဲ့ ကစားသမားတွေက ရင်းနှီးသွားပြီဆိုတာနဲ့ သူတို့ရဲ့ Sentinel HQ တွေကလဲ ပိုမြင့်လာမှာပါ။
ကစားသမားတွေက Sentinels of Lights အကြောင်းကို ပြောပြတဲ့ ကာတွန်းလေးတွေကိုဖတ်နိုင်သလို Ruined King နဲ့ Black Mist တို့ကို ဘယ်လို တိုက်ခိုက်ခဲ့လဲဆိုတာကိုပါ ဖတ်ရှုနိုင်ပါတယ်။





Sentinel Reward Track

ကစားသမားတွေက Event မှာ ပါ၀င်ရင်း Baubles ၊ Poro Energy ၊ Blue Motes ၊ Champion Poses ၊ Spawn Tag နဲ့ အခြားပစ္စည်းတွေအများကြီးရယူနိုင်မှာပါ။ တကယ့်ဆုအကြီးကြီးကတော့ Sentinel Champion ၆ ယောက်ထဲက ၁ ယောက်ကို Unlock လုပ်နိုင်မယ့် အခွင့်အရေးဘဲ ဖြစ်ပါတယ်။ ဒီ MOBA အတွေ့အကြုံကို ၁၀ ရက်နေ့ သြဂုတ်လ အထိ လုပ်နိုင်မှာပါ။
Skin အသစzများ
Champion အများစုကလဲ Skin အသစ်တွေ ရရှိနိုင်မှာဖြစ်ပြီး Sentinels သို့မဟုတ် Ruin ကိုရွေးချယ်နိုင်မှာပါ။ သီးသန့် Battle Academia Akshan Bundle လဲ ရရှိနိုင်ပါတယ်နော်။ ကဲ ဘာတွေစောင့်နေတာလဲ?ခုဘဲသွားကြည့်လိုက်တော့နော်။
Sentinel Vayne

Sentinel Irelia

Sentinel Riven

Ruined Miss Fortune

Ruined Shyvana

Ruined Draven

Battle Academia Akshan Bundle

ဒီ Event အကြောင်းပိုမိုသိရှိဖို့ Wild Rift ရဲ့ Social Media မှာ ဖတ်ရှုလိုက်ပါနော် !
Wildcores တွေကို Codashop မှာ ဖြည့်ဖို့မမေ့နဲ့နော်။ ပိုမိုစိတ်ချမြန်ဆန်ပြီး အဆင်ပြေစွာငွေဖြည့်နိုင်ဖို့ အာမခံတဲ့အတွက် ဂိမ်းကိုစိတ်ချမ်းချမ်းသာသာကစားနိုင်မှာပါ။


















