ICYMI: 2020 မှာ Free Fire မှာ ဘာတွေဖြစ်သွားလဲ

0
621

ICYMI FF 2020 1

Battle Royale games တွေကတော့ 2020 မှာ အပြည့်အဝ locked and loaded ပါပဲ ရှေ့ဆုံးတန်းကဦးဆောင်နေတာကတော့ Free Fire ပါပဲ။ Garena ကတော့ တစ်နှစ်ပတ်လုံး ထပ်တိုးမှုတွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ အမြဲတမ်းသစ်ဆန်းနေပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ content တွေနဲ့ ကစားသူတွေကိုအမြဲလက်မနားရအောင် လုပ်ပေးနေပါတယ်။ အရင်၁၂လလုံးလုံးတချို့ထင်ရှားတဲ့အဖြစ်အပျက်တွေထဲက Booyahs တွေကိုအားပေးနေခဲ့ရတဲ့အခိုက်အတန့်တွေကိုပြန်ကြည့်ကြရအောင်နော်!

Hero အသစ်များ

Free Fire - Jai
Jai is a SWAT agent and is the first character to represent India

ဂိမ်းကိုဖွင့်လိုက်တာနဲ့ roster က ၃၅ characters အထိ အပြည့်ဖြစ်နေတာသတိထားမိမှာပါ။ အဲ့ထဲမှာ ထင်ရှားတာတစ်ခုကတော့ တချို့ character တွေဟာ တကယ့်အပြင်လူတွေအပေါ်မှာအခြေခံထားတာပဲဖြစ်ပါတယ်။ K (aka Captain Booyah) ကိုတော့ အမေရိကန် DJ နဲ့ music producer KSHMR ကို inspire ယူထားတာဖြစ်ပါတယ်။ Jai ကိုတော့ Bollywood ထိပ်တန်းမင်းသား Hrithik Roshan အပေါ်အခြေခံထားတာဖြစ်ပါတယ်။ နှစ်ရဲ့အပိတ်ကိုတော့ အုန်းအုန်းကျွက်ကျွက်လို့ပဲပြောရမလား ဂိုးသွင်းသွားတယ်ပဲပြောရမလား Free Fire ကကမ္ဘာကျော်ဘောလုံးသမား စူပါစတား Cristiano Ronaldo ကို နောက်ဆုံးပေါ် character ဖြစ်တဲ့ Chronoတခြားစကြာဝဠာကလာတဲ့ bounty hunter တစ်ယောက်အဖြစ်ပုံဖော်ထားပါတယ်။ ဒီတိုက်ပွဲမှာထပ်ပြီးပါဝင်လာတဲ့သူတွေကClu, Luqueta, Wolfrahh, Kapella, Steffie နဲ့ Hayato Firebrand တို့လို ဒုတိယတန်း character တွေဖြစ်ပါတယ်။

လက်နက်အသစ်များ

Free Fire မှာတော့ သေနတ်တွေက စကားပြောပါတယ်။ ဒီနှစ်မှာတော့ ကစားသူတွေဟာ ဒီသေနတ်အကြမ်းစား

တွေရဲ့ ခလုတ်ကိုနှိပ်ခဲ့ပါပြီ။

PARAFAL
PARAFAL

Classic နဲ့ Clash Squad မှာအသုံးပြုနိုင်ပါတယ်။ ဒီရိုင်ဖယ်က damage များပြီး range လဲကျယ်တဲ့အတွက် အဝေးက enemy တွေကိုလွယ်လွယ်ကူကူ ပစ်ချလို့ရပါတယ်။

FLAMETHROWER
ဒီဒုတိယအတန်းအစားသေနတ်ကတော့ range ကျဉ်းပြီး ကိုယ့်လမ်းကြောင်းပေါ်မှာရှိတဲ့အရာမှန်သမျှကိုမီးရှို့ပြာချနိုင်ပါတယ်။ Training Grounds မှာအသုံးပြုနိုင်ပါတယ်။
AUG
AUG

ဒီ Assault Rifle ကတော့ တစ်ဦးချင်းတိုက်တဲ့အခါ အရမ်းကောင်းပါတယ်။ ကျည်ကဒ် ၃၅ ကဒ်နဲ့ဖွဲ့စည်းထားပြီး မြင်ကွင်း ၂ဆ ချဲ့နိုင်တဲ့ တပ်ပြီးသား မှန်ပြောင်းနဲ့လာပါတယ်။
M82B
M82B
ဒီသေနတ်ကိုတော့ anti-vehicle စနိုက်ပါရိုင်ဖယ်အနေနဲ့သုံးပါ။ သူ့ကို ပွဲပြီးတဲ့အချိန်တွေမှာ gloo walls တွေကို counter လုပ်ဖို့လည်းသုံးနိုင်ပါတယ်။
THOMPSON
THOMPSON
ဒီ double-shot ပြောင်းချောသေနတ်ကတော့ ကျည်ကဒ်အကြီးကြီး( 42 Ammo) နဲ့ အနီးကပ်တိုက်တဲ့အခါ close-range တွေမှာသုံးဖို့ အဆင်ပြေပါတယ်။

M21
ဒီ M21 ဟာ damage များပြီး ကျည်ကာတွေကိုဖောက်နိုင်တဲ့ armor penetration နဲ့ ပစ်မှတ်တိကျမှုတွေကိုပိုင်ဆိုင်ထားပါတယ်။ AR Ammo ကိုအသုံးပြုထားပါတယ်။

Items နဲ့ Equipments အသစ်များ

သေနတ်အသစ်တွေအပြင် Free Fire မှာ ခေတ်မှီ items အသစ်တချို့ကို battle တွေမှာ ကစားသူတွေကိုပံ့ပိုးနိုင်ဖို့ထပ်ဖြည့်ထားပါတယ်။ Revive Kit (OB23 က) ဆိုရင် ကျသွားတဲ့ ကစားသူတွေကို တိုက်ပွဲပြန်ဝင်နိုင်တဲ့ အစွမ်းကိုပေးဖို့ကူညီနိုင်ပါတယ်။ တချို့တွေကျော်သွားကြတဲ့ Inhaler ကတော့ လှုပ်ရှားနေတုန်းမှာပဲ ချက်ချင်း သွေးပြန်ဖြည့်နိုင်ပြီး၊ Smoke Grenade က enemy တွေရဲ့ Aim Lock ကို မီးခိုးငွေ့တွေနဲ့ ဖုံးလွှမ်းလိုက်ပြီး ဖြည်နိုင်ပါတယ်။ ပြီးတော့ အထူးဖော်ပြချင်တာက ကစားသူတွေကို ပိုမြန်မြန်လှုပ်ရှားစေနိုင်တဲ့ Electric Surfboard ပဲဖြစ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်အသစ်များ

Free Fire Pets

ဂိမ်းဟာ ဒီနှစ်မှာတော့ ချစ်စရာကောင်းတာလေးတွေကိုအိမ်မွေးတိရစ္ဆာန်အသစ်လေးတွေနဲ့တစ်ထပ်ကြီးဖြည့်ထားပါတယ်။ အားလုံးသိကြတဲ့အတိုင်း သူတို့က ချစ်ဖို့ကောင်းအောင်လုပ်ဖို့ပဲရှိနေတာမဟုတ်ပါဘူး သင့်ကိုအနိုင်ရအောင်ကူညီပေးမယ့်လက်ထောက်လေးတွေလဲဖြစ်ပါတယ်။ အဲဒီထဲမှာ Rockie လို့ခေါ်တဲ့ punk rock ပုံစံနဲ့ raccoon ဝက်ဝံလေးဟာဆိုရင် သုံးနေတဲ့ skill ကို cooldown အချိန်လျှော့ပေးနိုင်ပါတယ်။ Mr. Wagoor ဆိုတဲ့ ပင်ဂွင်းငှက်လေးဆိုရင်လည်း Gloo Wall လက်ပစ်ဗုံးအပို ထုတ်ပေးနိုင်ပါတယ်။ Falco ဆို ဒိုင်ဗင်ထိုးတဲ့နှုန်းမြန်အောင်လုပ်ပေးနိုင်တယ်။ Ottero က Medkit/ Treatment Gun ကနေ EP ပြန်ဖြည့်ပေးနိုင်တယ်။ ပြီးတော့ FF x Ragnarok Collaboration က ထွက်လာတဲ့ ချစ်ဖို့ကောင်းတဲ့ သက်ရှိရေစက်ကလေး Poring တို့ပေါ့။

Game Features အသစ်များ

2020 တစ်နှစ်လုံးမှာ Free Fire မှာဖြစ်ပျက်သွားတာတွေကတော့ အများကြီးပဲ။ S20 က လစဉ် Elite Pass – Shadow Combat ကနေ S31 Endless Oblivion က ကစားသူတွေကို အဆင့်တက်ပြီး အမိုက်စားဆုလက်ဆောင်တွေ လက်နက်တွေ၊ အဝတ်အစားတွေနဲ့ တခြားထပ်ဆောင်းဆုလာဘ်တွေရအောင်လုပ်ပေးခဲ့ပါတယ်။

ကစားပွဲကို မျှမျှတတဖြစ်အောင် Garena က Operation Cutcord ကိုထုတ်လုပ်ခဲ့ပြီး hackers တွေနဲ့ cheaters တွေကို ဂိမ်းကထုတ်ပယ်ဖို့ မရပ်မနား အလုပ်တွေလုပ်ခဲ့ပါတယ်။ သန်းပေါင်းများစွာသော အကောင့်တွေက cheats/hacks တွေသုံးပြီးကစားနေတာကို ဖမ်းမိခဲ့ပြီး Garena ကတော့ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ရင် အငြိမ်နေနေမှာမဟုတ်ပါဘူး။

The Kalahari Map
The Kalahari Map. Image credit: Garena/Free Fire

Game ပတ်ဝန်းကျင်ကလည်း ဒီနှစ်မှာ ပရိသတ်ရဲ့အာရုံတော်တော်ရပါတယ်။ Kalahari မြေပုံက ပရိသတ်တွေကိုတော်တော်လေးပျော်ရွှင်စေခဲ့ပါတယ်။ မြေပုံအသစ်ဟာ ကန္တာရနေရာမှာတည်ရှိနေပြီး များပြားလှတဲ့ အဆောက်အအုံတွေ၊ ကျောက်ဆောင်တွေနဲ့ တခြားမြေပြင်အနေအထားများစွာ ထည့်သွင်းထားပါတယ်။ ဒီနှစ်ထဲမှာပဲ Bermuda 2.0 ကိုလည်းထုတ်ခဲ့ပြီး နေရာအသစ်တွေ ယာဉ်အသစ်တွေ၊ လက်နက်အသစ်တွေနဲ့ တခြားအသစ်တွေများစွာနဲ့ ပြည့်စုံနေပါတယ်။ ပြီးတော့ Training Ground လို့ခေါ်တဲ့ကစားသူတွေက သူတို့ရဲ့ skills တွေကို အားရပါးရသွေးလို့ရမယ့် game mode အသစ်ဖြစ်ပါတယ်။ New Spawn Island လိုမျိုး The Runway ကိုလည်းထပ်ထည့်ခဲ့ပါတယ်။

ကစားတဲ့နေရာမှာတော့ အဓိက updates တွေအများကြီးပါပါတယ်။ Clash Squad Ranked Mode ကတော့ Battle Royale ရဲ့ ranking လုပ်ထုံးလုပ်နည်းနဲ့ကွဲထွက်နေတာဖြစ်ပါတယ်။ Team Boost ကတော့ ကစားသူတွေကို က်ိုယ့် teammate ပေါ်ကနေ ပိုမြင့်မြင့်ခုန်ချလို့ရအောင် လုပ်ပေးထားတယ်။ New grenade mechanism ကလည်း ကစားသူတွေကလက်ပစ်ဗုံးကို ပြင်ဆင်ဖို့ ဒါမှမဟုတ် အချိန်ဆွဲပြီးမှ ပစ်တာတွေ လုပ်လို့ရပါတယ်။ Items တွေအများကြီးတင်လာတဲ့ Airship အကြီးကြီးကိုရော မှီလိုက်သေးလား?

အရင်အတိုင်း၊ character system တွေကိုတော့ ထုတ်လုပ်သူတွေက အမြဲမပြတ်တိုးတက်အောင်လုပ်နေတာပါ။ ဂိမ်းရဲ့ ဟန်ချက်ညီမျှအောင် လက်နက်တွေ characters တွေ တိရစ္ဆာန်တွေနဲ့နောက်ထပ်အများကြီးကိုလည်းတိုးမြှင့်ထားပါတယ်။ ကစားသူတွေရဲ့ statistics တွေပိုမိုကောင်းမွန်အောင် new leaderboard for kills and win rate ကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ Settings Menu ထဲမှာလည်း ကစားသူတွေ ဂိမ်းကို update လုပ်တဲ့အခါတိုင်း သူတို့ရဲ့ configuration တွေကို upload, download, overwrite လုပ်လို့ရအောင် လုပ်ပေးထားပါတယ်။

Events တွေနဲ့ တခြားသောအောင်မြင်မှုများ

Free Fire က သူတို့ရဲ့ အံ့မခန်းကောင်းမွန်လှတဲ့ လက်တွဲမှုတွေ events တွေနဲ့ အောင်မြင်မှုတွေနဲ့ အကုန်လုံးကို အံ့ဩစေခဲ့ပါတယ်။

ဒီ Money Heist နဲ့ ကူးပြောင်းမှု eventကတော့ဒီနှစ်ရဲ့ အမိုက်ဆုံး event ပဲဖြစ်ပါတယ်။ ကစားသူတွေကို ဘဏ်ဖောက်တဲ့ပုံစံ mission တွေ ကစားဖို့ အတွေ့အကြုံပေးပြီးတော့ သူတို့ရဲ့ characters တွေကို နာမည်ကြီး Netflix ဇာတ်လမ်းတွဲထဲကအတိုင်း iconic ဖြစ်တဲ့ အနီရောင် jumpsuit တွေဝတ်ပေးလို့ရတာလည်းဖြစ်ပါတယ်။

Free Fire
Image Credit: Garena / Free Fire

Free Fire က သူတို့ရဲ့ 2020 အတွက်တော့ထိပ်တန်း celebrities တွေချည်းပါပဲ။ အမေရိကန် DJ နဲ့ music producer KSHMR အပါအဝင်ပေါ့။ သူ့ရဲ့ကိုယ်ပိုင် character ရှိတဲ့အပြင် KSHMR ကသီးသန့်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “One More Round” ကိုလည်း ဒီလက်တွဲပူးပေါင်းမှု အထိမ်းအမှတ်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ကမ္ဘာကျော်ဘောလုံးသမား စူပါစတား Cristiano Ronaldo ကလည်း နှစ်ကုန်ကိုပိတ်ပေးဖို့ အောင်မြင်ခြင်းဂိုးကိုသွင်းပေးခဲ့ပါတယ်။ Character သစ်ဖြစ်တဲ့ Chrono ဟာ ဒီ Juventus ရှေ့တန်းကစားသမားအပေါ်အခြေခံထားပါတယ်။ Free Fire ဟာ “Evolution” skin series သစ်ကိုလည်းမိတ်ဆက်ခဲ့ပြီး ပထမဆုံးသေနတ်skin ကတော့ Blue Flame Dragon AK47 ပဲဖြစ်ပါတယ်။ ဂိမ်းထဲမှာအကောင်းဆုံး skin line အဖြစ် အမွှမ်းတင်ခြင်းခံရပြီး စျေးအကြီးဆုံး( မဆန်းတော့ပါ) အနေနဲ့လည်းထွက်ပေါ်လာပါတယ်။

Esports လောကမှာတော့ Free Fire Continental Series 2020 ထွက်ပေါ်ခဲ့ပြီး မတူညီတဲ့ ဒေသတွေ ( Asia, America, Europe, Russia နဲ့ Middle East ) က teams တွေဟာ Free Fire မှာ Battle Royale မြေပုံ ၃ခုလုံး– Bermuda, Purgatory နဲ့ Kalahari မှာ ကစားပွဲ ၆ပွဲကစားပြီး အနိုင်ရသူကိုကြေငြာခဲ့ပါတယ်။

Free Fire က ဩဂုတ်လမှာ သူတို့ရဲ့ ၃နှစ်ပြည့် နှစ်ပတ်လည်ကို ဆင်နွှဲခဲ့ပြီး ကစားသူတွေကို နာမည်အကြီးဆုံး skin 2 ခု : XM8 Hysteria နဲ့ Demented Maniac Bundle ကို Faded Wheel Event မှာပေးခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့အားလုံး Free Fire ဒီထက်ပိုအမြင့်ကိုတက်သွားတာမြင်ရပါတယ်။ အဲဒါကတော့ ကြည့်ရှုသူအများဆုံး Game for Youtube 2020 မှာ အံ့မခန်း 17 billion views နဲ့ နံပါတ်သုံးအဆင့်ကိုချိတ်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့က Hero Heist Honor 2020 ကို Free Fire ရဲ့ ဒီနှစ်မှာ အကောင်းဆုံး collaboration တွေနဲ့ “looting”လုပ်နိုင်ခဲ့တဲ့အတွက် ပေးအပ်မှာဖြစ်ပါတယ်။ နောက်နှစ်မှာရော သူတို့ဆီက ဂိုးတွေကို ONE MORE ROUND ပြန်တွေ့ကြရမလား? ကျွန်တော်တို့အားလုံးစောင့်မျှော်ရင်းနဲ့စိတ်လှုပ်ရှားနေပါပြီ!

သင့်ရဲ့ 2020 အတွက် အကြိုက်ဆုံး Free Fire event ကဘာပါလဲ? Comments တွေမှာပြောပြခဲ့ပါ။

Codashop မှာ FF Diamonds တွေ အလွယ်တကူ top up လို့ရပါပြီ။ စိတ်ချလွယ်ကူပြီး Credit card တွေ password တွေလည်းမလိုဘူးနော်!

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here