Free Fire ဟီးရိုးတွေအကြောင်း: K လို့ခေါ်တဲ့ Captain Booyah ဆိုတာ

0
773

Free Fire - New Agent Kshmr

Free Fire အနေနဲ့ ဂီတသမားနဲ့ ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ DJ KSHMR နဲ့ လက်တွဲလုပ်ဆောင်မှုနဲ့အတူ ကစားနိုင်မယ့်ဇာတ်ကောင်သစ်နောက်တစ်ကောင်ကို ကျွန်တော်တို့ရဲ့ အကောင်းဆုံးအပစ်အခတ်ဂိမ်းထဲမှာ မိတ်ဆက်ပေးခဲ့ပါပြီ။ အဲ့ဒါကတော့ ပရော်ဖက်ဆာတစ်ယောက်လည်းဖြစ် ဂျူဂျစ်ဆုဆရာကြီးလည်းဖြစ်တဲ့ K သို့မဟုတ် Captain Booyah ပါပဲ။

DJ spin that track!

ဒီနေရာမှာ အဖွင့်အနေနဲ့ နည်းနည်းလေးပြောပြရရင် K တဲ့ဇာတ်ကောင်ဟာ အပြင်မှာတကယ်ရှိနေတဲ့ အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ဂီတပညာရှင်နဲ့ ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Niles Hollowell-Dhar ကို အခြေခံထားတာပါ။ သူ့ကို DJ KSHMR (“ကတ်ရှ်မီးယား – Kashmir” လို့အသံထွက်တယ်) ဆိုတဲ့ အနုပညာနာမည်နဲ့ လူသိပိုများတယ်။ ဒီဂိမ်းထဲမှာ အပြင်မှာတကယ်ရှိတဲ့သူကို အခြေခံထားတဲ့ တခြားဇာတ်ကောင်တွေထဲမှာဆိုရင် Jai (အိန္ဒိယစူပါစတား လက်ပွားမင်းသား Hrithik Roshan ကို အခြေခံထား) နဲ့ လူတိုင်းကြိုက်တဲ့ Alok (နာမည်ကြီး ဘရာဇီးသား ဒီဂျေ Alok Achkar Peres Petrillo ကို အခြေခံထား) တို့ပဲ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်အတွင်းမှာဆိုရင် DJ KSHMR အနေနဲ့ DJ Meg ဒီဂျေမဂ္ဂဇင်းရဲ့ ထိပ်တန်းဒီဂျေ ၁၀၀ စာရင်းမှာ ၂၅ ယောက်မြောက်ဖြစ်ခဲ့ပြီးတော့ “မျက်နှာသစ်ဒီဂျေတွေထဲမှာ တန်းအမြင့်ဆုံး” ဆုကိုလည်း ရခဲ့ပါတယ်။ ၂၀၁၆ ၂၀၁၇ မှာဆိုရင် သူ့အနေနဲ့ ထိပ်ဆုံး ၁၂ စာရင်းဝင်တဲ့အထိ ရောက်ခဲ့ပါတယ်။ မင်းသာ Progressive House လို Psychedelic Trance လို ဂီတအမျိုးအစားကြိုက်ရင် မင်းရဲ့ ပလေးလစ်ထဲမှာ DJ KSHMR ရဲ့ သီချင်းတွေလည်း ထည့်ထားသင့်တယ်နော်။

Kalm and Kollected

Free Fire ဂိမ်းမှာ နောက်ဆုံးထွက်ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ K ဟာ ကြိုးစားအားထုတ်မှုနဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုတို့ရဲ့ ပုံရိပ်တစ်ခုပါ။ ဘဝမှာဘယ်လိုအခက်အခဲပဲတွေ့တွေ့ ကံဆိုးမိုးမှောင်ပဲကျဦးတော့ သူကတော့ လွယ်လွယ်နဲ့အရှုံးမပေးတတ်သူပေါ့။ သူက သူ့ကိုယ်သူနားလည်ဖို့ သူ့ရဲ့ စိတ်အားထက်သန်မှုတွေကို နားလည်ဖို့နဲ့ တစ်ခြားသူတွေကိုနားလည်ပေးဖို့ အမြဲတမ်းကြိုးစားတယ်။ တစ်ခါခံရဖူးရင် အဲ့လိုမျိုးထပ် မဖြစ်ရအောင် အပြင်းအထန် ကြိုးစားတယ် လေ့ကျင့်တယ်။

ပရောဖက်ဆာလည်းဖြစ် ဂျူဂျစ်ဆုဆရာကြီးလည်းဖြစ်တဲ့ K မှာ လျှို့ဝှက်ဆန်းကျယ်တဲ့ စရိုက်လေးတော့ ရှိတယ်။ သူ့ရဲ့ ဇာတ်ကောင်စကေးကို “Master of All” လို့ခေါ်ပြီး အစွမ်းမတူတဲ့ ပုံစံနှစ်မျိုးပြောင်းလို့ရတယ်။ ပုံစံပြောင်းသွားတာဆိုတော့ နည်းနည်းလေးကိုင်ရခက်လို့ အလေ့အကျင့်တော့လိုတာပေါ့။ ဒီ ထုတ်သုံးရတဲ့စကေးက EP ပြန်ပြည့်တာကို အဓိကထားပါတယ်။

  • Jiu-Jitsu Mode: အနီးအနားက (6m) ကိုယ့်အဖွဲ့သားတွေအားလုံး သွေးပြန်ပြည့်တာ 500% တက်တယ်။ ပြောရရင် အားလုံး ကိုယ့် EP ကနေ တစ်စက္ကန့်မှာ 5 HP နှုန်းနဲ့ ပြန်ပြည့်တယ်။
  • Psychology Mode: ထုတ်သုံးရင် ၄ စက္ကန့်ကြာတိုင်း 2 EP ပြန်ပြည့်တယ် (6 EP အထိ) ထုတ်မသုံးရင်လည်း သွေးလျော့နေရင် တစ်စက္ကန့်မှာ 1 HP ပြန်ပြည့်တယ်။
  • EP အများဆုံး 50 ထိ တိုးပါတယ်။

K ကိုကိုင်မယ်ဆိုရင် အဓိကအချက်က 250 EP အထိရမယ် ပြီးတော့ ပုံစံနှစ်မျိုးပြောင်းလို့ရမယ်။ ပုံစံပြောင်းဖို့ စကေးအတွက် ကူးဒေါင်းစောင့်ရမှာက စက္ကန့် ၂၀ ပဲကြာမယ်။ ပြန်သုံးသပ်ကြည့်ရရင် K ဆိုတာ သွေးဖြည့်ပေးတဲ့ Healer အမျိုးအစားပဲလို့ ပြောလို့ရတယ်နော်။ အရေးပေါ်လိုအပ်လာရင် EP ရှိတဲ့ ကိုယ့်အဖွဲ့သားတွေကို သွေးဖြည့်ပေးလို့ရမယ်။ K ကို နောက်ဆုံးကျန်အောင်အထိကိုင်မယ်ဆိုရင် EP ပြန်ပြည့်နှုန်းကောင်းတဲ့ Alok လို ဇာတ်ကောင်နဲ့ပဲဖြစ်ဖြစ် Ottero လို pet နဲ့ပဲဖြစ်ဖြစ် တွဲပြီးကိုင်လို့ရပါတယ်။

Free Fire အကောင့်အတွက် Codashop ကနေပဲဝယ်ပါ။ ကျွန်တော်တို့ဆီမှာ ဝယ်ရင် ပိုကောင်း ပိုမြန် ပိုစိတ်ချရပြီးတော့ ငွေပေးချေဖို့လည်း ရွေးစရာနည်းလမ်းအစုံရှိပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here