Mobile Legends Advanced Server ကို ဘယ်လိုဝင်သုံးမလဲ

0
1654

MLBB Advanced ServerMLBB ကစားသမားများသည် heroes အသစ်များနှင့် အင်္ဂါရပ်များကို အသုံးမပြုမီ နောက်ဆုံးအပ်ဒိတ်ကို စောင့်ဆိုင်းရလေ့ရှိပါတယ်။ Mobile Legends Advanced Server သည် ကစားသမားများသည် မူရင်းဆာဗာတွင် မရရှိနိုင်သေးသော heroes အသစ်များ၊ skins များနှင့် အခြားအင်္ဂါရပ်များကို စမ်းကြည့်နိုင်သည့် စမ်းသပ်ဆာဗာတစ်ခုဖြစ်ပါတယ်။ သို့သော်၊ Mobile Legends တွင် ဤ advanced server ကို ဝင်ရောက်ရန် သင့်အတွက် လိုအပ်ချက်အနည်းငယ် ရှိပါတယ်။

Advanced Server ကို ဘယ်လိုအသုံးပြုနိုင်မလဲ

အပ်ဒိတ်များထွက်လာခါနီးအခါတိုင်းတွင် ကြာသပတေးနေ့တိုင်းဖွင့်တဲ့ MLBB advanced server ကို ကစားသမား 40,000 မှ 50-100 သာ ဝင်ရောက်နိုင်ပါတယ်။ ကစားသမားများဝင်ရောက်ရန်အတွက် လိုအပ်ချက်များမှာ :

  • အကောင့် level သည် Level.15 ထက် ပိုမြင့်ရပါမယ်။ 
  • အင်တာနက်ချိတ်ဆက်မှု တည်ငြိမ်ရပါမယ်။ (Ping 100 အောက်
  • ဆာဗာသည် အာရှ၏ အချို့သော ဒေသများတွင်သာ တည်ရှိပါတယ်။

MLBB Advanced Server ထဲကို ဘယ်လိုဝင်မလဲ

Mobile Legends Advanced ServerAdvanced server ကိုဝင်ရောက်ရန် လိုအပ်သောလိုအပ်ချက်များကို မှတ်သားနိုင်သည့်အပြင်၊ အချို့သောအရာများသည် ဆာဗာသို့ဝင်ရောက်ရန် ကူညီပေးပါတယ်။ သင့်အကောင့်ကို သင်၏ Facebook/Google Play/Vk အကောင့်နှင့် ချိတ်ဆက်ခြင်းကပိုမိုကောင်းမွန်ပါတယ်။ 

  1. Profile ကို နှိပ်ပြီး Account Settings ကို နှိပ်ပါ။ 
  2. စခရင်၏အောက်ခြေညာဘက်တွင်၊ Switch Server ခလုတ်ကိုနှိပ်ပါ၊ ကစားတဲ့သူကိုမူရင်း server နှင့် Advanced Server Note အကြားသို့ ပြောင်းခွင့်ပေးလိုက်မှာဖြစ်ပါတယ်။ Advanced server သို့ပြောင်းသောအခါ ကစားသမားများသည် အခြား resources များကို ဒေါင်းလုဒ်လုပ်ရပါမည်။ 
  3. Android အသုံးပြုသူများအတွက်၊ အဆင့်မြင့်ဆာဗာအသုံးပြုခွင့်များကို ကွက်ကျားထုတ်ပေးမှာ ဖြစ်ပါတယ်။ 
  4. အသုံးပြုခွင့်အတွက် ကစားတဲ့သူမှ ရွေးချယ်လိုပါက Switch Server ခလုတ်ကို နှိပ်နိုင်မှာဖြစ်ပါတယ်။ 
  5. IOS အသုံးပြုသူများသည် ဂိမ်းတွင်းမေးလ်စနစ်မှတစ်ဆင့် Moontoon ထံမှ အီးမေးလ်ဖိတ်ကြားချက်များကို လက်ခံရရှိမည်ဖြစ်သည်။ Advanced Server resource များသွင်းခြင်းလင့်ခ်ကို တူညီသောအီးမေးလ်ဖြင့် ပေးပို့မှာဖြစ်ပါတယ်။

Codashop တွင်သာ သင်၏ Mobile Legends Diamonds တွေကို ဖြည့်ရန် မမေ့ပါနှင့်။ မြန်မြန်ဆန်ဆန်နှင့် ပိုအဆင်ပြေသော ဖြည့်သွင်းမှုများကို ကျွန်ုပ်တို့ အာမခံသောကြောင့် သင်အခက်တွေ့စရာမလိုသော ဂိမ်းအတွေ့အကြုံကို ခံစားနိုင်မှာဖြစ်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here