Blitz ဖက်ကိုပြန်လှည့်ကြမယ်: Wild Rift Blitzcrank အကြောင်းအသေးစိတ်လမ်းညွှန်

0
250

Blitzcrank Guide

Blitzcrank က Wild Rift မှာ အကောင်းဆုံး Tank / Support လို့ပြောရင် ဘယ်သူမှ ငြင်းမှာမဟုတ်ပါဘူး။ သူ့ကို  ပုံမှန်အားဖြင့် Baron Lane မှာကစားလေ့ရှိပြီး Blitzcrank ရဲ့ Initiation Ability ခပ်မြှင့်မြှင့်နဲ့ Hook က သိပ်ကိုစိတ်ချရပါတယ်။ သူက Crowd Control အလွန်ကောင်းပြီး အဖွဲ့အတွက် အလွန်ကောင်းတဲ့ အထောက်အပံ့ဘဲဖြစ်ပါတယ်။ 

ဒီ Great Steam Golem က Tower တွေက Damage ကိုတောင် ခံနိုင်ပြီး ရန်သူတွေစီကို တည့်တည့်မတ်မတ်သွားပြီး မထင်မှတ်ဘဲ ချိတ်(Hook)ကြီးနဲ့ Damage အပြင်းအထန်လုပ်နိုင်ပါတယ်။ Wild Rift ကို အခုမှစကစားတဲ့သူတွေက ဒီ Champion ကို မြန်မြန်ဆန်ဆန်အလွယ်တကူသုံးတတ်ပါတယ်။ ဒီ လမ်းညွှန်မှာ Blitzcrank ရဲ့ သိသင့်တဲ့ အကြောင်းလေးတွေ ဖတ်ကြည့်ရအောင်နော်။ 

League of Legends: Wild Rift Blitzcrank သုံးသပ်ချက်

Blitzcrank

Blitzcrank ကတော့ ကြီးမားတဲ့ Steam Golem ကြီးဖြစ်ပြီး သူ့စွမ်းအားတွေက သူများတွေကို ကာကွယ်ဖို့ အသုံးပြုပါတယ်။ သူက Tank/Support Champion ဖြစ်ပြီး သူ့ကို ရရှိဖို့  (5,500) Blue Motes သို့မဟုတ် (725) Wild Cores လိုအပ်ပါတယ်။ 

ခက်ခဲမှုညွှန်းကိန်း(Difficulty): Low 

Wild Rift Blitzcrank Abilities

Passive – Mana Barrier

Blitzcrank ရဲ့ Health က ၃၅% အောက်ကျသွားတာနဲ့ ၁၀ စက္ကန့် ကြာအောင် ၉၀ Damage (30% Mana) ကို ထိန်းပေးတဲ့ Shield ရအောင်လုပ်ပေးပါတယ်။

Cooldown: 50 seconds

Skill 1 – Rocket Grab

Blitzcrank သူ့ရဲ့ ညာလက်နဲ့ ပြစ်ပြီး Magic Damage ၈၀ ( ၈၀ + ၈၀ Magic Damage) ပေးပြီး ရန်သူကို သူ့စီကို ဆွဲပါတယ်။ 

Cooldown: 20 seconds
Mana: 100

Skill 2 – Overdrive

Blitzcrank က ၄ မိနစ်ကြာ ၇၀ ရာခိုင်နှုန်း Decaying Movement Speed ရပြီး ၃၀ ရာခိုင်နှုန်း Attack Speed ရပါတယ်။  Overdrive ပြီးတာနဲ့ ၁ စက္ကန့်အကြာ Blitzcrank က ၃၀ ရာခိုင်နှုန်း နှေးသွားပါတယ်။ 

Cooldown: 12 seconds
Mana: 75

Skill 3 – Power Fist

Blitzcrank က သူ့ နောက်တိုက်ခိုက်မှုကို အားပြင်းအောင် ၁၀၅ Physical Damage (၁၈၀ ရာခိုင်နှုန်း Attack Damage ) နဲ့ သူ့ရန်သူကို ကြမ်းကြမ်းတန်းတန်းတိုက်ခိုက်ပါတယ်။ 

Cooldown: 10 seconds
Mana: 75

Ultimate – Static Field

Passive: Static Field က Cooldown မှာ မရရှိချိန်မှာ တိုက်ခိုက်မှုက ၄၀ Magic Damage ( ၄၀​+ ၁၅ ရာခိုင်နှုန်း Magic Damage) ရန်သူကို ပေးပါတယ်။

Active: အနီးမှာရှိတဲ့ ရန်သူတွေကို  ၂၀၀ Magic Damage (၂၀၀ + ၈၀ ရာခိုင်နှုန်း Magic Damage) ပေးပြီး သူတို့ကို ၁ မိနစ် ကြာအောင် တိတ်ဆိတ်အောင်လုပ်နိုင်ပါတယ်။ 

Cooldown: 60 seconds
Mana: 100

Wild Rift Blitzcrank အကောင်းဆုံး Runes

Blitzcrank Keystone

Blitzcrank ကို Battle မှာ ပိုကြမ်း ပိုသန်မာအောင် ဒီ Rune Setup ကို သင်အသုံးပြုနိုင်ပါတယ်။ Blitzcrank ကို ပိုကောင်းပြီး ပိုသန်မာအောင် နဲ့ ဒီ Champion ကို တိုက်ပွဲမှာ ပိုကြာကြာခံနိုင်အောင် ကူညီပါလိမ့်မယ်။ ပြီးတော့ သူ့ကို​ ဂိမ်းရဲ့ နောက်ပိုင်းအချိန်မှာ ပိုကောင်းအောင်လုပ်နိုင်ဖို့ ကူညီပါလိမ့်မယ်။ 

Keystone

Aftershock: ချိတ်တစ်ခုတိုင်းမှာ ခုခံမှု နှင့် Damage ကို ရနိုင်ပါတယ်! Blitzcrank က သူ့ ချိတ်နဲ့ ရန်သူကို ချိတ်ပြီး ရန်သူ Champion ကို မလှုပ်နိုင်အောင်လုပ်ပါတယ်။  သူက ကာကွယ်ရေးကို ရပြီး Damage ကို ခံနိုင်ပါတယ်။ 

Domination

Weakness: Blitzcrank က သူ့ရန်သူတွေကို ချိတ်နဲ့ချိတ်ပြီး မလှုပ်နိုင်အောင်လုပ်ပါတယ်။ တစ်ချိန်ထဲမှာဘဲ သူ့ရဲ့ အဖွဲ့ နဲ့ သူ့ Damage တွေကို ရယူပါတယ်။ ရန်သူတစ်ယောက်ကိုဆွဲမိတာနဲ့ အဲဒီရန်သူရဲ့ ဇာတ်သိမ်းခမ်းပါဘဲ။ 

Resolve

Loyalty: Blitzcrank က သူ့အဖွဲ့သားတွေအနားမှာရှိနေရင် အကောင်းဆုံးစွမ်းဆောင်နိုင်တာက သူ့ရဲ့ အကောင်းဆုံး Support ပါဘဲ။ ဒီ Rune က Blitzcrank နဲ့ သူ့အရင်းနှီးဆုံး အဖွဲ့၀င်ရဲ့ ဘောနစ်အဖြစ် AR နဲ့ MR ကို ပေးပါတယ်။ 

Inspiration

Pack Hunter: Blitzcrank က Support တစ်ယောက်အနေနဲ့ ကစားပြီး ဒီ Rune က အဖွဲ့၀င်အနားမှာ ချိတ်ချိတ်မိရင် သူ့အတွက် အကောင်းဆုံးပါ။ သူ့ကို လှုပ်ရှားမှုနှုန်း ပိုပေးပါတယ်။

Wild Rift Blitzcrank အကောင်းဆုံး Spells

Flash

Flash: ဒီ Spell က Blitzcrank ကို အမြန်ရှေ့ကို တိုးနိုင်အောင်နဲ့ ဘာမှမသိတဲ့ ရန်သူပေါ်ကို​ ဒုံးပျံတစ်ခုလို ရယူနိုင်ပါတယ်။ 

Ignite

Ignite: Blitzcrank က ဒီ​ Rune ကို အသုံးပြုပြီး Damage အပိုပေးနိုင်ပါတယ်။ သူ့ချိတ်ကိုချိတ်မိတာနဲ့ Ignite ကို သုံးပြီး ရန်သူကို အပြီးသတ်နိုင်ပါတယ်။ 

Wild Rift Blitzcrank Item Build

Wild Rift Blitzcrank Item Build

Why You Should Play Wild Rift Blitzcrank

Blitzcrank က  Wild Rift မှာ အကောင်းဆုံး Support Champion တွေထဲကတစ်ယောက်ပါဘဲ။ သူက သူ့အဖွဲ့၀င်တွေကို Support ပေးပြီး ဂိမ်းရဲ့ Tempo ကိုမြှင့်အောင်လုပ်ပေးပါတယ်။ သူက Support လုပ်တာဘဲကောင်းတာမဟုတ်ဘဲ Damage တွေကိုလည်းခံနိုင်ပါတယ်။ အကောင်းဆုံးကတော့ Blitzcrank က အခုမှစကစားတဲ့သူတွေအတွက် သုံးရလွယ်လို့ လူတိုင်းအတွက် အဆင်ပြေစေပါတယ်။ 

အားသာချက် :

  • သူ့အဖွဲ့၀င်တွေအတွက်  အဆင်ပြေပါတယ်။ 
  • Snowballs တွေ ခံနိုင်ပါတယ်။ 
  • Support Tank တစ်ယောက်အနေနဲ့ Burst Damage ကို လည်းပေးနိုင်ပါတယ်။ 
  • Lane မှာ အနိုင်ကျင့်သူတစ်ဦးပေါ့။
  • သူ့ရဲ့ အသုံး၀င်ပုံတွေက စိတ်ချရပါတယ်။ 

အားနည်းချက် :

  • သိပ်လှုပ်ရှားလို့မရတာကတော့ အခက်အခဲတစ်ခုဖြစ်မှာပါ။ 
  • သူ့ Rocket Grab ကို အရမ်းအားကိုးရလွန်းပါတယ်။ 
  • Poke Damage မရှိပါဘူး။ 
  • Blitzcrank က သူအဖွဲ့ကို အရမ်းအားကိုးလွန်းပါတယ်။ အထူးသဖြင့် ရန်သူတွေကို ချိတ်နဲ့ရယူပြီးတာနဲ့ အပြတ်ရှင်းဖို့သူ့အဖွဲ့ဝင်ကိုစောင့်ရတာပါ။ 

Wildcores တွေကို Codashop မှာ ဖြည့်ဖို့မမေ့နဲ့နော်။ ပိုမိုစိတ်ချမြန်ဆန်ပြီး အဆင်ပြေစွာငွေဖြည့်နိုင်ဖို့ အာမခံတဲ့အတွက် ဂိမ်းကိုအကောင်းဆုံးကစားနိုင်မှာပါ။ 

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here