Codashop မှာဂိမ်းငွေဖြည့်ရင်း Infinix NOTE 30 Pro ပိုင်ဆိုင်နိုင်မယ့်အခွင့်အရေး!

0
27717
Codashop Infinix Campaign September 2023

ဤဆောင်းပါးတွင် Codashop နှင့် Infinix Mobile တို့ပူးပေါင်းကျင်းပသော Infinix NOTE 30 Pro လက်‌ဆောင်ရနိုင်မည့် ပရိုမိုးရှင်းအတွက် သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများကို ‌‌ဖော်ပြထားပါသည်။ 

ဘယ်လိုပါဝင်လို့ရလဲ?

  1. ပရိုမိုးရှင်းကာလ (၂၀၂၃ စက်တင်ဘာ ၁ ရက် မှ ၂၁ ရက်) အတွင်း Codashop တွင် မည်သည့်ဂိမ်း/App အတွက်မဆို ငွေဖြည့်လိုက်ပါ။ 
  2. ငွေဖြည့်သွင်းချိန်တွင် Email လိပ်စာထည့်ဖို့မမေ့ပါနဲ့။
  3. ထို Email မှတစ်ဆင့် ‌ဝယ်ယူမှုမှတ်တမ်း(ပြေစာ) ကိုပို့ပေးမှာဖြစ်ပြီး ထိုမှတစ်ဆင့် “လုပ်ငန်းစဥ် နံပတ်(Transaction Number)” ကို Copy ယူပါ။ 
  4. ထို့နောက် ဤ Form တွင် လုပ်ငန်းစဥ်နံပါတ်နှင့်တကွ အမည်၊ ဝယ်ယူသည့်ဂိမ်းနှင့် အီးမေလ်တို့ကို မှန်ကန်စွာ ဖြည့်သွင်းပါ။ 
  5. လုပ်ငန်းစဥ်နံပါတ်တစ်ခုကို Form တစ်ခါတင်ခြင်းအတွက်သာအသုံးပြုနိုင်မည်ဖြစ်သည်။ လုပ်ငန်းစဥ်နံပါတ်တစ်ခုတည်းနှင့် Form တစ်ခုထက်ပို၍တင်ထားပါက ပထမဆုံးတင်သော Form ကိုသာအတည်ယူမည်။ 

Winner ဘယ်လိုရွေးချယ်မလဲ?

  1. ပရိုမိုးရှင်းကာလ စတင်ချိန်မှစပြီး Form တင်ကြသည့်ပါဝင်သူများထဲမှ (၃၀) ကြိမ်မြောက်၊ (၃၀၀) ကြိမ်မြောက်၊ (၃၀၀၀) ကြိမ်မြောက် နှင့် (၃၀၀၀၀) ကြိမ်မြောက် ဦးစွာပါဝင်သည့်သူများ စုစုပေါင်း (၄) ဦးကို Winner အဖြစ်ရွေးချယ်မည်ဖြစ်သည်။ 
  2. သတ်မှတ်ထားသောအကြိမ်ရေတွင် ကျရောက်သော်လည်း အချက်အလက်များ မှန်ကန်စွာဖြည့်သွင်းထားခြင်းမရှိပါက ထိုသူ၏နောက်ရှိ အချက်အလက်မှန်ကန်စွာဖြည့်သွင်းထားသူကို အစားထိုးရွေးချယ်မည်ဖြစ်သည်။ ဥပမာ။   ။ (၃၀)ကြိမ်မြောက်တွင်ကျရောက်သောသူသည် အချက်အလက်မှန်ကန်စွာ ထည့်သွင်းထားခြင်းမရှိပါက သူ၏နောက် (၃၁) ကြိမ်မြောက်ကျရောက်သူ(အချက်အလက်မှန်ကန်လျှင်) ကို အစားထိုးရွေးချယ်မည်ဖြစ်သည်။ 
  3. သတ်မှတ်ထားသော ပါဝင်သူဦးရေမပြည့်မီခဲ့သည်ရှိသော် Form တင်ကြသည့်သူများထဲမှ ပမာဏအများဆုံးဝယ်ယူပြီး အကြိမ်ရေအများဆုံး Form တင်သည့်သူများကို ရွေးချယ်သွားမည်ဖြစ်သည်။ ဥပမာ။   ။စုစု‌ပေါင်းပါဝင်သူသည် အယောက် (၃၀၀၀) ကျော်ခန့်သာရှိသည်ဆိုလျှင် နောက်ဆုံး Winner ကိုအထက်ဖော်ပြပါအတိုင်း ဝယ်ယူမှုပမာဏအများဆုံး၊ ပါဝင်မှုအကြိ‌မ်ရေအများဆုံးသူကို ရွေးချယ်သွားမည်ဖြစ်သည်။ 
  4. Winner များကို Codashop MM Facebook Page မှကြေညာသွားမှာဖြစ်ပါတယ်။ 
  5. (၃၀)ကြိမ်မြောက် နှင့် (၃၀၀)ကြိမ်မြောက် Winner (၂)ယောက်ကို ရှေးဦးစွာ ကြေညာမည်ဖြစ်ပြီး (၃၀၀၀) ကြိမ်မြောက် နှင့် (၃၀၀၀၀) ကြိမ်မြောက် Winner များကိုတော့ Winner ပေါ်ထွက်ချိန်တွင် သီးခြား‌ကြေညာပေးသွားမည်ဖြစ်ပါတယ်။ 
  6. သတ်မှတ်ထားသော ပရိုမိုးရှင်းကာလမပြီးဆုံးမှီ Winner (၄)ဦးစလုံး ပေါ်ထွက်သွားသည်ဆိုပါက ပရိုမိုးရှင်းကာလ ပြီးဆုံးသွားမည်ဖြစ်သည်။ 
  7. Winner များထံသို့ Codashop ရဲ့ တာဝန်ရှိသူမှ ဝယ်ယူချိန်တွင်ဖြည့်သွင်းထားသော Email မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားမှာဖြစ်ပါတယ်။ ထို Email ကို  Winner များက မိမိရဲ့ အမည်/အမည်ဝှက်၊ ဖုန်းနံပါတ် နှင့် နေရပ်လိပ်စာအသီးသီးတို့ဖြင့် စာပြန်ပေးရမှာဖြစ်ပါတယ်။ 
  8. Email ပို့ပြီး (၁၄) ရက်အတွင်း စာပြန်ခြင်းမရှိပါက ဆုလက်ဆောင်ကို ရုပ်သိမ်းသွားမှာဖြစ်ပါတယ်။ 

Winner တွေဘာလက်ဆောင်ရမှာလဲ?

  1. Winner (၄) ဦးကို Infinix Mobile ရဲ့ အသစ်ထွက်ထားတဲ့ Infinix NOTE 30 Pro တစ်လုံးစီ လက်ဆောင်ပေးသွားမည်ဖြစ်သည်။ 
  2. ဆုလက်ဆောင်များကို ပရိုမိုးရှင်းအပြီး (၂၀၂၃ စက်တင်ဘာလ ၂၁ ရက်) မှစ၍ ရက် (၃၀) အတွင်း Winner များထံသို့ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ 

အခြားစည်းမျဥ်းစည်းကမ်းများ

  1. ဤပရိုမိုးရှင်းအစီအစဉ်တွင် မြန်မာနိုင်ငံတွင်းနေထိုင်သူ နိုင်ငံသား မဟုတ်သူများ နှင့် နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရတားမြစ်ထားသူများ ပါဝင်ခွင့်မရှိပါ။
  2. အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေပေးမှု ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများ၏ PIN (သို့မဟုတ်) OTP များကို မေးမြန်းခြင်းပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။
  3. ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ ဝယ်ယူမှုမှတ်တမ်းများ၊ ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ သက်ဆိုင်သူ မိတ်ဖက်အဖွဲ့အစည်းများသို့  ပြန်လည်မျှဝေခြင်း၊ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
  4. ဤအစီအစဥ်တွင် Codashop Myanmar နှင့် Infinix Mobile မှ ဝန်ထမ်းများပါဝင်ခွင့်မရှိပါ။
  5. အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
  6. ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို Codashop Myanmar မှ လိုအပ်သလို အချိန်မရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။
  7. ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက (သို့) အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here