Mobile Legends မှာ ဘယ်လိုအတွဲ ညီအောင် လုပ်ရမလဲ.

0
664

 

Mobile Legends Featured Image Banner

Mythic ဖြစ်ဖို့ ကြိုးစားနေပြီလား? Mobile Legends ရဲ့ Team တွေကို Composition လုပ်တဲ့ အခါ နှင့် In-game ရဲ့ ယှဉ်ပြိုင်မှုတွေမှာ Matchmaking က ဘယ်လောက် အရေးပါတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ လိုပါတယ်။

Division Duels 

Multiplayer Online Battle Arena (MOBA) တွင် သန်းနဲ့ချီ တဲ့ player တွေဟာဆိုရင် ပွဲမစခင်မှာ စနစ်တကျ paired လုပ်တတ်ဖို့ရယ်၊

Teamwork ရှိပြီး စုပေါင်းဆောင်ရွက်တတ်ဖို့ လိုအပ်ပါတယ်။ Ranks တွေမှာ တိုးတက်လာဖို့ဆိုရင် Teamwork က အလွန်အရေးကြီးပါတယ်။

MLBB မှာ Level 8 ကို ရောက်ရှိပြီး Heroes ၅ယောက်ထက် ပိုပြီးပါဝင်မယ်ဆို Rank ပွဲတွေကို ဝင်ရောက် ကစားနိုင်ပါပြီ။

အနိမ့်ဆုံး မှ အမြင့်ဆုံး သို့ ခွဲခြားပြရရင် : Warrior ၊ Elite ၊ Master ၊ Grand Master ၊ Epic ၊ Legend နှင့် Mythic ဆိုပြီး အဆင့်ဆင့် ရှိပါတယ်။

ပွဲတွေမှာ အနိုင်ရရင် ကြယ် ရရှိမယ်။  Full Stars ဆိုရင်တော့ promotion တွေရပြီး၊ ရှုံးနိမ့်ခဲ့ရင်တော့ အဆင့်တွေကျမှာပါ။ 

တစ်ယောက်တည်း solo ကစားနိုင်သလို ၊ သူငယ်ချင်းတွေကို Invite လုပ်ပြီး Squad အနေနဲ့ Rank ပွဲတွေမှာ Double ၊ Trio နှင့် 5v5 တို့ကို ခွင့်ပြုထားပါတယ်။

သင်သတိထားရမှာက Rank ကိုဝင်ပြီဆိုတာနဲ့ တိုက်ပွဲတွေဟာ ပိုမို ပြင်းထန်လာမယ်၊ ထိပ်တန်း ကစားသမားတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး 

အတွေ့အကြုံ တွေ ပိုမိုရရှိစေမှာပါ။ ပိုမိုခိုင်မာအောင် ပြင်ဆင်ပြီး ကစားပွဲတွေကို ရင်ဆိုင်ရအောင်။

Meet your Match!

သင် Rank တွေ တက်လာတဲ့အခါ၊ ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပါပြီ။ Matchmaking System အကြောင်းလေ့လာကြည့်ရအောင်။

ဒီ System က players တွေကို သူတို့နဲ့ တွဲဖက် ကစားရမယ့် ကိုက်ညီတဲ့ အခြား players တွေကို ကူညီရှာဖွေပေးတယ်။ 

Rank Mode မှာဆို အလိုအလျောက်စနစ်နဲ့ Battle တွေမှာ Skilled Players တွေကို တွဲဖက်ပေးတယ်။

လက်ရည်တူတဲ့ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်စေမယ်။ Matchmaking ရဲ့ အဓိက ရည်ရွယ်ချက် က အသင်းနှစ်ဘက် က players တွေအတွက် 

မျှတ တဲ့ ပွဲတွေ ဖန်တီးပေးဖို့ပဲ ဖြစ်တယ်။ ပိုကောင်းတဲ့ ယှဉ်ပြိုင်ဘက် ရရှိဖို့ဆို သင့်ရဲ့ လက်ရှိ Rank အပေါ်မှာ မူတည်ပါလိမ့်မယ်။

ပိုပြီး အဆင့်မြှင့်မယ်ဆို MLBB Matchmaking မှာ 5 Grandmasters, 5 Epics , 5 Legends နှင့် 5 Mythic ရှိသင့်ပါတယ်။ 

ဒီလို ကန့်သတ်ချက် တွေ ထားရှိပေးတာကြောင့် ပွဲချေကို မျှတစေမှာဖြစ်ပါတယ်။ 

ဥပမာ – * Grandmasters နှင့် Epic ကစားနိုင်သလို ၊ Epic ကစားသမားတွေကပဲ Grandmasters နှင့် Legends တွေကို Invite လုပ်နိုင်မယ်။

Legends တွေကလဲ Epic နှင့် Mythic Rank ရှိသူတွေကိုပဲ Join ဖို့ ခေါ်လို့ရမယ်။ Mythic ကလည်း Legends နှင့် Co-Mythics တွေကိုပဲ Request လုပ်လို့ရနိုင်မှာပါ။

Exception Cases and issues 

A Quick dive into MMR and KDA 

MMR (သို့မဟုတ်) Matchmaking Rating ဆိုတာကို သေချာ လေ့လာကြည့်မယ်ဆို မှတ်သားစရာတွေရှိနေပါတယ်။ MMR မှ သင့်ရဲ့

player’s skill level ကို သတ်မှတ်ပေးပြီး ၄င်း အချက်က သင့်ရဲ့ နောက် ပြိုင်ဘက်ကို ရှာဖွေဖို့အတွက် အလွန် အထောက်အကူပြုတယ်။

Rank ပွဲတွေကို ကစားတဲ့အခါ Rating တွေသင်ရရှိမှာပါ။ 

ရှင်းရှင်းပြောရရင် သင် အနိုင်ရတဲ့အခါ Rating တက်မယ်။ Rating ကောင်းကောင်းနဲ့ အနိုင်ရရှိတဲ့ပွဲတွေကြောင့် World Leader Boards မှာ 

သင် စာရင်းဝင်ဖို့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။

KDA နဲ့ ပတ်သက်ပြီး သိသင့်တာတွေကတော့ ( KDA ဆိုတာက Kill / Death / Assist ရဲ့ အတိုကောက်ပါ။ ) 

KDA က သင့် Hero ရဲ့ ပွဲစဉ်အတွင်း လုပ်ဆောင်ချက်တွေကို ဖော်ပြတဲ့ စာရင်းလဲဖြစ်ပါတယ်။

စာရင်းထဲက အမှတ်တွေက Player တွေအတွက်Rank ရဖို့ ထည့်သွင်းစဉ်းစားတဲ့ အဓိကအချက်လဲ ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါ။

Matchpoint

Player တိုင်း အတွက် နိုင်မလား (သို့) ရှုံးမလား ဆိုတဲ့ ၅၀/၅၀ အခွင့်အရေးရှိတဲ့ ပွဲစဉ်တွေကို Matchmaking က လွှမ်းမိုးထားတယ်။

System ရဲ့ ရည်ရွယ်ချက်က Player တွေရဲ့ Rank အပေါ်မူတည်ပြီး ယှဉ်ပြိုင်မှု မှာ မျှတ ညီမျှစေရန် ဖြစ်ပါတယ်။ 

ဘယ်လိုနှုန်းနဲ့ သွားသင့်တယ်၊ Team တွေမှာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို အပေးအယူမျှမလဲ၊ 

ထိရောက်တဲ့ နည်းဗျူဟာတွေကို ဘယ်လိုသုံးမလဲ ဆိုတာတွေအတွက် Team Composition က အဓိကကျ ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပွဲစဉ် ရဲ့ ရလဒ်ဟာ Team ထဲက တစ်ယောက်ယောက်က အချိတ်အဆက်မမိ အမှားလုပ်မိတာနဲ့

ကျဆင်းသွားနိုင်သလို၊ ကစားဖော်တွေရဲ့ စီစဉ်အကွက်ချထားတဲ့ ကစားနည်းကိုလဲ ပျက်စီးသွားစေနိုင်ပါတယ်။

ကဲ!! Battle တွေကို ကျော်ဖြတ်ပြီး ထိပ်ဆုံးကို သွားဖို့ အဆင်သင့်ပဲလား?? Let’s Go..!!!!

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here