2020 မှာဝယ်သင့်တဲ့ အကောင်းဆုံး Hero မျာ

0
1017

ကဲ ဒီတစ်ခေါက်မှာတော့ MLBB ကစားသမားတွေအတွက် ကိုယ့်ကိုကိုယ်ပြန်မေးရမယ့် အချိန်တစ်ခုရောက်လာပြီနော်။ အဲဒါကတော့ နောက်ထပ်ကစားမယ့် ဘော်ဒါတို့ရဲ့   Hero က ဘယ်သူဖြစ်မလဲ ဆိုတာပါပဲ။ ဒီတော့ Codashop ဘက်ကနေ ၂၀၂၀ ခုနှစ်အတွက် MLBB ကစားသမားတွေ အတွက်သင့်တော်မယ့် အကောင်းဆုံး Hero ကဘာတွေဖြစ်မလည်းဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ 

Codashop ကနေ ကစားသမားတွေအတွက် ၂၀၂၀ မှာဝယ်သင့်တဲ့ Hero တွေကိုဖော်ပြပေးမှာဆိုတော့ ဒီစာကို ဖတ်ပြီးတာနဲ့ စိန်တွေ ၀ယ်ဖို့ အသင့်ပြင်ထားလိုက်ရအောင်။

  1. Granger 

ဒီ Hero ကတော့ Mobile Legends ထဲမှာ တစ်ခြားသော ရန်သူတွေကို တိုက်ခိုက်တဲ့ အချိန်မှာ အကြမ်းဆုံး အသတ်အဖြတ်ဆုံး Sleekest Shotters တွေထဲက Hero တစ်ကောင်ဖြစ်ပါတယ်။ ဒီ Musician Marksman ရဲ့   skill ကတော့ တော့ သူ့ရဲ့  ပြေပစ်တဲ့ ကိုယ်ဟန် လှုပ်ရှားမှုနဲ့ တိုက်ပွဲ အတွင်းမှာ လွတ်မြောက်အောင် ပြေးထွက် နိုင်တဲ့ နည်းဗျူ ဟာတွေကြောင့်ပဲ ဖြစ်ပါတယ်။ 

ဒါ့အပြင် ဒီ Hero ဟာ တစ်ဖက်ရန်သူ ရဲ့  Damage ကိုအမြင့်ဆုံးရောက်တဲ့အထိလည်း ပျက်စီးစေနိုင်ပါသေးတယ်။ ကျဉ် ၆ လုံးကို တစ်ပြိုင်တည်း ပစ်ခေတ်နိုင်ပြီး တစ်ဖက်ရန်သူကို အထိအခိုက် အများဆုံး တစ်ပြိုင်တည်းဖြစ်ပေါ် စေနိုင်ပါတယ်။

ဒီလို တိကျပြီး တိုက်ခိုက်နိုင်တဲ့ စွမ်းရည်တွေကြောင့် ဒီ Hero ဟာ လတိုင်းမှာ အမြဲတမ်းအကောင်းဆုံး Hero တစ်ကောင် အဖြစ်အမြဲတမ်းရွေးချယ်ခံရပါတယ်။ သူရဲ့ တယောကို သေနတ်အဖြစ်ပြောင်းလဲပြီး တိုက်ခိုက်တဲ့

ပုံစံသွင်ပြင်ဟာ MLBB ကစားသမားတွေ သဘောကျတဲ့ အမိုက်စားပုံစံ တစ်ခုလည်းဖြစ်ပါတယ်။

ဒါ နဲ့ ဒီ Hero ဟာ tone-deaf လို့ခေါ်တဲ့ အကြားအာရုံ ချို့ တဲ့ နေတယ်ဆိုတာကို ဘော်ဒါတို့ သိကြလား?

တိုက်ပွဲအတွင်းမှာ သူတယောထိုးတဲ့ အချိန် တစ်ခြားကိုတောင် အာရုံ မစိုက်နိုင်လောက်အောင် သူ့ရဲ့   တယောသံ

ကဆိုးဝါးလွန်းနေတာကို မြင်နိုင်ပါတယ်။ 

2.Diggie 

MLBB ဂိမ်းကစားတဲ့ အခါ ဂိမ်းပွဲပေါ်မှာ ကိုယ်ဘာလုပ်ချင်တာလည်းဆိုတဲ့ အဓိက ရည်ရွယ်ချက်ကိုကွဲကွဲပြားပြားသိထားဖို့

လိုပါတယ်။ ဆိုလိုရင်းကတော့ ကိုယ်က အသင်းဖော်တွေကို Support ပေးမှာလား ဒါမှမဟုတ် ရှေ့  တန်းကနေ ထွက်တိုက် ပေးမှာလား ဒါမှမဟုတ် နောက်တန်းကနေ တာဝါ တိုင်တွေကို ထိန်းပေးမှာလား ဆိုတာပဲ ဖြစ်ပါတယ်။

တစ်ကယ်လို့ အဓိကရည်ရွယ်ချက်က တစ်ဖက် ရန်သူအသင်းရဲ့  အချိတ်အဆက်မိမိတိုက်ပွဲမှာ လှုပ်ရှားသွားလာနေတာကို အနှောင့်အယှက်ပေးဖို့ဆိုရင်တော့ Diggie လို့ခေါ်တဲ့ Support Hero လေးကိုတိုက်ပွဲမှာအသုံးပြုပါ လို့ Codashop ကနေ အကြံပေးချင်ပါတယ်။ ပုံပန်းသဏ္ဍန် အရဆိုရင် Diggie ဟာ ချစ်စရာ Hero လေးတစ်ကောင် အဖြစ်သာရှိပြီး ကစားသမား အများစုရဲ့   အထင်ကြီးချင်းကို ခံရစရာမရှိပါဘူး။ 

ဒါပေမယ့် Diggie Hero ကို ကိုင်တွယ်ကစားဖူးသူတိုင်းကတော့ ဒီ Hero လေးရဲ့   Skill ကြမ်းပုံနဲ့  ဘာတွေစွမ်းဆောင်နိုင်လည်း ဆိုတာကိုသိလာပါလိမ့်မယ်။ ဒီ Hero လေးကို Epic Legend စတဲ့ အဆင့်တွေကနေ တက်ဖို့ ကြာပြီး လည်နေတဲ့ ဘော်ဒါတွေအနေနဲ့ အမြန် Rank တက်ချင်တယ်ဆိုရင်တော့ ကစားပွဲတွေမှာ ကိုင်တွယ်အသုံးပြုသင့် ပါတယ်။ သူ့ရဲ့ ပထမဆုံး Skill ကတော့ ဇီးကွက် ပုံသဏ္ဍန် ဗုံးလေးကို ပစ်လိုက်တာဖြစ်ပြီး အဲ့ဒီ ဗုံးက ၃ကြိမ်ထိ စုလို့ရပါတယ်။ ပြီးရင်တော့ ဗုံးက ရန်သူရှိတဲ့နေရာကိုသွားပြီး ပေါက်ကွဲကာ တစ်ဖက် ရန်သူရဲ့   Damage ကိုထိစေပါတယ်။ တစ်ကယ်လို့ ရန်သူက Diggie ဗုံးပစ်လိုက်တဲ့ နေရာမှာ မရှိဘူးဆိုရင်တော့ အဲ့ဒီ ဗုံးဟာ စက္ကန့် ၃၀ လောက်ကြာပြီးနောက်မှာ သူ့အလိုလိုပျောက်သွား ပါလိမ့်မယ်။ 

ဒုတိယ Skill ကတော့ ရန်သူလာတဲ့ အခါမှာ Lock ချပြီးဖမ်းလိုက်တာဖြစ်ပါတယ်။ Team ကိုကာကွယ်ဖို့ အတွက်ယာယီ ထိန်းချုပ် ပြီးဖမ်းလိုက်တဲ့အခါ ရန်သူက အဝေးကိုထွက်ပြေးသွားရင်တောင် မူလ ဖမ်းထားတဲ့နေရာကိုပြန်လည်ရောက်ရှိပြီး Magic Damage ကိုထိစေပါတယ်။ Diggie ဟာ Rank မှာအမြင့်ဆုံး Win Rate 55% နဲ့ ထိပ်ဆုံးမှာ ရှိတဲ့ Hero တစ်ကောင် လည်းဖြစ်ပါတယ်။ Ulti ကတော့ သုံးလိုက်တဲ့ အချိန်ခဏလေးမှာပဲ ကိုယ့်အသင်းကနေ တစ်ဖက်လူတွေရဲ့ Spell တွေကို Immune ထိစေမှာဖြစ်ပြီးတော့ အကာအကွယ်တစ်ခုဖြစ်ပေါ်စေပါတယ်။ 

Passive Skill ကတော့ ဥပေါက်ခါ စ အချိန် ဖြစ်တဲ့ သေတဲ့ အချိန်ကိုပြန်လည်ရောက်ရှိသွားမှာဖြစ်ပြီးတော့ ဥပုံစံ Skill တွေ ကိုလည်းရရှိမှာဖြစ်ပါတယ်။ဒီတော့ အကြံပေးချင်တာကတော့ Battle ဆိုင်တဲ့အချိန်မှာ Spell 1 ကိုအသုံးပြုသင့်ပါတယ်။

3.Khufra

    ဒီ Hero ကတော့အနောက်ပိုင်း သဲကန္တာရ Hero တစ်ကောင်ဖြစ်ပြီး စွမ်းအားကို အမြဲတမ်းဆာလောင် နေတဲ့ သူတစ်ယောက် လို့လည်းပြောနိုင်ပါတယ်။ Khufra ရဲ့   Crowd Contol စွမ်းအားဟာ မြင့်မားတာကြောင့် ဒီ Hero ဟာ Main Tank အဖြစ် ရွေးချယ်ဖို့ အတွက် အကောင်းဆုံး အချက်တစ်ချက်ဖြစ်ပါတယ်။

Khufra ရဲ့   ရန်သူကိုပိတ်ဆို့ နို်င်တဲ့ အစွမ်းဟာ တစ်ခြားသော Hero တွေဖြစ်တဲ့ Gusion, Fanny တို့လို တိုက်ပွဲမှာလျင်လျင် မြန်မြန် ကစားတတ်တဲ့ Hero တွေအတွက် အဟန့်အတားတစ်ခုဖြစ်စေပါတယ်။ Khufra ရဲ့  ဒုတိယ Skill ကတော့ အလုံးပုံစံကိုပြောင်းလိုက်ပြီး  ရန်သူ ကို Magical Damage ထိစေတာက Khufra ရဲ့  အစွမ်း ဖြစ်ပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာကတော့ Khufra ရဲ့  Spell ဟာ Esmeralda ရဲ့   Buff တွေကို Basic Attack မှာတင် စက္ကန့်တော်တော် များများထိခိုက်စေနိုငခြင်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။

  1. Lesley 

ဒီ Lesley Hero အကြောင်းပြောရမယ်ဆိုရင်တော့ Camouflage နဲ့ Knockback စွမ်းဆောင်နိုင်စွမ်း မပါပဲနဲ့ ဒီ Hero အကြောင်းကို အဓိပ္ပာယ်ဖွင့်လို့ ရနိုင်မှာမဟုတ်ပါဘူး။ ဒီ Marksman/assassin ကို သရဲတစ်ကောင်လို့ တင်စားခေါ်ဝေါ် ကြတဲ့ ဒီ Marksman ဟာ Vance မြို့  က ဖြစ်ပြီးတော့ ဘိုးဘွားအမွေ အနှစ်လို့ပြောရမယ့် Rifle သေနတ်ကို ကိုင်ဆောင် ထားတဲ့ အပြင် ရန်သူတွေကိုဖြိုခွင်းတဲ့နေရာမှာ ကြမ်းကြမ်းရမ်ရမ်းရှိတာကြောင့် အမိုက်စား Hero တစ်ကောင်လည်းဖြစ်ပါတယ်။ ဒီ Hero ကိုရွေးမယ်ဆိုရင်တော့ Long-range skills ရှိတာကြောင့် သင့်အတွက် အကျိုးများနိုင်ပါတယ်။

သူမရဲ့ Ulti Snipe ဟာရန်သူကိုပစ်မှတ် အတွင်းချုပ်ထိန်းနိုင်ပြီး သူမရဲ့ ကျည်ဆန် လေးချက်နဲ့ ပစ်လိုက်တာနဲ့ ရန်သူကိုသေစေနိုင်ပါတယ်။ Lesley တစ်ယောက် ရန်သူကိုပစ်မှတ်ထားတာနဲ့ သေဘေးကနေ လွတ်မြောက်ဖို့ အတွက် တစ်ခြား Hero တွေဆုတောင်းနေရပါလိမ့်မယ်။ သူမကြောင့် တစ်ချို့  ကစားပွဲဖြစ်တဲ့ Late Game တွေမှာ Savages လို့ ဟစ်ကြွေးနေနိုင်ပါလိမ့်မယ်။ Lesley ဟာ Top 5 ထဲမှာအမြဲတမ်းပါဝင်တဲ့ Hero တစ်ကောင်ဖြစ်တာကြောင့် Team တစ်ခုအတွက် သူမက အမြဲတမ်းတန်ဖိုး ရှိတာကိုတွေ့နိုင်ပါတယ်။ တိုက်ပွဲတွေတိုင်းအတွက် သူမရဲ့  Sniper ကတော့ အမြဲတမ်း အသင့်ဖြစ်နေပါတယ်။

5.Nana

ဒီလိုချစ်စရာကောင်းပြီးတော့ စွမ်းအားလည်းမြင့်တဲ့ Hero ကိုဘယ်နှစ်ယောက်များ မြင်ဖူးကြလည်း ဗျို့   ။ ဒီ Hero ဟာ Crowd Control ကိုကောင်းကောင်းစွမ်းဆောင်နိုင်တဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ ဒီ Hero သာ ရန်သူဘက်က ပါမယ်ဆိုရင် တော့ တော်တော်ကိုသတိထားရပါလိမ့်မယ်။ NaNa ရဲ့   Spell တွေမှာ Stunn/Slow တွေအကုန်လုံးကို       ပေါင်းပေးထားတဲ့အတွက် Spell တွေကိုအချိန်မှန်မှန်သုံးတတ်မယ်ဆိုရင် Enemy တွေရဲ့  Carry ကို ဒုက္ခပေးနိုင်ပါတယ်။ 

Mage/Support တစ်ယောက်အနေနဲ့ Nana ဟာလှပပြီး ကိုင်တွယ်ရလွယ်ကူတာကြောင့် MLBB ကစားတဲ့ သူတွေအတွက်အဆင်ပြေစေပါတယ်။ ဒါ့အပြင် NaNa ဟာ ပွဲတိုင်းမှာ မကြာခဏ ဆော့ကစားဖို့ရွေးချယ်ခဲရတဲ့ Hero တစ်ကောင်လည်းဖြစ်ပါတယ်။ သူမရဲ့   အသစ်ထွက်တဲ့ Mecha Baby Skin ကလည်း သူမရဲ့ ပုံပန်းသဏ္ဍန်သွင်ပြင်ကို ပိုမိုဖော်ဆောင်စေပါတယ်။ ဒါနဲ့  NaNa ကို 6500 BPS ရှိရုံနဲ့ ပိုင်ဆိုင်နိုင်တာကြောင့်ဈေးနှုန်းသက်သာတယ်လို့ ခေါ်ဆိုနိုင် ပါတယ်။

6.X-Borg

 X-Borg Hero ဟာ ဆယ်ကျော်သက်အရွယ် ဖိုက်တာတစ်ကောင် ဖြစ်ပြီးတော့ Rank တင်မယ့်ပွဲတော်တော်များများမှာ ကစားသမားတွေရွေးချယ်ကြတဲ့ Hero တစ်ကောင်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Hero ဟာ ၂၀၂၀ ရဲ့   First Quarter မှာ အကောင်းဆုံး Regen နဲ့ Burst Damage ကိုပိုင်ဆိုင်ထားပါတယ်။ 

X.Borg ဟာသူကိုယ်တိုင်ပြုလုပ်ထားတဲ့ Firaga Armor ကိုဝတ်ဆင်ထားပြီး တစ်ဖက်ရန်သူရဲ့   Damage ကိုစုတ်ယူနိုင်တဲ့ အစွမ်းရှိပါတယ်။ Armor ကနေ HP ကုန်သွားတယ်ဆိုရင်တော့ X.Borg ဟာ Joysticl အတိုင်း လှိမ့်ပြီး Armor ကနေထွက် ကာ သူ့အတွက်သူပြန်လည်ပြင်ဆင်ပါတယ်။ဒီ Armor ဟာ Xborg ရဲ့  အပို HP ဖြစ်ပြီးတော့ ဒီစွမ်းရည်ကို စွမ်းအားပြန် ဖြည့်သွင်းနေတဲ့အချိန် ၃၀% အထိပြန်လည်သိမ်းစည်းနိုင်ပါတယ်။ ဒါကအထင်ကြီးစရာကောင်းတဲ့ လုံလောက်မှု မဟုတ်ပေမယ့် X-Borg ဟာ Firaga အတွက်လိုအပ်တဲ့ အထောက်အပံ့တွေကို ရန်သူတွေနဲ့ တောထဲမှာရှိတဲ့ အကောင်တွေ ဆီကနေရယူပြီး သူ့ကိုယ်သူပြန်လည်ကုသဖို့နဲ့ သူ့ရဲ့ Armor ပြန်လည်တည်ဆောက်ဖို့ အတွက်ပါ အသုံးပြုလေ့ရှိပါတယ်။X.Borg ရဲ့   ပထမဆုံး Skill ကတော့ မီးသေနတ်နဲ့ သတ်မှတ်ထားတဲ့ နေရာကိုပစ်လိုက်တာနဲ့ အချိန် ကြာလာတဲ့အခါ ရန်သူကို Physical Damage ထိစေမှာဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့အပူချိန်ကိုကျော်လွန်သွားတာနဲ့ ရန်သူတွေဟာ True Damage ထိပြီးနှေးသွားမှာဖြစ်ပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here