ICYMI: 2020 မှာ MLBB ဘာဖြစ်သွားလဲ

0
480

ICYMI 2020

လူတိုင်းသိကြတဲ့အတိုင်း 2020 ကတော့ ခက်ခဲပြီးစိန်ခေါ်မှုများတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သတင်းကောင်းတွေလည်းလာဖို့ရှိပါသေးတယ်။ အဲ့ထဲက ၁ခုကတော့ မိုဘိုင်းဂိမ်းတွေကတော့ သူတို့အကောင်းဆုံးလုပ်ဆောင်ချက်တွေကို လုပ်ဆောင်နေဆဲဆိုတာပါ၊ အဲဒါကတော့ အားလုံးကို  အမြဲတမ်း သူတို့ တာဝန်ကျေပွန်မှုနဲ့ ဖျော်ဖြေပေးနေပြီး တစ်နှစ်ပတ်လုံး အမြဲအတူရှိနေတယ်ဆိုတာပါပဲ။ 

အခုနောက်ဆုံးထွက်ထားတဲ့စီးရီးမှာတော့ MLBB က အသိသာထင်ရှားဆုံးဖြစ်ရပ်တွေနဲ့ updates တွေ ကျွန်တော်တို့ကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ လက်မနားရအောင် ဆော့ခဲ့ရတဲ့ အကြောင်းတွေ ဒီ 2020 က ကျွန်တော်တို့ရဲ့ victory တွေအကြောင်း တစေ့တစောင်း ပြန်ကြည့်ရအောင်! Let’s go !

Hero အသစ်များ

2020 မှာတော့ hero သစ်တွေတော်တော်များများထွက်ခဲ့ပါတယ်။ Moonton က မျှတတဲ့ hero lineup ၁၀ယောက် ( မကြာခင်ထွက်တော့မယ့် Matilda အပါအဝင် ၁၀ယောက်) ကို Land of Dawn ပေါ် ရောက်အောင် မှန်မှန်လေး ထုတ်ခဲ့ပါတယ်။ ပထမဆုံး ကျွန်တော်တို့ဟာ Blood Demon အတွဲ Camilla (Support) နဲ့ Cecilion (Mage) တို့ကြောင့် အံ့အားသင့်ခဲ့ရပါတယ်။ သူတို့အတွဲက ပထမဦးဆုံး Hero ပူးတွဲ Skill (Moonlit Waltz) နှစ်ယောက်ပေါင်းပြီး force 1ခုကိုထုတ်နိုင်တာ ကို မြင်တွေ့ခဲ့ရတယ်။ Popol and Kupa ( Marksman) နဲ့ Barats (Tank/Fighter) တို့ကလည်း ပထမဆုံး 2-in-1 heroes အဖြစ် ဆန်းသစ်တီထွင်ခဲ့ပါတယ်။ New hero list ထဲမှာတော့ နောက်ထပ် Atlas, Luo Yi ( teleport လုပ်ပေးတဲ့ hero ), Yu Zhong ( နဂါးပုံစံပြောင်းနိုင်တဲ့ hero) , Khaleed, Brody နဲ့ Benedetta တို့ ဖြစ်ပါတယ်။

Popol and Kupa
MLBB ထဲက ပထမဦးဆုံး 2-in-1 hero Popol and Kupa

Skins အသစ်များ

လစဉ် Starlight skins တွေကတော့ လတိုင်း ကွဲပြားခြားနားပြီး ဆန်းသစ်နေပါတယ်။  Street Punk ပုံစံနဲ့ Ling , Biohazard ပုံစံနဲ့ Yu Zhong နဲ့ Granger, ပြီးတော့ Cleopatra ပုံစံ Esmeralda တို့ပေါ့။

Squad လိုက် skin series အသစ်တွေနဲ့လည်း မိတ်ဆက်ခဲ့ပါသေးတယ်။ The Dragon Tamer series ကတော့ heroes တွေမှာ dragons နဲ့ ပုံဖော်ခဲ့တာပေါ heroes တွေအနေနဲ့ Valir, Estes, Kimmy, Ling နဲ့ Masha တို့ပါပဲ။ Blazing Bounties Squad ကိုလည်း အရင်က Wild West ပုံစံနဲ့ ကျွန်တော်တို့အကြိုက်ဆုံး heroes တွေကို ဆတ်ဆတ်ကြဲ ဝရမ်းပြေးကြီးတွေလို တိုက်ပွဲဝင်စေခဲ့ပါတယ်။ သူတို့ကတော့ Aldous, Layla, Franco, Esmeralda နဲ့ Claude တို့ဖြစ်ပါတယ်။

Harith’s EVOS Legends
ပထမဆုံး အဖွဲ့လိုက် Skin: Harith ရဲ့ Evos Legends skin

ဒီနှစ်ရဲ့ အကြီးမားဆုံးစကြာဝဠာဆွဲဆောင်မှု၂ခုကတော့ Harith ရဲ့ Evos Legends skin – EVOS ရဲ့ M1 World ( မနှစ်က November 2019 မှာနိုင်ခဲ့တဲ့ Championship) အထိမ်းအမှတ် အနေနဲ့ ပထမဆုံး အဖွဲ့လိုက် skin ဖြစ်ပါတယ်။

Gusion’s Cosmic Gleam Legend Skin
စကြာဝဠာမှာ ကြမ်းမယ့် Gusion ရဲ့ Cosmic Gleam Legend skin အတွက် အသင့်ပြင်ထားပါဦး

သူ့ထက် သာလွန်ပြီးတော်တော်လှတဲ့ skin ကတော့ Gusion ရဲ့ စကြာဝဠာပုံစံ Cosmic Gleam skin, Legends skin ထဲက နောက်ဆုံးထွက် skin တစ်ခုဖြစ်ပြီး MLBB skin တွေထဲမှာလည်း စျေးအကြီးဆုံးဖြစ်ပါတယ်။ 

Game ပိုင်းဆိုင်ရာ တိုးတက်မှုများ

ဒီနှစ်မှာတော့ Game ပိုင်းဆိုင်ရာနဲ့  ဂိမ်းအတွေ့အကြုံအတွက် Moonton က updates တွေကို ဗြောင်းဆန်နေအောင်လုပ်ထားပါသေးတယ်။ သူတို့ရဲ့ “your voice matters” ရည်မှန်းချက်ကို ထောက်ပံ့ဖို့အတွက် Moonton က Operation Attention ဆိုတဲ့ ချို့ယင်းမှု bugfix တွေပြုလုပ်ဖို့၊ matchmaking တွေကို သင့်သင့်မြတ်မြတ်ဖြစ်အောင်လုပ်ဖို့၊ hero သစ်တွေကို ပြင်ဆင်ဖို့ အစီအစဉ်ကို ဒီနှစ်လယ်မှာထုတ်လုပ်ခဲ့ပါတယ်။

ဒီနှစ်ရဲ့ meta မှာအောက်ရောက်နေတဲ့ hero အဟောင်းတွေကို revamp လုပ်ဖို့ Project NEXT ကိုလည်းထုတ်ခဲ့ပါသေးတယ်။ သင်တို့ရဲ့ favorite old but gold hero တွေကို revamps တွေ, ညှိနှိုင်းပြင်ဆင်မှုတွေ နဲ့ remodels တွေလုပ်သွားတာကိုမြင်ရမှာဖြစ်ပါတယ်။ Battlefield ထဲမှာ အဆင်ပြေအောင် ထပ်ဆောင်းပြင်ဆင်မှုတွေ၊ တိုးတက်လာမယ့် battle effects တွေပါ ထပ်ထည့်ထားတာ ကို မြင်ရမှာဖြစ်ပါတယ်။

Project NEXT
Project NEXT မှာ revamp ထားတဲ့ heroes တွေဖြစ်ပါတယ်။ Image credit to Moonton/MLBB

ကစားပွဲ fair ဖြစ်စေဖို့ Moonton က players တွေဆီကနေ feedbacks တွေ ကောက်ပြီး players တွေအမြဲတမ်းစိတ်ညစ်နေရတဲ့ matchmaking ကို တိုးတက်ကောင်းမွန်လာဖို့ ကြိုးစားနေပါတယ်။ ခုဆိုရင် ကစားသူတွေရဲ့စွမ်းဆောင်ရည် ပိုမိုတိုးတက်လာအောင် မျှတတဲ့ ကစားပွဲတစ်ပွဲဖြစ်ဖို့ သေချာလေး ချင့်ချိန်တတ်လာပါပြီ။ ပြီးတော့ solo player တွေအတွက် တစ်ဖက်က အုပ်စုလိုက် squad နဲ့တွေ့တာမျိုးမရှိတော့အောင် ပြင်ဆင်လိုက်ပါပြီ။ (နောက်ဆုံးတော့ ?)  MLBB ရဲ့ producer ဖြစ်တဲ့ Roger ကတောင် ဒီကိစ္စနဲ့ ပတ်သက်ပြီး fans တွေကို အသေးစိတ် ရှင်းလင်းထားတဲ့ စာတစ်စောင်ရေးခဲ့ပါသေးတယ်။ Network နဲ့ပတ်သက်တဲ့ ပိုကောင်းတဲ့ ပြင်ဆင်ချက်တွေကိုလည်း ကစားနေတုန်း lag တာတွေမဖြစ်ရအောင် ပြင်ထားပါသေးတယ်။ ဂိမ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုချိုးဖောက်တဲ့သူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူဖို့ လုပ်ထားပါပြီသင်ဟာ ပွဲစဉ်အတွင်း တစ်ချိန်လုံး trashtalkတာ ဆဲဆိုတာတွေ လုပ်နေမယ် ဆိုရင်တော့ mute အသံတိတ်လုပ်ခံရချေများနေပါပြီ။
Item design သစ်တွေအပေါ်ဘယ်လိုထင်ပါသလဲ

New item designs

ပြီးတော့ ဒီနှစ်ရဲ့ အသစ်အသစ်တွေထဲမှာ items တွေ ဒီဇိုင်းသစ်ပြောင်းထားတာတွေ hero နောက်ခံအသံတွေမှာ ဘာသာစကားသစ်တွေ( စပိန်၊ အင်ဒိုနီးရှားဘာဟာစာ၊ ပေါ်တူဂီ) ထပ်တိုးထားတာတွေရှိလာပါတယ်။ MLBB official website ဆိုရင်လည်း hero ranking ကိုကြည့်တဲ့နေရာမှာ ပိုမို ကောင်းမွန်အောင် ပြင်ဆင်ဖို့ တွန်းအားပေးခဲ့ပါတယ်။

Download ပေါင်း 1 Billion နှင့်အတူ အကြီးမားဆုံး အကျိုးကျေးဇူးများ

MLBB ကတော့ ဒီနှစ်မှာ သမိုင်းမှတ်တိုင်တော်တော်များများ စိုက်ထူနိုင်ခဲ့ပါတယ် အဲ့ထဲကတစ်ခုကတော့ သူတို့ game application ကို downloads အရေအတွက်ပေါင်: 1 Billion ကြိမ် download ဆွဲခံခဲ့ရတဲ့ လှေကားထစ်ပေါ်တက်နိုင်ခြင်းဖြစ်ပါတယ်။ ဒါကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့  player တွေအားလုံးကို hero ၁ယောက် အလကားပေးခဲ့ပါသေးတယ် ဂိမ်းရဲ့ အယောက် ၁၀၀မြောက်ဖြစ်တဲ့ Bendetta hero ဖြစ်ပါတယ်။ MLBB ရဲ့ logo အသစ် ဖွင့်လှစ်တာကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။ ဒီ version အသစ်မှာတော့  logo ရဲ့ပုံစံကို ပိုပြီး တည်ငြိမ်တဲ့ဘက်ရောက်ပြီး ခိုင်မာတဲ့ရွှေရောင်အမှတ်အသားအနေနဲ့ သူတို့ရဲ့ brand အမှတ်အသားဖြစ်တဲ့ M စာလုံးကို ပုံစံတကျထည့်သွင်းထားတာကို မြင်ရပါတယ်။

brand new MLBB logo
သိသာထင်ရှားပြီး ခိုင်မာသောပုံစံနဲ့ မြင်တွေ့ရမယ့် အသစ်စက်စက် MLBB logo

Moonton က ဖိလစ်ပိုင်နိုင်ငံရဲ့ Mobile legends ambassador သံတမန် အဖြစ် ဖိလစ်ပိုင် လက်ဝှေ့ စူပါစတား Manny Pacquiao ကိုလည်းခန့်အပ်ခဲ့ပါသေးတယ်။ ဒီ ပါတနာခန့်အပ်တာကို ဆင်နွှဲဖို့ Pacquito လို့ခေါ်တဲ့ လက်ဝှေ့ အကျော်အမော် ဇာတ်ကောင်နဲ့ hero ကိုလည်း ဂိမ်းရေးဆွဲသူတွေက ထုတ်သွားဦးမှာဖြစ်ပါတယ်။

Manny Pacquiao is the new ambassador for MLBB
MLBB ရဲ့ သံတမန်သစ် Manny Pacquiao

အခြားသော MLBB သတင်းတွေကတော့ Mobile Legends က အိန္ဒိယနိုင်ငံမှာ လတ်တလောဖြစ်နေတဲ့ ပဋိပက္ခတွေ ကြောင့် လုံးဝ ban ခံလိုက်ရတဲ့ သတင်းပါ။ တခြားတစ်ဖက်မှာတော့ ကူးစက်ရောဂါကြောင့် ဆက်လက်ဖြစ်ပွါးနေတဲ့ ကန့်သတ်ချက်တွေ ရှိနေပေမယ့်လည်း MLBB ရဲ့ ကမ္ဘာကျော် Esports tournament ပြိုင်ပွဲ – MPL ကတော့ အခိုင်အမာ ရှိနေဆဲဖြစ်ပြီး ဒေသအလိုက် champion သစ်တွေကိုလည်းရွေးထုတ်နိုင်ခဲ့ပါတယ်။

ဒါတွေတင်မကဘဲ MLBB ဟာ ပိုပြီးဆော့လို့ကောင်းပြီး စွန့်စားလို့ကောင်းတဲ့ ဂိမ်းပုံစံအသစ်တွေ Magic chess တို့ Mirror Mayhem တို့နဲ့ နောက်ဆုံးပေါ် Arena Mode တို့ကိုလည်း ထည့်သွင်းခဲ့ပါသေးတယ်။ KOF skin တွေကိုလည်း ပြန်လည် အသက်သွင်းခဲ့ပါသေးတယ် ဒီတစ်ခေါက်မှာတော့ the King of Fighters အတွဲဆက်ထဲကို hero တွေထပ်ဖြည့်ထားတာပါ ပါလာတာပါ။ Hero တွေရဲ့ role နဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း သင့်သင့်မြတ်မြတ်ဖြစ်အောင် ဒုတိယ role တွေကို ထည့်တာ/ ဖြုတ်တာတွေလုပ်ခဲ့ပါသေးတယ်။ Skins တွေနဲ့ပတ်သက်ပြီး surveys ကောက်တာ ပြိုင်ပွဲလုပ်တာတွေ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့ခဲ့ရပြီး ထိုပွဲတွေကတစ်ဆင့် တချို့ heroes တွေကို တော်တော်မိုက်တဲ့ skins တွေ လက်ဆောင်ပေးတာမျိုး အထူးသဖြင့် skin ကောင်းကောင်းသေချာရှိသင့်တဲ့ Vale လို hero တွေဖြစ်ပါတယ်။

MLBB ကတော့ 2020 Lucky Star event ကိုလည်းဖွင့်လှစ်ခဲ့ပါသေးတယ်။ ဒီ event ဟာ 28 November ကနေ 21 December ထိ အကျုံးဝင်မှာ ဖြစ်ပြီး players တွေအတွက် အကြီးမားဆုံး အကျိုးကျေးဇူးတွေကိုရရှိမှာဖြစ်ပြီး အဲဒီထဲမှာ hero အကုန်လုံးကို အလကားအသုံးပြုခွင့်ရတာ၊ skins တွေနဲ့ Diamonds 10000 အလကားရတာ စသဖြင့် အခွင့်အရေးတွေ အများကြီးပါဝင်ပါတယ်။ လူတိုင်းလဲ ဒီအခွင့်အရေးကြီးကို တစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ် ပါဝင်ချင်မှာ အသေအချာပါပဲနော်!

2020 လို အတက်အကျများတဲ့ နှစ်တစ်နှစ်ကို နိဂုံးချုပ်ပြောရမယ်ဆိုရင်ဖြင့် ဆုကြေးမပါဘဲ ဒီနှစ်ဟာ ဘယ်ကုန်နိုင်ပါ့မလဲ။ MLBB အတွက် 2020 Pacquito Heavyweight Belt ကို Multiplayer ဆော့ကစားနိုင်တဲ့ Online Battle Arena မှာ ဒီနှစ်လို ပြင်းထန်တဲ့ ၁၂လ ကို ကျော်လွှားနိုင်တဲ့အထိမ်းအမှတ်နဲ့ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ 2021 မှာလည်း ကျွန်တော်တို့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရင်း ပြန်တွေ့ကြရအောင် !

Mobile Legends Diamonds တွေကို Codashop မှာဘဲ ဖြည့်လိုက်ကြပါ။ ကျွန်တော်တို့ #BetterFasterSafer ငွေဖြည့်မှု နဲ့ အဆင်ပြေချောမွေ့တဲ့ ဂိမ်းကစားမှု ကို အာမခံပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here