Free Fire မှာ Ronaldo ရဲ့ Chrono အတွက် အကောင်းဆုံး Character Combo နဲ့ ထိပ်ဆုံးကို တက်လိုက်ရအောင်

0
83

Character_Chrono

၂၀၂၀ ခုနှစ်ကြီးက အရမ်းကို ခက်ခဲ ကြမ်းတမ်းခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးသမား Ronaldo က သင့်ရဲ့ မကောင်းတဲ့ နေ့ရက်တွေကနေ ကယ်တင်ပါလိမ့်မယ်။ သူက နေ့ဘက်မှာ ဂျူဗင်တပ်စ် အနေနဲ့ ကစားပြီး  ညဘက်မှာတော့ Free Fire ကမ္ဘာကြီးကို ကယ်တင်မယ့် Galaxy-Crossing Bounty Hunter (မုဆိုး) တစ်ဦးဖြစ်ပါတယ်။  ဒီပိုစ့်မှာတော့ စူပါစတား ကိုယ်တိုင် ပြုလုပ်ထားတဲ့ Chrono အမည်ရှိတဲ့ ကစားနိုင်သော Character အသစ် အကြောင်းကို ဖတ်ရှုလိုက်ရအောင်နော်။ 

နောက်ခံ ရာဇာ၀င်

Chrono က Free Fire x CR7 Collaboration အတွက် အဓိက ဇာတ်ကောင်ဘဲ ဖြစ်ပါတယ်။ ဂိမ်းရဲ့ နောက်ဆုံး Global Ambassador တစ်‌ယောက်အနေနဲ့ Fan တွေကို အလွန်စိတ်လှုပ်ရှားစွာကောင်းတဲ့ Gaming Experience ကို ဘောလုံးကစားသမား စူပါစတား ကို အ‌ခြေခံထားတဲ့ Character အသစ်နဲ့ ပေးတွေ့လိုက်ပါတယ်။ 

အခြား ကမ္ဘာမှ Bounty Hunter တစ်ယောက် အနေနဲ့ Chrono က ကမ္ဘာသားတွေထက်စာရင် နည်းပညာပိုမိုတတ်ကြွမ်းပါတယ်။ သူက အမိုက်စား ၀တ်ဆုံတွေနဲ့ သေနက်တွေ ၊ Mecha နဲ့ တူတဲ့ ၀တ်ဆုံတွေ အပြင် ကမ္ဘာအပြင်ဘက်က ကားတွေကို ပါသူကို တက်ဆင်ပေးထားတာပါ။ Operation Chrono အတွက် Character ဖွင့်ပွဲတုန်းက  Chrono က အနာဂတ် မှာ dystopian စကြဝဏ္ဏာ အဖြစ် ပြောင်းသွားခဲ့သော Free Fire ကမ္ဘာကြီး  ပိုမိုဆိုးရွားလာမှုကို တားဆီးဖို့ ကြိုးစားလိမ့်မယ်လို့ ဖော်ပြထားတာကို သတိပြုပါ။ 

Hero Skills

Chrono က ဂိမ်းထဲမှာ အထူးခြားဆုံး Character တစ်‌ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အထူးရှင်သန်နိုင်စွမ်းကို ‘Time Turner’ လို့ ခေါ်ပါတယ်။ Chrono က ရန်သူတွေဆီနေ Base Level မှာရှိတဲ့ 600 Damage ကိုပိတ်ဆို့တဲ့ force field တစ်ခုကို ဖန်တီးပေးပါတယ်။ ပြီးရင် force field ထဲရောက်တာနဲ့ သင့်ရဲ့ ရန်သူတွေကို ပစ်လို့ ရပါသေးတယ်။ Skill ကို Activate လုပ်နေစဉ်မှာ သူရဲ့ လှုပ်ရှားမှုအမြန်နှုန်းက ၁၅% အထိတိုးလာပြီး Force Filed ထဲမှာရှိတဲ့ အသင်းဖော်တွေကို ၁၀ စက္ကန့်တွင် လှုပ်ရှားမှုနှုန်း ၁၀% တိုး မြှင့်ပေးပါတယ်။ သူမှာ Cooldown Effect ၅၀ စက္ကန့်ပါတယ်။

အမြှင့်ဆုံး Skill Level ကိုရောက်တာနဲ့ သူရဲ့ လှုပ်ရှားမှုအမြန်နှုန်းက ၃၀% ထိ တိုးနိုင်ပြီး အသင်းဖော်တွေက ၁၅% ထိ တိုးနိုင်ပါတယ်။ ဒါတွေအားလုံး က ၁၅ စက္ကန့်ထိကြာမြှင့်နိုင်ပြီး Cooldown Effect က ၄၀ စက္ကန့်ကြာမြှင့်နိုင်ပါတယ်။ 

Chrono နဲ့ အဖွဲ့ ဖွဲ့နိုင်တဲ့ အကောင်းဆုံး အကောင်များ

Chrono နဲ့ တွဲနိုင်တဲ့ Character တွေကတော့ Jai, Laura နဲ့ Dasha နဲ့ တွဲကြည့်ဖို့ ကျွန်တော်တို့ အကြံပြုချင်ပါတယ်။ Firefight ဖြစ်နေစဥ် Jai ရဲ့ Raging Reload (Kill တိုင်း အမြှင့်ဆုံး ကျဥ်ကတ်ရဲ့ အလိုလျောက် ကျဥ်ဖြည့် နှုန်း ၃၀% မြှင့်စေပါတယ်) က Chrono ရဲ့ Force Field ကို ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။ Chrono ရဲ့ ကာကွယ်မှု ကြောင့် Laura ရဲ့ Sharp Shooter ရဲ့ တိကျမှန်ကန်မှုကို ပိုမိုကောင်းမွန်အောင်လုပ်ပေးပါတယ်။ Dasha ရဲ့ Skill ကြောင့် အဖွဲ့ရဲ့ Recoil Effect ကို လျော့နည်းစေပါတယ်။ 

Chrono ရဲ့ ဆန်းသစ်တဲ့ Skills တွေကြောင့် သူရောက်ရှိလာတာဟာ အလွန်ကောင်းမွန်ပါတယ်။ သူက အလွန် အစွမ်းရှိဆုံး Character တစ်ယောက်ဖြစ်ပြီး တိုက်ပွဲမှာ တစ်ခြားသူတွေထက် သူ့ရဲ့ Force Field နဲ့ အဖွဲ့၀င်တွေရဲ့ Effect တွေကြောင့် အားသာပါတယ်။ 

သင့်ရဲ့ အကြိုက်ဆုံး Hero အတွဲတွေက ဘာတွေလဲ? ကျွန်တော်တို့ကို ပြောပြပါအုန်းနော်။ သင့်ရဲ့ Free Fire အကောင့်ကို Codashop နဲ့ ဘဲ ‌ငွေဖြည့်ဖို့ မမေ့ပါနဲ့မနော်။ ရွေးချယ်စရာ ငွေပေးချေမှုစနစ်များစွာနဲ့ ပိုမိုကောင်းမွန် မြန်ဆန်တဲ့ ငွေဖြည့်မှုကို ရရှိဖို့ အာမခံပါတယ်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here