Mobile Legends ကစားတဲ့ ဘော်ဒါတို့ရေ ဂိမ်းထဲမှာ စိန်တွေကို ၀ယ်မယ်ဆိုရင်တော့ ပါးစပ်ကနေ ၁ ၊ ၂၊ ၃ အော်တာထက်တောင် ပိုမြန်ပြီး လွယ်ကူတဲ့နည်းလမ်းရှိတယ်နော်။ ဒါ့အပြင် နောက်ထပ် သတင်းကောင်းကတော့ ၀ယ်ယူတဲ့ အခါမှာ ခရက်ဒစ်ကဒ် ( credit card ) အသုံးပြုစရာမလို တဲ့အပြင် စာရင်းသွင်းစရာလည်းမလိုပါဘူး။
စိန်ဝယ်ယူတဲ့အခါ ရွေးချယ်စရာ နည်းလမ်းတွေ အများကြီးရှိတာကြောင့် သူငယ်ချင်းတို့အနေနဲ့ ၀ယ်ယူမယ်ဆိုရင် (MPT,Ooredoo,Mytel,Telenor,easyPoints,WaveMoney) တို့ကိုအသုံးပြုပြီးတော့လည်းဝယ်ယူနိုင်ပါတယ်။ ဒါကတော့ Codashop ကနေစိန်ဝယ်ယူမယ်ဆိုရင် အဆင်အပြေဆုံးဝယ်ယူနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။
ဒီတော့ဘယ်လိုဝယ်ယူရမလည်းဆိုတာကိုအလွယ်ဆုံး ဖြစ်အောင်Codashop ကနေ ဖော်ပြပေးထားပါတယ်။
(၁) ပထမဆုံး Codahshop Website ကိုအရင်သွားပါ။ ပြီးတဲ့ အခါမှာ Mobile Legends ကိုရှာပြီး ရွေးပါ။
(၂) မိမိဝယ်ချင်တဲ့ Mobile Legends အကောင့် ID ကိုထည့်သွင်းပါ။
(၃) မိမိ ၀ယ်ယူချင်တဲ့ ဂိမ်းအတွက် စိန် ပမာဏကိုရွေးချယ်ပါ။
(၄) လိုအပ်တဲ့ စိန်ပမာဏ ကိုရွေးချယ်ပြီးပြီဆိုရင်တော့ ငွေပေးချေနိုင်ဖို့အတွက်နည်းလမ်းရွေးပေးပါ။ ( ဥပမာ – MPT ကိုင်ဆောင်ထားတဲ့သူဆိုရင် MPT ကိုရွေးချယ်ပြီးငွေပေးချေမှုအတွက် အသုံးပြုနိုင်ပါတယ်။
(၅) ငွေပေးချေမှု အတွက် နည်းလမ်းကိုရွေးချယ်ပြီးသွားပြီဆိုရင်တော့ “ Buy Now” ကိုနှိပ်ပြီးဝယ်ယူနိုင်ပါတယ်။
(၆) ၀ယ်ယူမှုကိုပြီးမြောက်စေဖို့အတွက် သင့်ရဲ့ Email လိပ်စာနဲ့ လိုအပ်တဲ့အချက်အလက်တွေကို ထည့်သွင်းပြီးသွား ရင်တော့ အားလုံးပြည့်စုံသွားပြီဖြစ်ပါတယ်။
ဒီလိုပြီးဆုံးသွားရင်တော့ သင့်ရဲ့ ဂိမ်းအကောင့်ထဲကို စိန်တွေရောက်ရှိလာမှာဖြစ်ပြီး အလွယ်တကူ ပျော်ရွှင်စွာနဲ့လိုအပ်တာတွေ ၀ယ်ယူရင်း ဂိမ်းကစားနိုင်ပါတယ်။ Mobile Legends အတွက်တင်သာမကပဲ တခြားသော ဂိမ်းများအတွက်ပါ ၀ယ်ယူနိုင်တာကြောင့် အဆင်ပြေစေပါတယ်။ ဒီလိုနည်းအတိုင်းပဲ Mobile Legends ရဲ့ Starlight Member နဲ့ Twilight Pass တွေကိုပါဝယ်ယူနိုင်ပါ
တယ်။