Free Fire Hero Spotlight: Hayato, ဒဏ္ဍာရီဆန်တဲ့ဆာမူရိုင်းကြီး

0
672

Free Fire - Hayato

“Fire Hero” ဆိုတာ “Battle Royale” ထဲက တချို့သောစိတ်ဝင်စားစရာကောင်းပြီးကွဲပြားတဲ့ Game ကောင်တွေရဲ့ ဌာနေပဲ ဖြစ်ပါတယ်။ Special-ops တွေ၊ငှါးလို့ရတဲ့လုပ်ကြံသူတွေနဲ့ ရဲတွေကစပြီး ကျွမ်းကျင်ပညာရှင်တွေဖြစ်တဲ့ DJတွေ၊ အားကစားသမားတွေ အဆောက်အဦးတွေကြားခုန်ကူးတဲ့ကစားနည်းကိုကစားသူတွေ အပြင် အစားပြိုင်စားသူတွေ ထိကိုပါရှိပါတယ်။ 

ပြီးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ Hayato ဆာမူရိုင်းကြီးလဲပါရှိပါတယ်။ သူက Game ထဲမှာများပြားလှတဲ့ skill ခန့်ညားတဲ့ရုပ်သွင်နဲ့အတိတ်ဆိုးကြောင့် နာမည်အကြီးဆုံးဇာတ်ကောင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ဒီ post မှာ ကျွန်တော်တို့ က Hayato ရဲ့ နောက်ခံဇာတ်ကြောင်း၊ သူရဲ့ထူးခြားတဲ့လုပ်ဆောင်နိုင်မှု နဲ့ သူ့နဲတွဲဖက်သင့်တဲ့ Character တွေအကြောင်းပြောပြမှာ ဖြစ်ပါတယ်။

Hayato ရဲ့နောက်ကြောင်း

ဒဏ္ဍာရီဆန်တဲ့ဆာမူရိုင်းမိသားစုမှာ ကြီးပြင်းလာတဲ့ Shimado Hayato ကသာမန်ကောင်လေးတစ်ယောက်တော့ မဟုတ်ပါဘူး။ သူကနားလည်ရခက်ပြီး မိသားစုရဲ့ဓလေ့ထုံးစံနဲ့ကျိန်စာကိုသယ်ဆောင်ထားသူဖြစ်ပါတယ်။ တစ်ချိန်ထဲမှာပဲ ဘယ်သူမှသိလို့မရတဲ့လျှို့ဝှက်ချက်တစ်ခုကို သိမ်းထားရတဲ့သူဖြစ်ပါတယ်။ သူဟာအဲ့လျှို့ဝှက်ချက်ကို သူ့အသက်နဲ့လဲပြီးတောင်ကာကွယ်မှာဖြစ်တယ်။

ပြောကြတာကတော့ Shimado မိသားစုဝင်တွေဟာ Clan Members တွေကြားမှာ စီးဆင်းနေတဲ့ကျိန်စာကို မျိုးဆက်တစ်ဆက်ကနေ တစ်ဆက်လက်ခံယူရတဲ့သူတွေဖြစ်ပါတယ်။ သူတို့ဟာသူတို့ရဲ့ဝိဉာဏ်ကို စွမ်းအားနဲ့နတ်ဆိုးဆီမှာ အလဲအထပ်လုပ်နိုင်တယ်။ မကောင်းတဲ့အချက်က အဲ့လိုလုပ်လိုက်တာနဲ့သူတို့က စိတ်လွတ်သွားပြီး လူသတ်သမားတွေဖြစ်သွားကြပါတယ်။

Hayato ရဲ့ Skill နဲ့ Character

‘Bushido’ ဟုခေါ်သော Hayato ၏စွမ်းရည်သည်မိသားစုကျိန်စာမှကနေ ထွက်ပေါ်လာတာပါ။ အဲ့ဒီ Power ကသူ့ကို HP 10%လျော့တိုင်း Armor-Piercing 10% ပေးပါတယ်။ ဒါဟာက Game ထဲမှာ အင်အားအကြီးဆုံး Power တွေထဲက တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ပြိုင်ဖက်ကို အထိနာအောင်လုပ်နိုင်တာမို့ပါ။ ဒီ Skill ကို အကောင်းဆုံးဖြစ်အောင် တွန်းအားပေးပါ။ဒါပေမဲ့ သတိထားထားပါ။ Hayato နဲ့ တစ်ယောက်ချင်းမချပါနဲ့။ ဘာလို့လဲဆိုတော့ ဆာမူရိုင်းတွေက ဘယ်လောက်အဆိပ်ပြင်းလဲဆိုတာ ကျွန်တော့တို့သိရှိပြီးသာဖြစ်လို့ပါပဲ။

ဒါကတော့သူရဲ့ Bushido ကိုဘယ်လိုမြှင့်ရမလဲဆိုတာပါ။

Bushido အဆင့်တစ် : အမြင့်ဆုံး HP က10%လျော့ပြီဆို armor penetration ကို 7.5%တိုးပါ။ 

Bushido အဆင့်နှစ် : အမြင့်ဆုံး HP က10%လျော့ပြီဆို armor penetration ကို  
8%တိုးပါ။ 

Bushido အဆင့်သုံး : အမြင့်ဆုံး HP က10%လျော့ပြီဆို armor penetration ကို 8.5%တိုးပါ။ 

Bushido အဆင့်လေး : အမြင့်ဆုံး HP က10%လျော့ပြီဆို armor penetration ကို 9%တိုးပါ။ 

Bushido အဆင့်ငါး : အမြင့်ဆုံး HP က10%လျော့ပြီဆို armor penetration ကို 9.5%တိုးပါ။ 

Bushido အဆင့်ခြောက် : အမြင့်ဆုံး HP က10%လျော့ပြီဆို armor penetration ကို 10%တိုးပါ။ 

မှတ်ဉာဏ်အပိုင်းအစလေးတွေကို စုဆောင်းပြီး level မြှင့်ပါ။ ဒီကြောက်စရာကောင်းတဲ့ skill ပိုကောင်းအောင်လုပ်ဖို့ဆိုရင် သူ့ကိုအောက်ဖော်ပြပါ character တွေနဲ့တွဲပေးပါ။ 


Kelly : သူမရဲ့”Dash”စွမ်းအားကို Hayato နဲ့ပေါင်းလိုက်တဲ့အခါ ကစားသမားတွေကို Map ပေါ်မှာ ပိုမြန်ပိုသွက်လက် လှုပ်ရှားဖို့ပိုလွယ်ကူစေပါတယ်။


Laura : သူမရဲ့ Sniper Skill ကပြိုင်ဖက်ကို ပိုတိကျအောင်ချိန်တဲ့ အခါအဝေးကရန်သူတွေကို သတ်တဲ့အခါလိုအပ်လာပါလိမ့်မယ်။

 

Antonio : သူမရဲ့ “Gongster Spirit” က Game ရဲ့အစမှာ အသက်ပိုတစ်ခုပေးပါလိမ့်မယ်။ လူတိုင်းအသင်းမှာ Damage ပိုခံနိုင်တဲ့အသင်းသားကို လိုချင်ကြတာပဲ။

ဒုတိယပုံစံ- “Firebrand”

Hayato ရဲ့ ဒုတိယပုံစံဖြစ်တဲ့ “Firebrand” ကသူ့ကို”Art of Blades”လို့ခေါ်တဲ့ အရှေ့ပိုင်း Damage ကို Degree တစ်ခုထိ ကောင်းကောင်းကာကွယ်ပေးပါတယ်။ ကစားသမားတွေက ဒီ Version ကို “Awkening Mission”ကို ပြီးအောင်ဆော့ပြီး Unlock လုပ်နိုင်ပါတယ်။

မင်းတို့ ဒီဒဏ္ဍရီဆန်တဲ့ဆာမူရိုင်းကြီးကို ဘယ်လိုထင်လဲ။ Battle မှာ သုံးပြီးကြပြီလား။ Hayato နဲ့ ပက်သက်ပြီး မင်းတို့ရဲ့ထင်မြင်ချက်ကို ပြောပြပေးပါ။ ပြီးတော့ နောက် spotlight series ကျဘယ်လို hero သုံးရမလဲဆိုတာ ပြောပြပေးပါဦး။

Codashop မှာ မင်းတို့ရဲ့”Free Fire” အကောင့် ကို top up လုပ်ပါ။ ပိုလုံခြုံပြီးစိတ်ချရတဲ့ experience ပိုပေးနိုင်မယ်လို့ အာမခံပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here