MLBB စိန်ဝယ်ပြီး 11.11 မှာကံစမ်းလိုက်ပါ!

18
31507
11.11 MLBB Lucky Draw with MPT

MLBB စိန်တွေကို (၁၁)လပိုင်း၊ (၁၁)ရက်နေ့မှစတင်ကာ Codashop Myanmar မှာ MPT ဖုန်းဘေလ်နဲ့ ဝယ်ယူပြီး ဘောနပ်စိန်တွေကံထူးနိုင်မယ့် ပရိုမိုးရှင်းအစီအစဥ်ဖြစ်ပါတယ်။ 

📅 ပရိုမိုးရှင်းကာလ

နိုဝင်ဘာလ (၁၁)ရက်နေ့ မှ (၁၅)ရက်နေ့ အထိ

🎁 ဆုလက်ဆောင်

နေ့စဥ် ကံထူးသူ (၁၀) ယောက်ကို ရွေးချယ်ပြီး (၅,၀၀၀)ကျပ်ဖိုးနှင့် ညီမျှသော MLBB စိန်များ လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလ (၅)ရက် အတွင်း စုစုပေါင်း ကံထူးသူ အယောက် (၅၀) ရှိမည်ဖြစ်ပါသည်။ 

💡 ပရိုမိုးရှင်းအစီအစဥ်တွင်ပါဝင်ရန်
  1. အထက်ပါ ပရိုမိုးရှင်းကာလအတွင်း Codashop Myanmar တွင် MPT ဖုန်းဘေလ်ကို အသုံးပြုပြီး MLBB ဂိမ်းအတွက် လိုအပ်သလောက် စိန်များဝယ်ယူလိုက်ရုံပါပဲ။ အနည်းဆုံးဝယ်ယူရမည့် ပမာဏကို သတ်မှတ်ထားခြင်း မရှိပါ။ Codashop Myanmar တွင် MPT ဖုန်းဘေလ်ဖြင့် ဝယ်ယူခြင်းအတွက်သာ အကျုံးဝင်ပါသည်။ 
  2. အထက်ဖော်ပြပါ အချက်များအတိုင်း အောင်မြင်စွာဝယ်ယူခဲ့သော ဝယ်ယူမှု transaction တစ်ခုစီအတွက် ကံစမ်းခွင့်တစ်ကြိမ်ကို ရရှိနိုင်မည်ဖြစ်ပါသည်။
🔔 ဆုလက်ဆောင်ရရှိသူ စိစစ်ရွေးချယ်ခြင်းနှင့် ကြေညာခြင်း
  1. ကံစမ်းထားသူများထဲမှ ကံထူးရှင်များကို Codashop Myanmar မှ တာဝန်ရှိသူများက မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်သည်။ 
  2. ဝယ်ယူရာတွင် အသုံးပြုခဲ့သည့် in-game ID အကောင့်များနှင့်တကွ ကံထူးရှင်များကို  နိုဝင်ဘာလ (၁၉) ရက်နေ့တွင် Codashop Myanmar ၏ တရားဝင်ဖေ့ဘွတ်စာမျက်နှာ မှတဆင့် ကြေညာပေးသွားမည်ဖြစ်ပါသည်။
  3. ဆုလက်ဆောင်စိန်များကို ကံထူးရှင်ကြေညာပြီး တစ်ပတ်အတွင်း ကံထူးရှင်များ ဝယ်ယူခဲ့သော MLBB in-game အကောင့်သို့ တိုက်ရိုက်ထည့်ပေးသွားမည်ဖြစ်ပြီး ဆုလက်ဆောင်များကို ငွေသားဖြင့်ဖလှယ်ခြင်း၊ အခြားအမျိုးအစားဖြင့်ဖလှယ်ခြင်း၊ တစ်ဆင့်ခံပေးပို့ခြင်းများကို လက်ခံမည် မဟုတ်ပါ။ 

မှတ်ချက်။   ။လက်ခံရရှိမည့် စိန်ပမာဏမှာ အကောင့်အမျိုးအစားပေါ်မူတည်ပြီး ပြောင်းလဲမှုရှိနိုင်ပါသည်။ ဥပမာ non-Myanmar account ဖြစ်ပါက သတ်မှတ်ထားသော စိန်ပမာဏ အပြည့်မရခြင်းမျိုး ဖြစ်နိုင်ပါသည်။ အသေးစိတ်ကို ဒီမှာ ကြည့်နိုင်ပါသည်။

❗❗❗ စည်းမျဥ်းစည်းကမ်းများ
  1. ပရိုမိုးရှင်းအစီအစဉ်သည် မြန်မာနိုင်ငံသားများအတွက်သာ အကျုံးဝင်ပါသည်။
  2. အထူးသတိပြုရမည့်အချက်မှာ Codashop Myanmar နှင့်တကွ ငွေပေးချေမှု ဝန်ဆောင်မှုပေးသူများသည် လူပုဂ္ဂိုလ်အနေနဲ့ အသုံးပြုသူများထံသို့ တိုက်ရိုက် PIN ကုဒ် (သို့မဟုတ်) OTP နံပါတ်များကို မေးမြန်းခြင်း ပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးမှ PIN ကုဒ် (သို့မဟုတ်) OTP နံပါတ်များကို မေးမြန်းလာပါက ဖြေကြားခြင်းမပြုလုပ်ပါနှင့်။
  3. ယခုအစီအစဥ်တွင် ပါဝင်ထား‌သောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြားအ‌ကြောင်းအရာများကို Codashop Myanmar မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေးကြော်ငြာများ၊ အရောင်းမြှင့်တင်ရေး လုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ် မီဒီယာများမှတဆင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခြင်းများအတွက်ပါ အခွင့်အရေးပေးထားပြီးဖြစ်ပါသည်။
  4. ယခုအစီအစဉ်တွင် Codashop Myanmar နှင့် MPT မှ ဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။
  5. အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Codashop Myanmar မှ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
  6. ယခု အစီအစဉ် နှင့်ပက်သက်သော စည်းမျဉ်းသတ်မှတ်ချက်များကို Codashop Myanmar မှ လိုအပ်သလို အချိန်အရွေး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်ခွင့်ရှိပါသည်။
  7. ဝယ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက (သို့) အသေးစိတ်အချက်အလက်ကို ဆက်သွယ်မေးမြန်းလိုပါက Codashop Myanmar Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

များများဝယ်လေ ကံထူးနိုင်ချေများလေဆိုတော့ အခုပဲ MLBB ဂိမ်းအတွက် စိန်တွေကို Codashop မှာ MPT ဖုန်းဘေလ်နဲ့ ဝယ်ယူလိုက်တော့နော်… 

BUY APP & GAME VOUCHER ONLINE

18 COMMENTS

  1. 5000ဖို့ပဲ ကံစမ်းပေးမှာလား?
    အရမ်း များသွားလားလို့ပါ#

LEAVE A REPLY

Please enter your comment!
Please enter your name here