Free Fire သေနတ်နာမည်ခန့်မှန်းပြီး Skyler ကိုကံထူးလိုက်ပါ။

0
866
  • ဖော်ပြပါ ဗွီဒီယိုထဲမှ သေနတ်အသံများကို နားထောင်ပြီး ထိုအသံပိုင်ရှင် သေနတ်(၃)လက်၏အမည်ကို Comment တွင်အစဥ်လိုက် ဖြေဆိုရမည်ဖြစ်သည်။
  • အဖြေမှန်ကို အရင်ဆုံးဖြေဆိုနိုင်သူများထဲကမှ (၃) ဦးကိုရွေးချယ်ပြီး Free Fire မှ Skyler ဇာတ်ကောင်ကိုဝယ်ယူနိုင်ရန် (499) Diamonds ကိုဆုလက်ဆောင်အနေနဲ့ ချီးမြှင့်မည်ဖြစ်သည်။ 
  • ယခုအစီအစဥ်အား ဇူလိုင်လ(၁၉)ရက် မှစပြီး ဇူလိုင်လ(၂၃)ရက် အထိ ပါဝင်နိုင်မှာဖြစ်ပါတယ်။ 
  • ရွေးချယ်ခံရသူများကို ဇူလိုင်လ(၂၉)ရက်နေ့တွင် ကြေညာပေးသွားမှာဖြစ်ပါတယ်။

စည်းမျဥ်းစည်းကမ်းချက်များ

၁။ ဤအစီအစဉ်သည် အသက်(၁၈)နှစ်ပြည့်ပြီး မြန်မာပြည်တွင်နေထိုင်သော မြန်မာနိုင်ငံသားများအတွက်သာ အကျုံးဝင်ပါသည်။

၂။ Codashop Myanmar မှ ဝန်ထမ်းများ အစီအစဉ်တွင် ပါဝင်ခွင့်မရှိပါ။

၃။ Free Fire Diamond ရရှိရန် ကံထူးရှင်ကြေညာသောနေ့မှစပြီး (၁)ပတ်အတွင်း Codashop Facebook Page Massage Box သိူ့ မိမိ၏ Free Fire Account ID ကိုပေးပို့ထားရမှာဖြစ်ပါတယ်။ 

၄။ ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။

၅။ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။

၆။ အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here